ပလုံကောက်သူတွေ

ပလုံကောက်သူတွေ
Published 3 June 2023
သူရထိုက်

လမ်းမပေါ်မှာသွားနေတဲ့ ဘတ်စ်ကား ပေါ်ကနေ ပလတ်စတစ်အအေးဘူးခွံတစ်ဘူး လွှင့်ပစ်လိုက်တာကို တွေ့လိုက်ရတယ်။ အဲဒီ ပလတ်စတစ်ဘူးခွံကို ကားတစ်စီးက တက် ကြိတ်သွားတယ်။ ပလတ်စတစ်ဘူးခွံလေး ပြားချပ်သွားတယ်။ အဲဒီမြင်ကွင်းကိုကြည့်ပြီး တွေးမိတယ်။ တကယ်လို့များ အဲဒီ ပလပ်စ တစ်အအေးဘူးခွံက လမ်းဘေးကို ရောက် သွားမယ်။ အနေအထားမပျက်ဘဲ ရှိခဲ့ရင် ပ လုံကောက်တဲ့သူတစ်ယောက် တွေ့သွားနိုင် တယ်။ ဘူးခွံတွေ ဝယ်တဲ့ဆိုင်မှာ ပြန်ရောင်း လို့ရမယ်။ အခုတော့ လမ်းပေါ်မှာ အမှိုက်ဖြစ် သွားပြီ။ ဘာမှ သုံးလို့ မရတော့ဘူး။

မနက်မိုးလင်းရင် ကျွန်တော်လုပ်ရတဲ့ အလုပ်တွေထဲမှာ စည်ပင်သာယာက ချထား တဲ့ အမှိုက်ပုံးထဲကို အမှိုက်သွားပစ်ရတဲ့အ လုပ်လည်း ပါတယ်။ အိမ်မှာ ရှိတဲ့ အမှိုက်ပုံး တွေထဲက အမှိုက်တွေကို စုဆောင်းသိမ်း ဆည်းပြီး ပလတ်စတစ်အိတ်ထဲ စုထည့်ရ တယ်။ ပြီးတော့ စည်ပင်သာယာက ချထားတဲ့ အမှိုက်ပုံးထဲကို သွားပစ်ရတယ်။

အမှိုက်ပုံးထဲကို အမှိုက်သွားပစ်တဲ့အ ခါ အမှိုက်ပုံးထဲမှာ မွှေနှောက်ရှာဖွေတဲ့သူ တွေကို တွေ့ရတတ်တယ်။ သူတို့တတွေ ဘာ ကိုများ မွှေနှောက် ရှာဖွေနေကြတာလဲလို့ စူးစမ်းကြည့်မိတယ်။ အချိုရည်ဘူးခွံတွေ၊ ရေ သန့်ဘူးခွံတွေ၊ ဘီယာဘူးခွံတွေနဲ့ သုံးလို့ရဦး မယ်ထင်တဲ့ ပစ္စည်း တွေကို မွှေနှောက်ရှာဖွေ နေကြတာဖြစ်တယ်။ စွန့်ပစ်အမှိုက်တွေထဲက ရေသန့်ဘူးခွံ၊ အအေးဘူးခွံ၊ ဘီယာဘူးခွံတွေ ကို လမ်းမပေါ်မှာ၊ အမှိုက်ပုံမှာ ရှာဖွေကောက် ယူရင်း အသက်မွေးကြသူတွေ ပိုပြီး များလာ သလားလို့ ကျွန်တော် တွေးမိတယ်။

ဟို ... အရင်တုန်းက အမှိုက်ပစ်တဲ့အခါ အအေးဘူးခွံ၊ ဘီယာဘူးခွံနဲ့ ပုလင်းတွေကိုပါ ရောပြီးတော့ ကျွန်တော် ပစ်တတ်တယ်။ နောက်ပိုင်းမှာတော့ အမှိုက်ပစ်တဲ့အခါ အ မှိုက်တွေ သက်သက်ပဲ စုဆောင်းသိမ်းဆည်း ပြီး ပစ်တော့တယ်။ ပုလင်းခွံ၊ အအေးဘူးခွံ၊ ဘီယာဘူးခွံတွေကို သပ်သပ်သိမ်းထားတော့ တယ်။ ရောင်းလို့ ရမှန်းသိပေမဲ့ ရောင်းဖို့အ တွက် သိမ်းထားတာတော့ မဟုတ်ပါဘူး။ အဲ ဒါတွေကို လိုက်ကောက်တဲ့သူတွေ တွေ့ရင် ပေးဖို့ပဲ ဖြစ်တယ်။

