“ခန့်မှန်းချက်တွေ မှန်ခဲ့ရင်တော့ နာဂစ်ထက်ပိုသွားတာပေါ့။ နာဂစ်က ၁၂၀ နဲ့ ၁၃၀ ဝန်းကျင်နဲ့ ဝင်တာ။
ရန်ကုန်ဘက်ကိုရောက်တော့ မိုင် ၁၀၀၊ ၈၀ လောက်အထိကျသွားတာပေါ့။ အခုဒီဟာကတော့
စဝင်တဲ့အချိန်မှာကို ၁၃၀၊ ၁၄၀ လောက်နဲ့ ဝင်နိုင်တယ်။ အခုနောက်ဆုံး GDACS ကနေ ခန့်မှန်းတဲ့ အနေအထားဆိုရင် Category 4 အထိပေါ့။ အဲ့ဒီအထိမြင့်မယ်လို့ ခန့်မှန်းထားတယ်”
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ မေ ၁၄ ရက်တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်မည်ဖြစ်သည်။ ယင်းမိုခါ မုန်တိုင်းအခြေအနေနှင့် ပတ်သက်ပြီး မိုးလေဝသလေ့လာစောင့်ကြည့်သူတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်နှင့် The Daily Eleven သတင်းစာက ဆက်သွယ် မေးမြန်းထားပါသည်။
■ မေး - အခုလက်ရှိ မိုခါမုန်တိုင်းရဲ့ အခြေအနေလေး ပြောပြပေးပါဆရာ။
ဖြေး - လောလောဆယ် ကျွန်တော်တို့ လောလောဆယ် လမ်းကြောင်းရထားတဲ့ အနေအထားအရ ၁၄ ရက်နေ့ ညနေ ဒါမှမဟုတ် ညပိုင်းမှာ ကုန်းတွင်းကိုဖြတ် ပါမယ်။ ရခိုင်ကမ်းရိုးတန်းနဲ့ စစ်တွေမြောက်ပိုင်း အခုနောက်ဆုံးခန့်မှန်းထား တဲ့နေရာက စစ်တွေနဲ့ မောင်တောကြားပေါ့။ အဲ့ဒီကိုဖြတ်မယ်။ ကျွန်တော်တင် ထားတဲ့ Post မှာဆိုရင် ဖြတ်ဖို့အတွက် ခန့်မှန်းထားတဲ့ ရွာနာမည်လေးတွေပါ ထည့်ထားတယ်။ ကျောက်ပတ္တူနဲ့ အင်းဒင်ရွာကြားပေါ့။ အဲ့ဒီကနေဖြတ်မယ် ပေါ့။ လောလောဆယ်တော့ အဲ့ဒီနေရာက မုန်တိုင်းဝင်မယ့်နေရာပေါ့။ အဲ့ဒီ တော့ ထူးခြားချက်တစ်ခုအနေနဲ့ နောက်ဆုံးရတဲ့ခန့်မှန်းချက်တွေမှာ တွေ့ရ တာက ၁၂ ရက် မနက်ပိုင်းပေါ့နော်။ ရတဲ့အနေအထားမှာ မေ ၁၃ ရက် ညနေ ၆ နာရီခွဲလောက်ရောက်ရင် ဆိုင်ကလုန်းမုန်တိုင်း မိုခါက စစ်တွေမြို့ရဲ့အ နောက်တောင်ဘက် မိုင် ၂၈၀ လောက်ကို ရောက်လာမယ်။ ရောက်လာရင်လေ တိုက်နှုန်းက တစ်နာရီ မိုင် ၁၂၀ လောက်အထိမြင့်တက်လာမယ်။ အဲ့ဒီကနေ ဆက်ပြီးတော့ အရှေ့မြောက်ဘက်ကို ဆက်ရွေ့မယ်။ မေလ ၁၄ ရက် ညနေ ၆ နာရီခွဲလောက်မှာ ဝင်မယ်။ မနက် ၆ နာရီခွဲမှာ စစ်တွေမြို့ရဲ့ အနောက် တောင်ဘက် မိုင် ၁၄၀ လောက်ကိုရောက်လာမယ်။ ရောက်လာပြီးတော့ မုန် တိုင်းရဲ့ ဗဟိုလေတိုက်နှုန်းက တစ်နာရီကို ၁၃၈ မိုင်နှုန်းနဲ့ ဆိုင်ကလုန်းမုန်တိုင်း CAT-3 အဆင့်ကို ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားကြတယ်။ လမ်း ကြောင်းကတော့ သိသိသာသာမပြောင်းသွားဘူးပေါ့။ မနေ့က ရထားတဲ့လမ်း ကြောင်းရဲ့မြောက်ဘက် မိုင် ၃၀ လောက်ပဲတက်တယ်။ မိုင် ၃၀ ဆိုတော့ စစ် တွေရဲ့မြောက်ဘက် စစ်တွေနဲ့ မောင်တောကြား ကျောက်ပတ္တူနဲ့ အင်းဒင်ရွာ ကြားကနေ ဝင်မယ်လို့ တွေ့တယ်။ ဒါက မုန်တိုင်းဝင်မယ့်အနေအထားပေါ့။ သူ့ရဲ့ နောက်ဆုံး ၁၁ နာရီလောက်မှာ ဘာထပ်သိရလဲဆိုတော့ မုန်တိုင်းဒီလှိုင်း ရဲ့ အမြင့်ပေါ့။ အဲ့ဒါကို ဘယ်ကထုတ်ပြန်လဲဆိုတော့ ဥရောပသမဂ္ဂနဲ့ ကုလသ မဂ္ဂက ထူထောင်ထားတဲ့ GDACS ဆိုတဲ့ သဘာဝဘေးအန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေကို ခန့်မှန်းပေးတဲ့ စနစ်ပေါ့။ အဲ့ဒီကရတယ်။ ရတော့ ကြည့် လိုက်တဲ့အခါမှာ မုန်တိုင်းရဲ့ ဒီလှိုင်းက ၂ မီတာ၊ နောက်ဆုံးရတဲ့အချက်အလက် အရဆို ၂ ဒသမ ၉ မီတာလောက်အထိ မြင့်လာတယ်။ ခုနစ်ပေ ကျော်ကျော်၊ အနိမ့်ဆုံးဆိုရင် လေးပေလောက်အထိရှိမယ်။ အဲ့ဒါက စစ်တွေ၊ ကျောက်ဖြူ၊ မြစ်ဝကျွန်းပေါ်၊ ထိုင်းပင်လယ်ကွေ့မှာရော မုန်တိုင်းဝင်တဲ့့အချိန်မှာ မုန်တိုင်း ဒီလှိုင်းက ဒီအနေအထားလောက်အထိရှိမယ်လို့ ခန့်မှန်းထားကြတယ်။ ဒီနေ ရာမှာ ၇ ပေပေါ့။ ထိုင်းပင်လယ်ကွေ့လိုနေရာနဲ့ ကုန်းတွင်းကို ဝင်မယ့်စစ်တွေ ပတ်ဝန်းကျင်က နေရာကိုယှဉ်ရင် ထိုင်းပင်လယ်ကွေ့မှာက လေတိုက်နှုန်း ဒီ ဘက်မှာလို မရှိဘူး။ ရေ ၇ ပေက အသာလေးတက်လာပြီးတော့ ကမ်းခြေကို လှိုင်းပုတ်တဲ့အဆင့်လောက်ပဲဖြစ်မယ်။ ဒီဘက်မှာကျတော့ ရေ ၇ ပေဆိုတဲ့ ထုထည်ကြီးက သူ့ကို လေတိုက်နှုန်းက နောက်ကနေ ပေါင်းထည့်လိုက်တာဖြစ် တဲ့အတွက် ရေထုထည် x လေတိုက်နှုန်းဆိုရင် ရေထုထည်ရဲ့ အဖျက်စွမ်းအား က တော်တော်ကြီးမယ်လို့ တွက်လို့ရပါတယ်။
■ မေး - မုန်တိုင်းသွားမယ့်လမ်းကြောင်းကတော့ ခုနကပြောသလိုဆို ကျောက်ပတ္တူ ကနေဖြတ်မှာပေါ့နော်။ ဒါဆိုရင် ကုန်းတွင်းကို ဝင်ရောက်မယ့်အချိန်မှာ မုန်တိုင်းရဲ့ အချင်းကရော ဘယ် လောက်များဖြစ်လာနိုင်မလဲခင်ဗျ။
