နယူးကာဆယ် နှင့် လက်စတာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
လက်စတာအတွက်တော့ တန်းဆင်းဇုန်တိုက်ပွဲအတွက် အသည်းအသန်ရုန်းကန်နေရချိန်မှာ နယူးကာဆယ်လို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့အသင်းနဲ့ ကစားရတာ ကံဆိုးတယ်လို့ ပြောရမယ်။ နယူးကာဆယ်က အမှားခံမှာမဟုတ်သလို၊ အလျှော့ပေးမှာလည်း မဟုတ်ဘူး။ လက်ရှိခြေစွမ်း၊ ရလဒ်၊ ခံစစ်၊ တိုက်စစ် အစစအရာရာ တော်တော်လေးကွာခြားပါတယ်။ နယူးကာဆယ်နိုင်ပွဲယူလိမ့်မယ်။
ရိုးမား နှင့် ဆလာနီတာနာ (မြန်မာစံတော်ချိန် တနင်္လာည ၁၁းဝ၀ နာရီ)
ရိုးမားရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က ကုန်သလောက်ဖြစ်သွားပါပြီ။ မော်ရင်ဟိုအနေနဲ့ ပြည်တွင်းပြိုင်ပွဲထက် ယူရိုပါလိဂ်ကိုပဲ ပိုအာရုံစိုက်ဖို့ရှိတယ်။ ဆလာနီတာနာက ကစားပုံအတော်လေး ကောင်းလာတဲ့အသင်းပါ။ ရိုးမားနိုင်ရင်တောင် ဂိုးမပြတ်လောက်ဘူး။
အမ်ပိုလီ နှင့် ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)
ဂျူဗင်တပ်စ်က (၁)ပွဲနိုင်တာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်လက်မှတ်ရပါပြီ။ ဒါပေမဲ့ ယူရိုပါလိဂ်အဝေးကွင်းပွဲစဉ်ကစားခဲ့ရတာကြောင့် ဂျူဗင်တပ်စ်အသင်း ပွဲပန်းနေနိုင်တာကိုတော့ သတိပြုရပါမယ်။ အမ်ပိုလီက အိမ်ကွင်းမာဂုဏ်မြင့်ပြီး တူရင်မြို့ခံအသင်းကို ဒုက္ခပေးနိုင်မယ့် ခြေစွမ်းမျိုးလည်း ရှိတယ်။ သရေကျဖို့များပြီး ဂျူဗင်တပ်စ်နိုင်ရင်တောင် ဂိုးမပြတ်လောက်ဘူး။ (၂) သင်းပေါင်းသွင်းဂိုးများနိုင်တယ်။















