ယူကရိန်းနှင့်ပတ်သက်သည့် ဘိုင်ဒင်၏ အမှားများ

ယူကရိန်းနှင့်ပတ်သက်သည့် ဘိုင်ဒင်၏ အမှားများ
၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်က ဂျပန် နိုင်ငံ ဟီရိုရှီးမားတွင် ကျင်းပသည့် ွရ ထိပ်သီး အစည်းအဝေး၌ အမေရိကန်သမ္မတ ဂျိုးဘိုင် ဒင်နှင့် ယူကရိန်းသမ္မတ  ဗိုလိုဒီမာ ဇယ်လန်း စကီးတို့ တွေ့ဆုံစဉ် - Photo Reuters
၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်က ဂျပန် နိုင်ငံ ဟီရိုရှီးမားတွင် ကျင်းပသည့် ွရ ထိပ်သီး အစည်းအဝေး၌ အမေရိကန်သမ္မတ ဂျိုးဘိုင် ဒင်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်း စကီးတို့ တွေ့ဆုံစဉ် - Photo Reuters
Published 3 June 2023
နရီမင်း

ယူကရိန်းပဋိပက္ခတွင် အမေရိကန်၏ မှားယွင်းသော တွက်ချက်မှုများသည် ကမ္ဘာ အတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ် လာစေနိုင်သည်။

ယခင်နှစ် ယူကရိန်းကို ရုရှားက လုံးလုံး လျားလျား ကျူးကျော်ဝင်ရောက်ပြီးကတည်း က ရုရှားသမ္မတ ဗလာဒီမာပူတင်၏ မှားယွင်း သော တွက်ချက်မှုများနှင့်ပတ်သက် ၍ ပြော ဆိုမှုများ အများအပြား ရှိခဲ့သည်။ ရုရှားစစ် တပ်၏ စွမ်းရည်ကို လွန်ကဲစွာ တွက်ဆခြင်း၊ ယူကရိန်း၏ ခုခံနိုင်စွမ်းကို လျှော့တွက်ခြင်း နှင့် နေတိုး၏ စည်းလုံးညီညွတ်မှုနှင့် အမေရိ ကန်၏ မဟာဗျူဟာဆုံးဖြတ်ချက်ကို လွဲမှား စွာ တွက်ချက်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ပူတင် ကို ဝေဖန်ခဲ့ကြသည်။

သို့သော် ရုရှားသမ္မတသည် ယူကရိန်း နှင့် ၎င်းင်းပြင်ပတွင် ဆိုးရွားသော အကျိုးဆက် များ ဖြစ်ပေါ်စေခဲ့မှုအတွက် စီရင်ချက်ချသည့် တစ်ဦးတည်းသောသူ မဟုတ်ပါ။

စစ်ပွဲသည် မြင်နိုင်စွမ်းအရ အဆုံးမရှိ အောင် ဆက်လက်ရွေ့လျားနေသကဲ့သို့ ယူ ကရိန်း၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ၎င်းင်း၏ အနောက်မဟာမိတ်များ၏ အတွက်အ ချက် မှားယွင်းမှုများကိုလည်း ကိုင်တွယ်ရန် အရေးကြီးပါသည်။ ယင်းတို့က ရုရှားနိုင်ငံ သက်သက်၏ ကျရှုံးမှုများကို ထင်ဟပ်ပြရုံသာ မက ခေါင်းဆောင်နှစ်ဦးစလုံးသည် ရာဇမာန် နှင့်ပတ်သက်သော သင်ခန်းစာများကို သင် ယူနိုင်စွမ်း မရှိကြောင်း သက်သေပြခဲ့ကြ သည်။

အစကတည်းက ဘိုင်ဒင်သည် ယူကရိန်း ပဋိပက္ခကို ဒီမိုကရေစီနှင့် သက်ဦးဆံပိုင် အုပ် ချုပ်ရေးအကြား၊ နိုင်ငံတကာဥပဒေနှင့် နိုင်ငံ တော်အချုပ်အခြာအာဏာကို လေးစားမှုနှင့် ရုရှား၏ရန်လိုမှုအန္တရာယ်အကြား ကမ္ဘာလုံး ဆိုင်ရာကိစ္စတစ်ခုအဖြစ် ယူကရိန်းပဋိပက္ခကို ဘောင်ခတ်ကာ ကိုယ်ကျင့်တရားဆိုင်ရာအရ မြင့်မားသော အခြေခံကို ရယူခဲ့သည်။ သို့တိုင် သူသည် ခရူးဆိတ်စစ်ပွဲတွင် ပါဝင်ရန် ကမ္ဘာ့ အာဏာရှင်များကို တောင်းဆိုခဲ့ပြီး အမေရိ ကန်၏ တရားမဝင် စစ်ပွဲများကို လျစ်လျူရှု ခဲ့သည်။

