အိန္ဒိယ လူငယ်များကို ခြိမ်းခြောက်နေသည့် အလုပ်လက်မဲ့ပြဿနာ

အိန္ဒိယ လူငယ်များကို ခြိမ်းခြောက်နေသည့် အလုပ်လက်မဲ့ပြဿနာ
Published 3 June 2023
ရာဇ

Photo: AFP

ပူပြင်းသည့်နွေရာသီနေ့လယ်ခင်းတစ် ရက်တွင် အသက် ၂၃ နှစ်အရွယ် နီဇာမူဒင် အဗ္ဗဒူလ်ရာဟင်ခန်းက အိန္ဒိယနိုင်ငံမွမ်ဘိုင်း မြို့ရှိ ရာဖက်နာဂါဆင်းရဲသားရပ်ကွက်တစ် ခု၏ ရွှံ့ထူထပ်ပြီး ကြမ်းတမ်းသည့်လမ်းတစ် နေရာတွင် ခရစ်ကတ်ကစားလျက်ရှိသည်။

တစ်ချိန်က အာရှ၏အကြီးမားဆုံးအ မှိုက်စွန့်ပစ်သည့်နေရာနှင့် ထိစပ်နေသော ရာဖက်နာဂါနှင့် ပတ်ဝန်းကျင်ဒေသများတွင် ပျမ်းမျှအားဖြင့် လူ ၈၀၀,၀၀၀ ခန့်နေထိုင်ပြီး အများစုသည် ကျဉ်းမြောင်းပြီး မှောင်မိုက် သော လမ်းကြိုလမ်းကြားတစ်လျှောက်အလွန် ကျဉ်းမြောင်းသော အခန်းများအတွင်းနေထိုင် ကြသည်။

ယင်းနေရာများတွင်နေထိုင်သောလူ ငယ်အမျိုးသား၊အမျိုးသမီးများသည် အလုပ် တစ်ခု ရရှိနိုင်ရန် ရုန်းကန်နေကြရပြီးအများ စုသည် အချိန်များကို အလဟဿကုန်ဆုံး လေ့ရှိကြသည်ဟု ယင်းဒေသရှိ NGO တစ်ခု တွင်အလုပ်လုပ်ကိုင်နေသည့် နာဆင်းမ်ဂျာ ဖာအလီက ပြောကြားခဲ့သည်။

COVID-19 ကပ်ရောဂါကာလအ တွင်းအိန္ဒိယ၏ မြို့ပြအလုပ်လက်မဲ့အရေအ တွက်သည် မြင့်တက်လာခဲ့ကာ ၂၀၂ဝပြည့် နှစ် ဧပြီလမှ ဇွန်လအတွင်း အလုပ်လက်မဲ့နှုန်း ၂၀ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး  လုပ်အားခများ ကျဆင်းလာသည်။ယင်း နောက်ပိုင်းတွင် အလုပ်လက်မဲ့နှုန်းကျဆင်း လာခဲ့ကာ အချိန်ပြည့်အလုပ်အနည်းငယ် ခေါ်ယူမှုများ ရှိလာခဲ့သည်။

ကျယ်ပြန့်သောအိန္ဒိယစီးပွားရေးသည် ဘဏ္ဍာရေးနှစ်ကုန်ဆုံးမည့် ၂၀၂၄ ခုနှစ် မတ်လတွင် ၆ ဒသမ ၅ ရာခိုင်နှုန်း တိုးလာနေ သည်ဟု ရှုမြင်နိုင်သည့်တိုင် အလုပ်အကိုင် ပိုမိုရှာဖွေသူများ အထူးသဖြင့် လူငယ်များ သည် လစာနည်းပါးသော ပုံမှန်မဟုတ်သည့် အလုပ်များကို ရှာဖွေလာကြခြင်း သို့မဟုတ် အားမကိုးရနိုင်လောက်သော ကိုယ်ပိုင် အ လုပ်များကို ကျောခိုင်းစွန့်ခွာမှုများရှိလာကြ သည်ဟု စီးပွားရေးပညာရှင်များကပြောကြား ခဲ့သည်။