တစ်ညက ကျွန်တော့် အိမ်ရှေ့က အိမ်ရဲ့ ရှေ့မှာ လမ်းထဲက လူငယ်တွေ ဘီယာသောက် ကြတယ်။ အဲဒီ အိမ်က လူငယ်တစ်ယောက်နဲ့ သူ့ရဲ့  သူငယ်ချင်းတွေ ၀ိုင်းဖွဲ့ ပြီး သောက်ကြ တာဖြစ်တယ်။ မနက်ရောက်တော့ သူတို့ သောက်စားသွားတဲ့ ဘီယာဘူးခွံတွေ၊ အ မြည်းထည့်တဲ့ ဖော့ဘူးတွေ အဲဒီနေရာမှာ ကျန်နေတယ်။ “အမှိုက်ပစ်ကြဦးမလား”ဆိုပြီး လမ်းတကာ လှည့်အော်တတ်တဲ့ အမှိုက် လှည်းတစ်စီး အဲဒီနေရာနားကို ရောက်လာ တယ်။ ဘီယာဘူးခွံတွေကို တွေ့တော့ သူ့ရဲ့  အမှိုက်လှည်းထဲကို ကောက်ပြီး ထည့်သွား တယ်။ အမြည်းထည့်တဲ့ ဖော့ဘူးခွံတွေကို တော့ အဲဒီအတိုင်းပဲ ထားခဲ့တယ်။ ကျွန်တော် က ကျွန်တော့်ဇနီးကို ပြောမိတယ်။

“အမှိုက်လှည်းသမားက အမှိုက်တွေ ကိုတော့ ယူမသွားဘူး။ ဘီယာဘူးခွံတွေကို တော့ ယူသွားတယ်”

ကျွန်တော့်ဇနီးက ကျွန်တော့်ကို အခုလို ပြောတယ်။

“သြော်... သူတို့က ဒီလောက်ပဲ သိတာ လေ။ သူတို့ ကို အပြစ်မမြင်ပါနဲ့။ အမှိုက်က သူတို့အတွက် အလုပ်ရှုပ်တယ်။ ဘီယာဘူး ခွံတွေက ပြန်ရောင်းရင် ပိုက်ဆံရတယ်လေ”

၀ါရင့် စာနယ်ဇင်းသမားကြီးတစ်ဦးက ဆိုက်ကားနဲ့ ပလုံကောက်တဲ့ အမျိုးသမီးတစ် ယောက်ကို တွေ့ဆုံမေးမြန်းတဲ့ ဗီဒီယိုဖိုင်တစ် ခုကိုလည်း ကျွန်တော်ကြည့်ခဲ့ဖူးတယ်။   

“ပလုံကောက်တယ်”ဆိုပြီးတော့ အရပ် ထဲမှာ ပြောကြ၊ ဆိုကြတယ်။ အဲဒါကတော့ အမှိုက်ပုံတွေနဲ့ လမ်းမတွေပေါ်မှာ စွန့်ပစ် အမှိုက်တွေထဲက ပြန်ပြီး ရောင်းလို့ရတဲ့ အ အေးဘူးခွံ၊ ဘီယာဘူးခွံတွေ၊ ပုလင်းတွေကို လိုက်လံကောက်ယူပြီး ပြန်လည်ရောင်းချ ကာ အသက်မွေးကျောင်းပြုတာကိုဆိုလိုတာ ပဲဖြစ်တယ်။ ပုံမှန်ဝင်ငွေနည်းတဲ့သူတွေ တောင် ပလုံကောက်တဲ့အလုပ်ကို လုပ်လာ ကြတယ်လို့ ဆိုတယ်။

နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေ ကျဆင်းလာတဲ့အခါ အခြေခံလူတန်းစားတွေ အနေနဲ့ နေ့စဉ်လူမှုဘဝမှာ ရှင်သန်ဖို့ ပိုမို ခက်ခဲလာတယ်။ အမှိုက်သိမ်းလှည်းလေးတွေ နဲ့ “အမှိုက်ပစ်ကြဦးမလား”ဆိုပြီးတော့ မေးတဲ့ သူတွေ များလာတယ်။ အမှိုက်ပုံနဲ့ လမ်းမတွေ ပေါ်မှာ စွန့်ပစ်အမှိုက်တွေထဲကနေ ပြန် ရောင်းလို့ရမယ့် အအေးဘူးခွံတွေ၊ ပုလင်းခွံ တွေ၊ ဘီယာဘူးခွံတွေကို လိုက်လံကောက် ယူပြီး ဘဝရှင်သန်ရေးအတွက် လုံးပမ်းနေသူ တွေကလည်း များလာတယ်လို့ ထင်မိတယ်။