သူသည် ရုရှားအမျိုးသားရေးဝါဒ၏ စွမ်းအားကို လျှော့တွက်ကာ မော်စကို၏ နယ် နိမိတ်များဆီသို့ နေတိုးချဲ့ထွင်မှုကို ကြောက် ရွံ့နေခြင်းကို ရုရှားနယ်ချဲ့ဝါဒအတွက် အခြေ အမြစ် မရှိသော အကြောင်းပြချက်များအဖြစ် ပယ်ချခဲ့သည်။

စစ်ပွဲကို ဦးတည်နေသော လများအတွင်း ဘိုင်ဒင်သည် ဒွန်ဘက်ဒေသတွင်ပဋိပက္ခ အဆုံးသတ်ရန် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော မင့်စ်က် သဘော တူညီချက်များကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများကို အလေးမထားခဲ့ပေ။ ယင်း တို့သည် ယူကရိန်းအရှေ့ပိုင်းတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ရုရှားနယ်မြေနှစ်ခုကို ဖန်တီး ရန်နှင့် နိုင်ငံအတွင်း ရုရှားဝင်ရောက်စွက် ဖက်မှု ကျယ်ပြန့်လာခြင်းကို တားဆီးရန် လမ်း ခင်းပေးရေးအတွက် ရည်ရွယ်ခဲ့သည်။

မင့်စ်က် သဘောတူညီချက်များကို ယူက ရိန်းနှင့် ရုရှားနှစ်နိုင်ငံစလုံးက လက်မှတ်ရေး ထိုးခဲ့ကြသော်လည်း အဆိုပါသဘော တူညီ ချက်များကို နိဂုံးချုပ်ရန်နှင့် ပြန်လည်ပြင် ဆင်ရန် ကူညီပေးခဲ့သော ပြင်သစ်နှင့် ဂျာမနီ တို့က ၎င်းင်းတို့ကို အကောင်အထည်ဖော်မှု အတွက် လုံလောက်သော တွန်းအားပေးရန် ပျက်ကွက်ခဲ့သည်။ ဆိုးရွားလှသော ဥရောပ စစ်ပွဲမှ ဆုံးရှုံးစရာများစွာ ရှိသော်လည်း ဥရောပအင်အားကြီးနိုင်ငံများသည် အရှိန် မြင့်လာမှုကို ရပ်တန့်ရန် အနည်းငယ်မျှသာ လုပ်ဆောင်ခဲ့ကြသည်။

ဘိုင်ဒင်သည် ရုရှား၏ စစ်ရေးခံနိုင်ရည် ကိုလည်း လျှော့တွက်ကာ အာဖဂန်နစ္စတန် သည် ဆိုဗီယက်ယူနီယံကို အမေရိကန် အကူ အညီဖြင့် အနိုင်ယူခဲ့သကဲ့သို့ ယူကရိန်းနှင့် ပတ်သက်၍ လောင်းကြေးထပ်ခဲ့ခြင်းဖြစ် သည်။

သို့သော် မော်စကိုအတွက်မူ ယူကရိန်း သည် အာဖဂန်နစ္စတန်ထက် အဆပေါင်းများ စွာ ပို၍အရေးကြီးကာ ဗျူဟာမြောက်ပြီး သမိုင်းကြောင်းနှင့် ပထဝီဝင်အနေအထားတို့ ပါဝင်ပတ်သက်နေသည်။ ပူတင်၏ ရှုထောင့် မှကြည့်လျှင် ယူကရိန်းသည် ရုရှားနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် ၎င်းင်း၏အစိုးရ ရှင်သန် မှုအတွက် အရေးကြီးသည်။ ထို့ကြောင့် ယူက ရိန်းကို အနောက်အုပ်စုနှင့် မဟာမိတ်ဖွဲ့ထား သည်ကို မြင်ရသည်ထက် ဖျက်ဆီးပစ်လိုသည် မှာ ရှင်းပါသည်။