အိန္ဒိယသည် လူဦးရေ ၁ ဒသမ ၄ဘီလျံ ဖြင့် တရုတ်နိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာ့လူဦး ရေအများဆုံးနိုင်ငံဖြစ်လာခဲ့သည်။ လူဦးရေ ၏ ၅၃ ရာခိုင်နှုန်းနီးပါးသည် အသက် ၃၀ အောက်အရွယ်ဖြစ်ကာ ယင်းသည်လူဦးရေ စာရင်းအရ အလားအလာကောင်းသော် လည်း အလုပ်အကိုင်များမရှိသောသန်းနှင့် ချီသော လူငယ်များသည် စီးပွားရေးကဏ္ဍအ  ပေါ်ဆွဲငင်လာကြသည်။

အလုပ်လက်မဲ့ဆိုတာ ရေခဲတောင်ရဲ့ အစွန်အဖျားတစ်ခုသာသာပါ။ အဲဒီအောက် ဘက်မှာရှိတဲ့ ဖုံးကွယ်ထားတဲ့အရာတွေက တော့ တတ်မြောက်ထားတဲ့ပညာအရည်အ ချင်းနဲ့ မကိုက်ညီတဲ့အလုပ်အကိုင်အကျပ်အ တည်းနဲ့ အလုပ်အကိုင် ပုံမှန်မရှိတဲ့နေ့စား လုပ်သားတွေပဲ ဖြစ်ပါတယ်”ဟု စီးပွားရေးသု တေသနအေဂျင်စီ ICRIER မှ ရတ်ဟစ်ကာ ကာပူးက ပြောကြားခဲ့သည်။

ခန်းသည် ၎င်း၏ဖခင်နှင့် ညီမလေး ယောက်ကို ထောက်ပံ့နိုင်ရန်အတွက် တစ်လ လျှင် ရူပီး ၁၀,ဝဝဝခန့်(၁၂၂ ဒေါ်လာ)သာရ ရှိပြီး အိမ်ပြုပြင်ရန်သို့မဟုတ် ဆောက်လုပ် ရေးလုပ်ငန်းအတွက် ကျပန်းအ အလုပ်သမား အဖြစ်လုပ်ကိုင်ရန်ကမ်းလှမ်းခံရသည်။”ကျွန် တော့်မှာအမြဲတမ်းအလုပ်တစ်ခုရှိနေမယ် ဆိုရင် ဘာပြဿနာမှရှိမှာမဟုတ်ဘူး”ဟု၎င်းင်း ကပြောကြားခဲ့သည်။

အိန္ဒိယအတွက် အန္တရာယ်သည် စီးပွား ရေးအတွက် ဆိုးရွားသောယန္တရားတစ်ခုဖြစ် သည်။အလုပ်အကိုင်နှင့် ဝင်ငွေများကျဆင်း လာခြင်းသည်လူငယ်များနှင့် မြင့်တက်လာ သော လူဦးရေအတွက် အလုပ်အကိုင်များဖန် တီးရန် လိုအပ်သောစီးပွားရေးကိုတွန်းအား ပေးရန် အိန္ဒိယ၏အခွင့်အလမ်းများကို လျော့ ပါးစေသည်။

စီးပွားရေးပညာရှင် ဂျာရာတီဂို့ရှ်က နိုင်ငံ၏လူဦးရေ တိုးပွားလာခြင်းသည် ချိန် ကိုက်ဗုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ကျွန်မတို့ဆီမှာ ပညာတတ်လူတွေ အများအပြားရှိပြီး သူတို့ရဲ့ကိုယ်ပိုင် ဒါမှမ ဟုတ် မိသားစုဝင်ငွေတွေကို အသုံးပြုနိုင်ပေ မဲ့ သူတို့လိုအပ်တဲ့အလုပ်တွေကိုတော့မရှာ နိုင်ပါဘူး။ဒါက အလွန်ချောက်ချားဖွယ်အ ခြေအနေပါ”၎င်းင်းကပြောကြားခဲ့သည်။

