ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင် ပွဲ အုပ်စုအဖွင့်ပွဲစဉ်မှာ အိမ်ရှင် အာဂျင်တီးနားအသင်းက ဥဇဘက်ကစ္စတန်ကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ဘရာဇီးလ်ပြီးရင် ဒုတိယရေပန်းအစားဆုံးအသင်းဖြစ်တဲ့ အာဂျင်တီးနားအသင်းဟာ ပြိုင်ဘက်ကို ဦးဆောင်ဂိုးပေးခဲ့ရပေမဲ့ နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် အာဂျင်တိုင်းပရိသတ်တွေအတွက် အဖွင့်လှခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီပွဲမှာ အာဂျင်တီးနားအသင်းအတွက်အနိုင် ဂိုးသွင်းပေးခဲ့သူကတော့ ကွင်းလယ်ကစားသမား ကာဘိုနီဆို သူပါပဲ။