စစ်ပွဲ၏ ပထမနှစ်တွင် ကိယက်ဗ်မှသည် ခါကိဗ်အထိ ရုရှားတို့၏ ဆုတ်ယုတ်မှုများက ယူကရိန်း၏ သန္နိဋ္ဌာန်နှင့် ခံနိုင်ရည်ကို ပြသ ခဲ့သည်။ သို့သော် ယခုနှစ်တွင်မူ စစ်ပွဲ၏ ရေ စီးကြောင်းက ပြောင်းလဲလာသည်။ လအတန် ကြာ ပြင်းထန်သော တိုက်ပွဲများ ပြခဲ့ပြီးနောက် ဘက်ခမွတ် ပြိုလဲသွားသည့် အခါ ရုရှားသည် ခံနိုင်ရည်ရှိမှု သို့မဟုတ် အနိုင်ရရန် စိတ်ပိုင်း ဖြတ်ထားမှု လျော့ကျလာသည်။ ယင်းသည် ဆိုးရွားလှသော ရှေ့မတိုး နောက်မဆုတ်သာ အနေအထားကို ဖြစ်ပေါ်လာစေသည်။

ဘိုင်ဒင်သည် ယူကရိန်း၏ စစ်ပွဲအတွက် စွမ်းဆောင်ရည်ကို လွန်ကဲစွာ ခန့်မှန်းထား ခဲ့သည်။ ပြီးခဲ့သောနှစ်တွင် အောင်မြင်သော တန်ပြန်ထိုးစစ်ကို စတင်နိုင်စေခဲ့သည့် ယူက ရိန်းနိုင်ငံသားများ များစွာ ပြသခဲ့ပြီးဖြစ်သော သတ္တိနှင့် ခိုင်မာမှုတို့ကို သံသယဝင်စရာ မရှိ ပါ။

သို့သော် ယူကရိန်း၏ ပိုမိုသေးငယ်သော စစ်တပ်ကို လွှမ်းမိုးကာ ၎င်းင်း၏ စီးပွားရေး အများအပြားကို ဖျက်ဆီးရန် ရုရှားအား ပိုမိုသာလွန်သော ပစ်အားကို ပြုလုပ်နိုင်စေ သည့် စစ်ပွဲကို ယခုအချိန်အထိ ယူကရိန်းပိုင် နက်အတွင်း သမားရိုးကျသာ ဆင်နွှဲနေကြရုံ ရှိသေးသည်။

အဆိုပါ ဆုတ်ယုတ်မှုများသည် အမေ ရိကန်နှင့် ၎င်း၏ မဟာမိတ်များကို နှစ်ဆကျ ဆင်းမှုမှနေ၍ တားဆီးခဲ့ခြင်း မရှိပေ။ မေလ ၁၉ ရက်က ဟီရိုရှီးမား၌ ပြုလုပ်သော အမေရိ ကန် ဦးဆောင်သည့်  G 7  နိုင်ငံများ တွေ့ဆုံပွဲ တွင် ယူကရိန်းက လိုအပ်သည့်ကာလတစ် လျှောက် ငွေကြေး၊ လူသားချင်းစာနာထောက် ထားမှုအကူအညီ၊ စစ်ရေးနှင့် သံတမန်ရေးရာ အထောက်အပံ့များ ပေးအပ်ရန် ကတိကဝတ် ကို သက်တမ်းတိုးရန် ကတိပြုခဲ့ကြသည်။

ယခုထိ ယင်းသည် အမေရိကန်နှင့် ၎င်းင်း ၏မဟာမိတ်များ Mission Creep ( (မူရင်းရည် မှန်းချက်များ တဖြည်းဖြည်း ပြောင်းလဲနေမှု) ထဲတွင် နစ်မြုပ်လာနေကြောင်း နောက်ထပ် အရိပ်အယောင်တစ်ရပ် ဖြစ်သည်။ ယူကရိန်း သို့ ခဲယမ်းမီးကျောက်များ ပေးပို့ခြင်းမှ အစပြု ၍ အမြောက်များ၊ အမေရိကန်နှင့် ဂျာမနီ တင့်ကားများ၊ ပက်ထရီးယော့ ကာကွယ်ရေး စနစ်များနှင့် ဒရုန်းများကို ထောက်ပံ့ပေးရန် တိုးချဲ့ခဲ့ရာ ယူကရိန်းကို ရုရှားပိုင်နက်အ တွင်းသို့ ဝင်ရောက်တိုက်ခိုက်နိုင်စေခဲ့သည်။