ဖြေး - မနေ့က နောက်ဆုံးတိုင်းထွာချက်တွေအရ အချင်းက ၄၄၇ ပေရှိတယ်။ မုန်တိုင်းက လေတိုက်နှုန်းမြင့်လာလေ သူ့ရဲ့မုန်တိုင်းအချင်းက ကျယ်လာလေ ပဲ။ တိမ်တွေရဲ့ အပြင်ကို ပျံ့ထွက်တဲ့နှုန်းပေါ့။ အခု ခန့်မှန်းထားတာတော့ အရင်ခန့်မှန်းထားသလိုပဲ မိုင် ၅၀၀ လောက်ရှိလာနိုင်တယ်။ မိုင် ၅၀၀ ဆိုတဲ့ အတိုင်းအတာက ရခိုင်ကမ်းရိုးတန်းကြီးတစ်ခုလုံး မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းကြီးတစ်ခုလုံးထက် နည်းနည်းတောင်ပိုကြီးတယ်။
■ မေး - ဒါဆိုရင် အဝန်းအဝိုင်းကလည်းကျယ်တော့ ရခိုင်နဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း စတဲ့နေရာတွေကလည်း မုန်တိုင်းရဲ့ဒဏ်ကို ဘယ်လောက်အထိ ခံစားရမလဲဆရာ။
ဖြေး - ၁၄ ရက်နေ့ မိုခါက ဝင်ပြီးသွားတဲ့အခါကျရင် သူက မြစ်ကြီးနားနဲ့ကသာ အထိကို ကုန်းတွင်းမုန်တိုင်းအဖြစ်နဲ့ ရောက်မယ်။ မြစ်ကြီးနားနဲ့ ကသာနား ရောက်တော့မှ တစ်နာရီကို မိုင် ၂၀ နှုန်းအောက်ကိုကျသွားပြီး လေဖိအားနည်း ရပ်ဝန်းအနေနဲ့ ပျက်ပြယ်သွားမှာပေါ့။ မုန်တိုင်း ကုန်းတွင်းကို ဖြတ်ပြီးသွားပြီ ဆိုတာနဲ့ အရင်ဆုံး ရခိုင်ရိုးမတောင်တန်းကြီးနဲ့ ချင်းတောင်တန်း တောင်ထူ ထပ်တဲ့ဒေသတွေကို လေစီးကြောင်းကဖြတ်သွားမှာဖြစ်တော့ နိမ့်တဲ့လေစီး ကြောင်းတွေ ပေ ငါးထောင်အောက်နိမ့်တဲ့ လေစီးကြောင်းတွေပေါ့။ အဲဒါတွေ ကတောင်တွေနဲ့ တိုက်ပြီး ပျက်သွားမယ်။ မုန်တိုင်းက တဖြည်းဖြည်းနဲ့အားပျော့ သွားမယ်။ မြစ်ကြီးနား ကသာနားဆိုရင် အားလျော့သွားမယ်။ ဒီအခြေအနေ မှာ မုန်တိုင်းဗဟိုကတော့ မိုင် ၃၀၀ ကျော် ၄၀၀ လောက်ရှိတဲ့ မုန်တိုင်းရဲ့အတွင်း စက်ဝန်းပေါ့။ အပြင်စက်ဝန်းက မိုင် ၅၀၀ လောက်ရှိမယ်။ အတွင်းစက်ဝန်းက မိုင် ၃၀၀ လောက်ရှိမှာပေါ့။ ဒီမိုင် ၃၀၀ လောက်ရှိတဲ့အတွင်းစက်ဝန်းက မုန် တိုင်းဗဟိုရဲ့ တိုက်ရိုက်သက်ရောက်မှုရှိတဲ့ ဧရာဝတီ အနောက်ဘက်ကမ်း၊ကမ်း ခြေတွေရှိတဲ့နေရာ ပဲခူးတိုင်းအနောက်ခြမ်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တ လေးတိုင်း၊ ချင်းပြည်နယ် ပြီးရင် ကချင်ပြည်နယ် တောင်ပိုင်းလောက်အထိကို မုန်တိုင်း အတွင်းစက်ဝန်းရဲ့ သက်ရောက်မှုက ရှိပါတယ်။
■ မေး - ဒါဆိုရင် နာဂစ်နဲ့ ယှဉ်မယ်ဆို ဘယ်အခြေအနေလောက်အထိရှိမလဲဆရာ။
