လက်ချီ - စပီဇီယာ (တနင်္ဂနွေညနေ ၅း၀၀ နာရီ)
တန်းဆင်းဇုန်တိုက်ပွဲဖြစ်ပြီး နောက်ဆုံးပွဲမှာ အေစီမီလန် ကို အနိုင်ကစားခဲ့တဲ့ စပီဇီယာရဲ့ ခြေစွမ်းကိုတော့ ချီးကျူးရမယ်။ လက်ချီကွင်းမှာ ကစားရမှာဖြစ်ပေမဲ့ စပီဇီယာအသင်း သရေ လောက်တော့ မျှော်လင့်နိုင်တယ်။
တိုရီနို - ဖီအိုရင်တီးနား (တနင်္ဂနွေည ရး၃၀ နာရီ)
ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပြီး တိုရီနိုအနေနဲ့ ကိုပါအီတာ လီယာဖလားပြိုင်ပွဲ ရှုံးေ<ကးပြန်ဆပ်ဖို့ ကြိုးစားပါလိမ့်မယ်။ ဖီအို ရင်တီးနားက အိမ်ကွင်းကစားပုံကောင်းပေမဲ့ အဝေးကွင်းဆိုရင် တော့ ကျဆင်းသွားတတ်တယ်။ အိမ်ရှင်ကို ကြိုက်တယ်။
နာပိုလီ - အင်တာမီလန် (တနင်္ဂနွေည ၁၀း၃၀ နာရီ)
အင်တာမီလန်က အကောင်းဆုံးပုံစံရနေတဲ့အသင်းဖြစ်ပြီး ချန်ပီယံနာပိုလီကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်စားစ ရာဖြစ်တယ်။ ပြိုင်ပွဲစုံနောက်ဆုံး (၈)ပွဲဆက် အနိုင်ရထားတဲ့ အင်တာမီလန်ရဲ့ ကစားဟန် Rhythm က အထင်ကြီးစရာဖြစ်ပြီး ယုံကြည်မှုအပိုင်းမှာလည်း အမြင့်ဆုံးရောက်နေတယ်။ နာပိုလီကလည်း အဝေးကွင်းပွဲစဉ်တွေမှာ ရလဒ်ပိုင်းကျဆင်းသွားပေမဲ့ အိမ်ကွင်းဆိုရင်တော့ အကောင်းဆုံးပုံစံမှာ ရှိဆဲပါပဲ။ နေပယ်မှာ ကစားရမှာဖြစ်တာကြောင့် နာပိုလီ အနိမ့်ဆုံးသရေတော့ ကစားနိုင်မယ်ထင်တယ်။ (၂)သင်းပေါင်းသွင်းဂိုး များနိုင်တယ်။
အူဒီးနီးစ် - လာဇီယို (တနင်္လာနံနက် ၁း၁၅ နာရီ)
လာဇီယိုက နောက်ဆုံး (၅)ပွဲမှာ (၃)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး အဆင့် (၂)ကနေ အဆင့် (၄)အထိ ပြန်ကျခဲ့တယ်။ နောက်ဆုံး ပွဲမှာ လက်ချီကို နောက်ကနေလိုက်ကစားခဲ့ရတယ်။ ယုံကြည်မှု အပိုင်းမှာလည်း သိသိသာသာကျဆင်းလာတာကို တွေ့ရတယ်။ အူဒီးနီးစ်ရဲ့ အိမ်ကွင်းကစားပုံက အထင်ကြီးစရာပါ။ စီးရီးအေ အိမ်ကွင်းနောက်ဆုံး (၈)ပွဲဆက် ရှုံးပွဲမရှိကစားနိုင်ခဲ့တယ်။ ဒီ နှစ်သင်းတွေ့ဆုံတဲ့ စီးရီးအေနောက်ဆုံး (၃)ပွဲဆက် သရေရ လဒ်နဲ့ အဆုံးသတ်ခဲ့တယ်။ အခုပွဲလည်း လာဇီယိုအမြင့်ဆုံး သရေလောက်ပဲရမယ်ထင်တယ်။