မကြာသေးမီက အမေရိကန်သည် ရုရှား ၏ လေကြောင်း သာလွန်မှုကို စိန်ခေါ်ရန်အ တွက် ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ လွှဲပြောင်းပေးရန် သဘောတူညီခဲ့သည်။ ယူကရိန်းစစ်တပ်အတွက် ပြင်ပအကူအညီ မပါဘဲ ယင်းလေယာဉ်များ၏ ချက်ချင်းအသုံး ဝင်မှုကို ကျွမ်းကျင်ပညာရှင်များက မေးခွန်း ထုတ်နေချိန်တွင် ကိယက်ဗ်အား ယင်းလေ ယာဉ်များ ပေးအပ်ခြင်းသည် အန္တရာယ်များ သော အရှိန်မြင့်လာမှုဆီ ဦးတည်သွားစေ လိမ့်မည်ဟု မော်စကိုက သတိပေးထားသည်။

၎င်းကို ကြည့်ခြင်းအားဖြင့် စစ်မြေပြင် တွင် မည်သည့်အနာဂတ်အောင်ပွဲမဆို အောင်မြင်မှုများထက် များစွာပိုမိုသော ကုန် ကျစရိတ်များနှင့်အတူ အရင်းအနှီးကြီးလွန်း ကြောင်း သက်သေပြနိုင်သည်။ အကယ်၍ စောင့်မျှော်နေသော ယူကရိန်း၏ တန်ပြန်ထိုး စစ်သည် ရှုံးနိမ့်မှုမှနေ၍ သိသာသော အောင် ပွဲတစ်ခု ထုတ်ယူကာ အောင်မြင်မှုရရှိပါက လည်း ယင်းသည် ရုရှားအား နျူကလီးယား လက်နက် အသုံးပြုရန် တွန်းအားပေးနိုင်ပြီး ယူကရိန်းနှင့် ကျန်ဥရောပတွင် အပျက်အစီး များ ဖြစ်ပေါ်စေနိုင်သည်။

မော်စကိုသည် ရန်သူ့အခြေစိုက်စခန်း များနှင့် တပ်များ ရှိရာ စစ်မြေပြင်တွင် အသုံး ပြုရန် ရည်ရွယ်ထားသည့် ပေါက်ကွဲနိုင်အား နိမ့်ပါးသော ဗျူဟာမြောက် နျူကလီးယား လက်နက်များကို ဖြန့်ကျက်ရန် ကြိုးပမ်းသည့် တိုင် ယင်းကဲ့သို့ လုပ်ဆောင်ချက်၏ ဂယက် သည် ဥရောပ (အမှန်တကယ်၌ ကမ္ဘာကြီး) အတွက်၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် ပုံကြီးချဲ့လွန်းရာ ကျမည်မဟုတ်ပါ။

အမေရိကန်အစိုးရအာဏာပိုင်အချို့က မူ ရုရှား၏ နျူကလီးယားဖြင့် လက်တုံ့ပြန်ရန် ခြိမ်းခြောက်မှုသည် အနောက်နိုင်ငံများ၏ စွက်ဖက်မှုကို ဟန့်တားရေးအတွက် နှောင့် ယှက်မှုတစ်ခုထက် မပိုဟု ယူဆကြသည်။