ဖြေး - နာဂစ်အနေအထားက ဘင်္ဂလားပင်လယ်အောင် အရှေ့တောင်ပိုင်းမှာ စဖြစ်တယ်။ အခုဒီကောင်ကလည်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း မှာ စဖြစ်တယ်။ စဖြစ်တဲ့နေရာတွေက အတူတူပဲ။ ဆက်ရွေ့တာကလည်း နာဂစ်က ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကိုရွေ့တယ်။ မိုခါက လည်း ဒီအတိုင်းပဲရွေ့တယ်။ ရွေ့လာပြီးတော့မှ နာဂစ်က ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်း ပုသိမ်အနောက်ဘက် မိုင် ၂၀၀၊ ၃၀၀ လောက်ကို ရောက်တဲ့အချိန်မှာ အရှေ့ဘက်ကို ချိုးပြီး မော်တင်စွန်း ဟိုင်းကြီးကျွန်းနားက နေ မြစ်ဝကျွန်းပေါ်ကို ဖြတ်ဝင်တာ။ ဖြတ်ဝင်သွားတဲ့ လမ်းကြောင်းတစ် လျှောက်မှာ ရန်ကုန်၊ ပဲခူး ကျော်တဲ့အထိ သူ့ကို အခုအခံက ပဲခူးရိုးမကြီးတစ်ခုပဲ ရှိတယ်။ အင်အားက တောက်လျှောက်ကောင်းလာပြီး ပဲခူးတိုင်း အရှေ့ခြမ်း ကယားပြည်နယ်အတွင်းပိုင်းအထိ အင်အားကောင်းကောင်းနဲ့ ဖြတ်သွားတာ။ မိုခါကို ပြန်ကြည့်ရင် စစ်တွေပတ်ဝန်းကျင်၊ ကျောက်ဖြူပတ်ဝန်းကျင်ဒေသတွေ က တောင်လေးတွေတော့ ထူတယ်။ တောင်ထူထပ်မှုရှိတယ်။ နောက်တစ်ခုက မြစ်ဝကျွန်းပေါ်နဲ့တူတဲ့အနေအထားက မြစ်ချောင်းတွေပေါတယ်။ ကုန်းတွင်း ဝင်မယ့်အချိန်မှာ အင်အားအနေနဲ့ကတော့ သူက နာဂစ်လိုမျိုး လမ်းကြောင်း အရှည်ကြီး ဖြစ်သွားတာတော့ မဖြစ်နိုင်ဘူး။ ခုနက ပြောတဲ့ ချင်းတောင်တန်း၊ ရခိုင်ရိုးမတောင်တန်းတွေနဲ့ တွေ့ပြီးတော့ low level အနိမ့်ပိုင်းလေစီး ကြောင်းတွေ ပျက်မယ်။ နာဂစ်တုန်းကတော့ မပျက်ဘူး။ ကုန်းတွင်းကိုရောက် တဲ့အချိန်မှာ မိုခါက အားပျော့ပျက်ပြယ်သွားလိမ့်မယ်။ နာဂစ်တုန်းကတော့ တောက်လျှောက်ကိုသွားတယ်။ ဒါကတော့ မတူတဲ့အချက်ပါဗျ။
■ မေး - မိုခါရဲ့ အဖျက်စွမ်းအား ဘယ်လောက်အထိ ရှိနိုင်မလဲ ခန့်မှန်းပေးပါခင်ဗျ။
ဖြေး - အဖျက်စွမ်းအားက မြန်မာနိုင်ငံရဲ့ အနောက်ဖက်ကမ်းရိုးတန်းကြီးတစ် ခုလုံးကတော့ ကမ်းခြေစထိတဲ့အချိန်မှာ မလျော့နိုင်ဘူး။ ကုန်းတွင်းစရောက်တဲ့ အချိန်မှာတော့ အဖျက်စွမ်းအားလျော့သွားမယ်။ မိုးများမယ်။ မိုးများမှာက ကျိန်းသေတယ်။ မုန်တိုင်း တိမ်တိုက်ကြီးတွေက ပါလာမယ့် မိုးတိမ်တွေက မိုး များများရွာလိမ့်မယ်။ တချို့နေရာတွေမှာ ခုနစ်လက်မ၊ ရှစ်လက်မလောက်အ ထိ ဆယ်လက်မလောက်အထိ ရွာနိုင်တယ်။ ရွာနိုင်တဲ့အခါကျတော့ ချင်းပြည် နယ်၊ မကွေးတိုင်းပေါ့။ ချင်းပြည်နယ်မှာက တောင်တွေထူထပ်တယ်။ တောင် ပြိုတာ မြေပြိုတာတွေဖြစ်မယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးလိုနေရာ မျိုးကျတော့ တောင်ကျချောင်းရေတွေဆင်းမယ်။ ပခုက္ကူလိုနေရာမျိုးဆိုရင် ပြီးခဲ့တဲ့နှစ်တွေတုန်းကလို တံတားတွေပြုတ်သွားတာတွေရှိခဲ့ဖူးတယ်။ အဲ့ဒီနေ ရာတွေကို အထူးသတိထားဖို့လိုတယ်။ နောက်တခုက ကသာ၊ ဗန်းမော်၊ မုံရွာ စတဲ့နေရာတွေမှာ တောင်ကျချောင်းရေတွေ များလာမယ့်အနေအထားရှိ တယ်။ ဒေါင်းသေချောင်းလိုဟာမျိုးတွေပေါ့။ နောက်တခုက ကျွန်တော်သတိ ထားစေချင်တဲ့နေရာက ပုဂံ။ ပုဂံဆိုရင် မုန်တိုင်းအတွင်းစက်ဝန်း ဖြတ်သွား မယ်နေရာမှာရှိတယ်။ အဲဒီတော့ ပုဂံက ဘုရားတွေက အိုဟောင်းနေပြီ။ လေ မိုးတအားများတော့ ဒီနေရာတွေမှာ အန္တရာယ်တွေ ရှိလာနိုင်တယ်။
■ မေး - မိုခါက ခန့်မှန်းချက်တွေအရဆို တစ်နာရီကို ၁၃၈ မိုင်လောက်အထိတိုက်မယ်ဆိုတော့ နာဂစ်ရဲ့စွမ်းအားနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အခုလို ခန့်မှန်းချက်တွေအတိုင်း ဖြစ်လာမယ်ဆိုရင်ပေါ့ နော်။ သူ့ရဲ့စွမ်းအားက နာဂစ်ထက်ပိုသွားမလား။
ဖြေး - ခန့်မှန်းချက်တွေ မှန်ခဲ့ရင်တော့ နာဂစ်ထက်ပိုသွားတာပေါ့။ နာဂစ်က ၁၂၀ နဲ့ ၁၃၀ ဝန်းကျင်နဲ့ ဝင်တာ။ ရန်ကုန်ဘက်ကိုရောက်တော့ မိုင် ၁၀၀၊ ၈၀ လောက်အထိကျသွားတာပေါ့။ အခုဒီဟာကတော့ စဝင်တဲ့အချိန်မှာကို ၁၃၀၊ ၁၄၀ လောက်နဲ့ ဝင်နိုင်တယ်။ အခုနောက်ဆုံး GDACS ကနေ ခန့်မှန်းတဲ့ အနေအထားဆိုရင် category 4 အထိပေါ့။ အဲ့ဒီအထိမြင့်မယ်လို့ ခန့်မှန်း ထားတယ်။ အခုကတော့ ခန့်မှန်းထားတာပေါ့။ တကယ်တမ်းတော့ဖြစ်မလာ သေးဘူးပေါ့နော်။ အတည်ပြုချက်ကိုလည်း မထုတ်သေးဘူးပေါ့နော်။ အဲ့ဒီအ တိုင်းသာ တကယ်ဖြစ်ခဲ့ရင် နာဂစ်ရဲ့ အရွယ်အစား နာဂစ်ရဲ့ အင်အားထက် မလျော့ဘူး။ ပိုများဖို့ပဲရှိတယ်။ နာဂစ်ထက် သက်သာမှာက မြေပြင်မှာရှိနေတဲ့ တောင်တန်းတွေကြောင့် ကုန်းတွင်းပိုင်းကို စဝင်ရင်တော့ သက်သာသွားတာ ပေါ့။
အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဆရာ။