လာအိုထိပ်သီးကလပ် Young Elephant အသင်းသည် မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းမှ လူငယ်တိုက်စစ်မှူးဖြစ်သူ ကောင်းမြတ်သူကို ရာသီဝက်စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။
Young Elephant အသင်းသည် အသက်(၂၃) နှစ်ရှိ တိုက်စစ်မှူး ကောင်းမြတ်သူကို ရာသီဝက်သာ စာချုပ်ချုပ်ဆိုထားသော်လည်း ကစားသမား၏ စွမ်းဆောင်ရည် အပေါ်မူတည်၍ AFC Cup ပြိုင်ပွဲဝင်ခွင့်အတွက် သက်တမ်းတိုးမည့်အချက်ကို ထည့်သွင်းချုပ်ဆိုထားကြောင်း သိရသည်။
ယခု ၂၀၂၃ ရာသီ လာအိုလိဂ်ပြိုင်ပွဲမှာ ပထမအကျော့ပြီးဆုံးသွားပြီဖြစ်သောကြောင့် Young Elephant အသင်းသည် ကောင်းမြတ်သူကို ဒုတိယအကျော့အတွက် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Young Elephant အသင်းသည် ယခု ၂၀၂၃ ရာသီတွင် ၈ ပွဲ ကစား ၈ ပွဲနိုင်၊ ရှုံးပွဲမရှိ၊ ၊ရမှတ် ၂၄ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ရပ်တည်နေကြောင်း သိရသည်။
ယခုရာသီ လာအိုလိဂ်ပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်များမှာ ပြီးခဲ့သည့် မေ ၂၁ ရက်က ပြန်လည်စတင်နေပြီဖြစ်ပြီး အသင်း ၈ သင်းကို နှစ်ကျော့စနစ်ဖြင့် ကျင်းပနေခြင်းဖြစ်သည်။
Young Elephant အသင်းသည် ပြီးခဲ့သည့်ရာသီက မြန်မာတိုက်စစ်မှူး အီစိုးကို ခေါ်ယူအသုံးပြုခဲ့သည်။