ခြိမ်းခြောက်သည့်အခြေအနေတွင် သာမက “အကျပ်အတည်းအခြေအနေ တစ် ရပ်ကို ဖြေရှင်းရာတွင် အခြားနည်းလမ်းအား လုံး ကုန်ဆုံးသွားပါက သို့မဟုတ် ထိရောက်မှု မရှိတော့ပါက လက်နက်ကိုင်ရန်စမှုများကို တွန်းလှန်ရန်၌ပါ” နျူကလီးယားလက်နက် အသုံးပြုမှု ကန့်သတ်ချက်အား လျှော့ချမည် ဖြစ်ကြောင်း ၂၀၀၀ ပြည့်နှစ်ကတည်းက ကရင်မလင်က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးအနေဖြင့် ပူတင်က ယူကရိန်း ကို ထောက်ခံသော အနောက်အုပ်စု၏ စည်း လုံးမှုကို လျှော့တွက်ခဲ့သကဲ့သို့ ဘိုင်ဒင်က လည်း ကမ္ဘာတောင်ဘက်၏ ရှုထောင့်နှင့် ကွဲလွဲသည့် ရှည်လျားသော ဥရောပ ပဋိပက္ခ တစ်ရပ် (ဥရောပ၏ ပြဿနာ) အဖြစ် ရှုမြင် သည့် ကမ္ဘာ့ကျန်အစိတ်အပိုင်းများ၏ အမြင် ကို လျှော့တွက်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ၏ ကျန်အစိတ်အပိုင်းများသည် ရုရှားနှင့် ကုန် သွယ်မှုများ ဆက်လက်လုပ်ဆောင်နေချိန် တွင် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူ မှုများသည် မော်စကို၏ မဟာတွက်ချက်မှုကို ပြောင်းလဲနိုင်ရေး၌ ကျရှုံးလျက် ရှိသည်။

အချုပ်အားဖြင့်ဆိုရသော် ရုရှားနှင့် အနောက်နိုင်ငံများ နှစ်ဖက်စလုံးသည် စစ်ပွဲ‌ နောက်ကို လိုက်ကြသကဲ့သို့ သံတမန်ရေး နည်းလမ်းကို လိုက်ရန်မူ ရည်ရွယ်ချက်ရှိ စွာနှင့် ခေါင်းမာလွန်းစွာ ပျက်ကွက်ခဲ့ကြ သည်။ နှစ်ဖက်စလုံးသည် ကြာရှည်ကြာမျော အချိန်ဆွဲလျက်၊ တစ်ဖက်သားအပေါ် မျှတမှု မရှိသည့် မိမိတို့စိတ်ကြိုက်အနေအထားကို ရယူလျက်၊ နျူကလီးယားကြောင့် အလုံးစုံ ပျက်သုဉ်းမည်ကို ကြောက်ရွံ့မှုအား ဆွပေး လျက်၊ ‘ရှင် ရွှေထီး၊ သေ မြေကြီး’ အနေအထား တစ်ရပ်အဖြစ် ပဋိပက္ခကို ဘောင်ခတ်လျက် ရှိနေကြလေသည်။ ရုရှားနှင့် အနောက်နိုင်ငံ တို့အကြား ပြန်လည်ညှိနှိုင်းမရသော ကွဲလွဲမှု များကို ထည့်သွင်းစဉ်းစားပါက စစ်ပွဲသည် အနည်းဆုံး မကြာမီ အနာဂတ်တွင် ငြိမ်းချမ်း ရေးသဘောတူညီချက်ဖြင့် ပြီးဆုံးနိုင်ဖွယ် မရှိပေ။

အဆုံးစွန်အားဖြင့် ပဋိပက္ခသည် ရှေ့ မတိုးနောက်မဆုတ်သာ ဖြစ်နိုင်ပြီး မြောက်နှင့်တောင်ကိုရီးယားတို့အကြားမှ နှစ် ၇၀ ကြာ အပစ်အခတ်ရပ်စဲရေးကဲ့သို့ပင် ရုရှား သည် မြောက်ပိုင်း ခါကိဗ်မှ တောင်ပိုင်း ခါ ဆန်သို့ ယူကရိန်းကိုဖြတ်ကာ စစ်မဲ့ဇုန်ကို ပိုင်းခြားရန် တောင်းဆိုနိုင်သည်။

တစ်ချိန်တည်းမှာပင် စစ်ပွဲသည် ရုရှား နှင့် အနောက်နိုင်ငံများ၏ လုံခြုံရေးနှင့် တည် ငြိမ်ရေးတို့ကိုသာ ထိခိုက်စေသောကြောင့် တရုတ်သည် အထိအခိုက်ကင်းစွာ ထိုးထွက် လာသည်။ တရုတ်သည် ယခင်ကထက် ပိုမို အားကောင်းပြီး ယုံကြည်ရလောက်သည့် ကမ္ဘာ့ခေါင်းဆောင် ဖြစ်လာနေသည်ကို အမေရိကန်ခမျာ မခံချိမခံသာ ဖြစ်နေရလေ ပြီ။

Ref: Al Jazeera

Most Read

Most Recent