“ဒါဟာ စီးပွားရေးအတွက်ဆုံးရှုံးနိုင်ခြေ ရှိတဲ့ မေးခွန်းတစ်ခုဘဲမဟုတ်ဘူး။ဒါဟာမျိုး ဆက်ဆုံးရှုံးမှုပါ”ဟု၎င်းင်းကထပ်မံပြောကြားခဲ့ သည်။

နေထိုင်မှုစရိတ်မြင့်မားပြီး ကျေးလက် ဒေသများကဲ့သို့ အစိုးရက ကမ်းလှမ်းပေးသည့် အလုပ်အကိုင်အာမခံအစီအစဉ်မျိုးမရှိ အိန္ဒိ ယ၏ မြို့များတွင် အလုပ်လက်မဲ့အခြေအနေ သည် ပိုမိုဆိုးရွားနေသည်။

သို့တိုင်အောင် ကျေးလက်ဒေသမှ အ လုပ်လက်မဲ့လူအများအပြားသည် အလုပ် အကိုင် ရှာဖွေရန် မြို့များပေါ်သို့ တက်လာကြ ဆဲဖြစ်သည်။

မြို့ပြ အလုပ်လက်မဲ့နှုန်းသည် ဇန်နဝါ ရီလမှ မတ်လအကြား ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အချိန် ပြည့်  အလုပ်အကိုင်ရှိသည့် မြို့ပြ လုပ်သား အရေအတွက်သည် ၄၈ ဒသမ ၉ ရာခိုင်နှုန်း အထိ ကျဆင့်ခဲ့ပြီး ယင်းသည် ကိုဗစ်ကပ်ရော ဂါမတိုင်မီကတည်းက ကျဆင်းနေခဲ့သည့် ၅၀ ဒသမ ၅ ရာခိုင်နှုန်းမှ ထပ်မံကျဆင်းခဲ့ ခြင်းဖြစ်သည်ဟု အစိုးရ၏ မှတ်တမ်းများတွင် ဖော်ပြခဲ့သည်။

ယင်းကိန်းဂဏန်းများအရ မြို့ပြလုပ် သားအင်အား သန်း ၁၅၀ သာရှိပြီး အချိန် ပြည့်အလုပ်အကိုင်ရှိသည့် လုပ်သားအင်အား အရေအတွက်မှာ ၇၃ သန်းသာ ရှိသည်ဟု ခန့်မှန်းနိုင်သည်။

မြို့ပြဒေသများတွင် အချိန်ပြည့်အလုပ် အကိုင်ရှိသူများအတွက် ပျမ်းမျှ လစဉ်ဝင်ငွေ သည် ၂၀၂၂ ခုနှစ် ဧပြီမှ ဇွန်လအတွင်း ၁၇၅၀၇ ရူပီး (၂၁၂ ဒေါ်လာ) ရှိသည်ဟု သုံးလပတ်ကာလအလိုက် နောက်ဆုံးထုတ် ပြန်ထားသည့် အစိုးရ၏ မှတ်တမ်းတွင် ဖော် ပြခဲ့သည်။ယင်းသည် ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာ လအထိ သုံးလပတ်ကာလထက် ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ကိုယ်ပိုင်အလုပ်လုပ်ကိုင်နေ သူများ၏ ဝင်ငွေသည် ၂၀၂၂ ခုနှစ် ဧပြီမှ ဇွန်လအကြား ဝင်ငွေများ ကျဆင်းခဲ့ပြီး လစဉ် ဝင်ငွေသည် ၁၄၇၆၂ ရူပီး (၁၇၈ ဒသမ ၆၇ ဒေါ်လာ) သာရှိခဲ့သည်ဟု မက်ဆာချူးဆက် တက္ကသိုလ်မှ သုုတေသီများဖြစ်သည့် ဂို့ရှ် နှင့် စီပီ ချန်ဒရာရှက်ခါ တို့၏ သုတေသနတွင် ဖော်ပြခဲ့သည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ဒီဇင် ဘာလအတွင်း ကိုယ်ပိုင်လုပ်ငန်းလုပ်သူများ ၏ ပျမ်းမျှလစဉ်ဝင်ငွေသည် ၁၅၂၄၇ ရူပီး ရှိ ခဲ့သည်ဟု ယင်းသုတေသနတွင် ဖော်ပြခဲ့ သည်။