တစ်နေ့မနက်က လုပ်နေကျအတိုင်း အမှိုက်တွေ သွားပစ်တယ်။ အမှိုက်တွေကို ပီနံအိတ်ထဲထည့်ပြီး ပီနံအိတ်နဲ့အတူ အမှိုက် တွေကို တစ်ပါတည်း အမှိုက်ပုံးထဲကို ထည့် တယ်။ အမှိုက်ပုံးထဲကနေ အအေးဘူးခွံလေး တစ်ခုကို မရမကကောက်ယူနေတဲ့ လူတစ် ယောက်ကို တွေ့ရတယ်။ သူက ကျွန်တော့် ကို ကြည့်ပြီး အခုလို ပြောတယ်။

“ဘူးခွံ တွေ ပါသလား”တဲ့။ ကျွန်တော် လည်း စိတ်ထဲမှာ တစ်မျိုး ဖြစ်သွားခဲ့တယ်။ ကျွန်တော်သိမ်းထားတဲ့ ဘူးခွံတွေ၊ ပုလင်းခွံ တွေကို သူ့ကိုပေးမယ်လို့ စိတ်ကူးမိတယ်။

“ကျွန်တော့်အိမ်ကို လိုက်ခဲ့ပါလား၊ ကျွန် တော့်ဆီမှာ ဟောဒီ ပီနံအိတ်တစ်လုံးစာ ဘူး ခွံတွေ၊ ပုလင်းခွံတွေ ရှိတယ်။ ကျွန်တော့်အိမ် က သိပ်မဝေးပါဘူး။ ဟိုနားလေးမှာပါ”

သူကလည်း ခေါင်းညိတ်ပြီး တုတ်တစ် ချောင်းကို ထောက်ခါ ကျွန်တော့်နောက်က နေ လိုက်လာတယ်။ ကြည့်ရတာက ခြေတစ် ဖက် မသန်ပုံပါပဲ။ ကျွန်တော့်အိမ်ခြံအပေါက် ဝမှာ သူ ရပ်ပြီး စောင့်နေတယ်။ ကျွန်တော် လည်း စုဆောင်းသိမ်းဆည်းထားတဲ့ အအေး ဘူးခွံတွေ၊ဘီယာဘူးခွံတွေနဲ့ ပုလင်းခွံတွေကို သူ့ကို ပေးလိုက်တယ်။ ပီနံအိတ်တစ်လုံးစာ သူရသွားတယ်။ ဒီ့အပြင် ဆန်လေးလုံးကို လည်း ကြွပ်ကြွပ်အိတ်ထဲ ထည့်ပြီး ကျွန်တော် ပေးလိုက်တယ်။ သူလည်း အတော်ဝမ်းသာ သွားပုံရတယ်။ ကျွန်တော့်ကို ဆုတွေ ပေး တယ်။ ပြီးတော့ အခုလို ပြောပါသေးတယ်။

“မနှစ်က ကားတိုက်ခံရတယ်ဗျာ။ အဲဒါ ပလုံကောက်လိုက်၊ သူများ ပေးတာ၊ ကျွေးတာ စားလိုက်နဲ့ နေနေရတာ”

သူ ထွက်သွားတဲ့အခါ သူ့ရဲ့နောက်ကျော ပြင်ကိုကြည့်ရင်း ဖတ်ခဲ့ဖူးတဲ့ကဗျာတိုလေး တစ်ပုဒ် ခေါင်းထဲကို ရောက်လာတယ်။

 

ပလုံကောက်သူ

အမှိုက်ရွှေရောင်

ငွေစ ပြောင်မှ

အာခေါင်ဝမ်းမီး ငြိမ်းရသည်။

တိမ်တမန် ခဏလူ

ကျွန်တော်အလုပ်လုပ်နေတဲ့စက်ရုံက လုပ်ငန်းက ပုလင်းခွံအဟောင်းတွေကို အသုံး ပြုနေရတဲ့လုပ်ငန်းဖြစ်ပါတယ်။ ပုလင်းခွံအ ဟောင်းတွေကို ဝယ်ယူပြီး ပြန်လည်ဆေး ကြောသန့်စင်ကာ အသုံးပြုရတဲ့လုပ်ငန်းဖြစ် တယ်။ ကျွန်တော်တို့ရဲ့ အခေါ်အဝေါ်အား ဖြင့်တော့ ဘီယာပုလင်းခွံပေါ့။ အဲဒီပုလင်းခွံ တွေရဲ့  စက်ရုံအရောက် ဝယ်စျေးက ပုလင်းခွံ တစ်လုံးကို ၂၀၀ ကျပ်ပတ်ဝန်းကျင် ရှိတယ်။ စူးစမ်းလေ့လာတဲ့အနေနဲ့ အိမ်မှာ ရှိနေတဲ့ ဘီယာပုလင်းခွံတွေကို ပုလင်းခွံ၊ ဘူးခွံတွေ ဝယ်တဲ့ဆိုင်မှာ သွားပြီး ရောင်းကြည့်တယ်။ တစ်လုံးမှ ၅၀ ကျပ်ပဲ ရတယ်။ စဉ်းစားကြည့် ပါ။ ၅၀ ကျပ်နဲ့ ပုလင်းဟာ ထုတ်လုပ်ရေး လုပ် ငန်းလုပ်တဲ့စက်ရုံကိုရောက်တဲ့အခါ ၂၀၀ ပတ်ဝန်းကျင် ဖြစ်သွားတယ်။ အဆင့်ဆင့် လက်ပြောင်းလက်လွှဲ လုပ်တာ များလေလေ နောက်ဆုံးအသုံးပြုတဲ့နေရာကိုရောက်တဲ့ အခါ မူလစျေးထက် အများကြီးကွာခြားသွား လေလေပဲ။ ပလုံကောက်တဲ့သူတွေကတော့ သူတို့ရဲ့လက်ထဲမှာ သိမ်းဆည်းသိုလှောင်မ ထားနိုင်ပါဘူး။ အရင်းအနှီးအများကြီးရှိတဲ့ သူတွေကပဲ သိမ်းဆည်းသိုလှောင်ထားနိုင် တယ်။ သူတို့ကြိုက်စျေးရမှပဲ ထုတ်ရောင်း တယ်။

 “မရှိခိုးနိုး၊ မလှစုန်းယိုး”ဆိုတဲ့ စကားကို ကြားဖူးကြပါလိမ့်မယ်။ အဲဒီစကားက ရိုးရိုး သားသား လုပ်ကိုင်စားသောက်တဲ့ ပလုံ ကောက်သူတွေအတွက် မျက်နှာငယ်ရတဲ့ အားငယ်ရတဲ့ စကားဖြစ်တယ်။ တချို့လမ်း တွေမှာ ဆိုင်းဘုတ် ချိတ်ထားကြတယ်။ “ည ၇ နာရီကျော်လျှင် ပလုံကောက်သမားများ လမ်းထဲ မဝင်ရ”တဲ့။ တရားဥပဒေစိုးမိုးရေး အလွန့်အလွန်အားနည်းနေတဲ့အချိန်မှာ လမ်းထဲမှာ နေတဲ့သူတွေဘက်က ကြည့်ရင် မှန်နေသလို တစ်နေ့စာကို တစ်နေ့ရှာစားနေ ရတဲ့ ပလုံကောက်သမားတွေအတွက်လည်း အခက်အခဲ ဖြစ်နေတယ်။

တစ်နေ့ညနေမှာ အလုပ်ကနေ အိမ်ကို ပြန်လာတော့ ကားမှတ်တိုင်နဲ့ သိပ်မဝေးတဲ့ အမှိုက်တွေ ထည့်ထားတဲ့ အုတ်ကန်ကြီးအ နားမှာ စည်ပင်သာယာက အမှိုက်သိမ်း ကား တစ်စီးကို တွေ့ရတယ်။ စည်ပင်သာယာက အမှိုက်သိမ်းဝန်ထမ်းတွေက အမှိုက်တွေကို ကျုံးပြီး ခြင်းတောင်းကြီးတစ်ခုထဲကို ထည့် တယ်။ ပြီးတော့ အမှိုက်သိမ်းကားဆီကို အဲဒီ ခြင်းတောင်းကြီး သယ်ပြီး အမှိုက်တွေ ထည့် တယ်။ ကျွန်တော် ကြည့်လိုက်တဲ့အခါ ခြင်း တောင်းကြီးတစ်ခုထဲမှာ အအေးဘူးခွံတွေ၊ ပုလင်းခွံတွေ ထည့်ထားတာတွေ့ရတယ်။ ဘီ ယာဘူးခွံတွေကိုတော့ မတွေ့မိဘူး။ ဘီယာ သောက်တဲ့သူတွေက သူတို့ သောက်ပြီး ကျန် တဲ့ဘီယာခွံကို ဒီအတိုင်းပဲ ကြုံသလိုလွှင့်ပစ် လိုက်ပုံရတယ်။ တကူးတကတော့ အမှိုက်ကန် ထဲကို လာမပစ်ကြဘူး။ အအေးဘူးခွံတွေ၊ ပုလင်းခွံတွေကတော့ အမှိုက်တွေထဲကနေ ရွေးပြီး ယူထားပုံရတယ်။ ကျွန်တော်လည်း အိတ်ထဲမှာထည့်ထားတဲ့ အအေးဘူးခွံကို အဲ ဒီခြင်းတောင်းထဲ ထည့်လိုက်တယ်။ ပြီးတော့ အနားမှာ ရှိတဲ့ ဆိုင်တစ်ဆိုင်ကနေ အအေး ဘူးတွေ ဝယ်ပြီး သူတို့ကို ပေးလိုက်တယ်။ သူ တို့က ကျွန်တော့်ကို  ကျေးဇူးတင်တဲ့အကြောင်း ပြောကြတယ်။

ပလုံကောက်တဲ့သူတွေအနေနဲ့ “နူရာ ဝဲစွဲ၊ လဲရာသူခိုးထောင်း”ဆိုတဲ့ အဖြစ်တွေကို လည်း ကြုံတွေ့ရတာတွေလည်း ရှိရဲ့။ ပလုံ ကောက်ရင်း ဓာတ်လိုက်လို့ သေဆုံးရတာတွေ လည်း ရှိခဲ့တယ်။ စည်ပင်အမှိုက်ပုံမှာ ပလုံ ကောက်ရင်း သေဆုံးရတာတွေလည်း ရှိရဲ့။ အမှိုက်တွေထဲကနေ ပြန်ရောင်းလို့ရမယ့် ပစ္စည်းလေးတွေ ကို ရှာဖွေရင်း မထင်မှတ်ဘဲ ဗုံးပေါက်ကွဲလို့ အသက်သေဆုံးရတာတွေ လည်း ရှိခဲ့တယ်။

ပလုံကောက်တဲ့အလုပ်ဟာ တချို့နိုင်ငံ တွေမှာလည်း ရှိပုံရပါတယ်။ လီဗာပူးဘော လုံးအသင်းက ဒါဝင်ညူညက်က ဥရုဂွေးက ပါ။ သူ့ရဲ့ဖခင်က ဆောက်လုပ်ရေးက ဆိုက် အလုပ်သမား တစ်ယောက်ဖြစ်တယ်။ အမေ ကတော့ ပလုံကောက်တဲ့သူ ထင်ရဲ့။ တွေ့ဆုံ မေးမြန်းခန်းတစ်ခုမှာ သူက အခုလို ပြောခဲ့ဖူး တယ်။

 “ကျွန်တော့် အမေက အိမ်ထောင်ရှင်မ တစ်ယောက်ပါ။ ဒါပေမဲ့ မြို့ရဲ့လမ်းသွယ်တွေ ထဲ လမ်းလျှောက်ဖြတ်သန်းရင်း စတိုးဆိုင်တွေ မှာ ပြန်သွင်းဖို့ ပုလင်းခွံလွတ်တွေကို လိုက် ကောက်ခဲ့ရပါတယ်”

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ရင် ျွနိကခန၊ ျွနကျန၊ ျွနခငမခူန ဆို တဲ့ အင်္ဂလိပ်ဝေါဟာရတွေကို တွေ့ခဲ့ဖူးတယ်။ လျှော့ချတာ၊ ပြန်သုံးတာ၊ ပြန်လည်ပြီး အသုံး ဝင်အောင်လုပ်တာလို့ပဲ နားလည်မိတယ်။ အဲဒါတွေကို ပလုံကောက်သူတွေက တစ်နည်း တစ်လမ်းအားဖြင့် အထောက်အကူပြုပြီး လုပ်ဆောင်ပေးနေတယ်။ ဒီနေ့ ဒီအချိန်မှာ ပလုံကောက်နေရတဲ့ ကလေးတွေအနေနဲ့ လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေ ဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။

 

Photo – UN Habitat Myanmar

Most Read

Most Recent