 “အဆိုးရွားဆုံးကတော့ အလုပ်အကိုင် ရရှိရေးအတွက် ကျောရိုးတစ်ခုဖြစ်တဲ့ အသေး စား စီးပွားရေးလုပ်ငန်းတွေ ပြိုလဲခဲ့တာဖြစ်ပါ တယ်”ဟု ဂို့ရှ်က ပြောကြားခဲ့သည်။

အသက် ၂၂ နှစ်အရွယ် ကျောင်းသား ဟောင်းတစ်ဦးဖြစ်သူ အာရှက် အလီ အန်ဆာ ရီက ကပ်ရောဂါစတင်ဖြစ်ပွားခဲ့ချိန်တွင် သူ့ အစ်ကိုနှင့် သူ့အမသည် အလုပ်လက်မဲ့ဖြစ် သွားခဲ့သည်ဟု ဆိုသည်။

မီးဖိုချောင်နှင့်တွဲထားသည့် အခန်းတစ် ခန်းတည်းသာရှိသည့် အိမ်ထဲတွင် သူသည် မိသားစုဝင်ရှစ်ဦးနှင့်အတူ နေထိုင်ရပြီး အ သက် ၆၀ အရွယ် သူ့ဖခင်၏ လစဉ်ဝင်ငွေ သည် ရူပီး ၂၀,၀၀၀ သာရှိသဖြင့် စားဝတ်နေ ရေးအတွက် ရုန်းကန်ခဲ့ရသည်ဟု ဆိုသည်။

သူ့အစ်ကိုသည် ဘွဲ့ရပညာတတ်တစ် ဦးဖြစ်ပြီး ဘဏ်တစ်ခုတွင် အလုပ်ရခဲ့သော် လည်း ကပ်ရောဂါဖြစ်ပွားချိန်တွင် အလုပ်အ ကိုင်ဆုံးရှုံးခဲ့ရသည်ဟု အန်ဆာရီက ပြော ကြားခဲ့သည်။

“ကျွန်တော့်အစ်ကိုက ပညာတတ်တစ် ဦးဖြစ်ပြီး အတွေ့အကြုံလည်းရှိပါတယ်”ဟု အန်ဆာရီက ပြောကြားခဲ့သည်။

အိန္ဒိယသည် လာမည့် ၁၀ နှစ်အတွင်း အလုပ်အကိုင်ပေါင်း သန်း ၇၀ ကို ဖန်တီးပေး ရန်လိုအပ်လိမ့်မည်ဟု HSBC ဘဏ်လုပ်ငန်း စုမှ အိန္ဒိယ စီးပွားရေး ပညာရှင် ပရန်ဂျူ ဘ ဟန်ဒါရီက ယခုလအစောပိုင်းက ရေးသား ဖော်ပြခဲ့သော်လည်း လာမည့် ၁၀ နှစ်အတွင်း အလုပ်အကိုင်ပေါင်း ၂၄ သန်းသာ ဖန်တီးနိုင် ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။

 Ref: Reuters                              

Most Read

Most Recent