ချန်ပီယံလိဂ်လိဂ်ပွဲစဉ်(၃)(ပထမနေ့) ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်လိဂ်ပွဲစဉ်(၃)(ပထမနေ့) ပွဲကြိုသုံးသပ်ချက်
Published 23 October 2018

AEK အေသင် နှင့် ဘိုင်ယန်မြူးနစ် (အင်္ဂါည ၁၁း၂၅ နာရီ)

ဘိုင်ယန်မြူးနစ်ရဲ့ရလဒ်တွေကလည်း မငြိမ်ဘူး။ ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ ဝုလ်ဖ်ဘတ်ကို အဝေးကွင်းမှာ ဂိုးပြတ်နိုင်ခဲ့ပြီး၊ လီဝန်ဒေါစကီး၊ ဟာမီးစ်ရိုဒရီဂွက်ဇ်တို့လည်း ခြေစွမ်းပြခဲ့ကြတယ်။ ဒီပွဲမှာ AEK အေသင်ကို အနိုင်ကစား ဖို့အတွက်က ဘိုင်ယန်မြူးနစ်မှာ ဖိအားမရှိပါဘူး။ ဝုလ်ဖ်ဘတ် နဲ့ပွဲကခြေကို ထိန်းနို်င်ဖို့လိုတယ်ဆိုတဲ့အနေအထားမျိုးလည်း မရှိဘူး။ ဘိုင်ယန်က အချိန်တန်ရင် ဒီအုပ်စုကို ဦးဆောင်မယ့် အသင်းပါ။ ဒီပွဲလည်း ခပ်လွယ်လွယ်နိုင်လိမ့်မယ်။

ယန်းဘွိုင်းစ် နှင့် ဗလင်စီယာ (အင်္ဂါည ၁၁း၂၅ နာရီ)

ယန်းဘွိုင်းစ်က မန်ယူကိုရော၊ ဂျူဗင်တပ်စ်ကိုပါ (၃)ဂိုးစီ ပေးပြီး ရှုံးထားတယ်။ ဂိုးလည်းမရသေးဘူး။ ဗလင်စီယာက နောက်ဆုံး(၅)ပွဲမှာ (၄)ပွဲသရေကျခဲ့တယ်။ ချန်ပီယံလိဂ်မှာ တော့ ယန်းဘွိုင်းစ်နဲ့ သိပ်မကွာဘဲ တစ်မှတ်ပဲရထားသေးတယ်။ ဗလင်စီယာရဲ့ကစားပုံက မဆိုးပေမယ့် တိုက်စစ်ကတော်တော် လေးအားနည်းနေတယ်။ ဘတ်ရှူအာယီ အလုပ်မဖြစ်သလို၊ ဂိုး တွေသွင်းပေးလေ့ရှိတဲ့ ရိုဒရီဂိုလည်း ဒီရာသီမှာ ခြေကျနေတယ်။ မန်ယူနဲ့ ဂျူဗင်တပ်စ် နှစ်ပွဲဆက်တွေ့မယ့်အချိန်မှာ ဒီနှစ်ပွဲက နှစ်သင်းစလုံးအတွက် အရေးကြီးပါတယ်။ ဒါပေမဲ့ လက်ရှိအ နေအထားအရ အမှတ်ခွဲယူကြမယ့်ပွဲမျိုးပါပဲ။

အေဂျက်စ် နှင့် ဘင်ဖီကာ (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

နှစ်သင်းစလုံးက ပြည်တွင်းလိဂ်မှာ ရလဒ်တွေကောင်းနေ ကြပြီး ချန်ပီယံလိဂ်မှာတော့ အေဂျက်စ်က ပိုကောင်းနေတယ်။ ဒါပေမဲ့ ခြေကွာတယ်လို့ပြောလို့မရပါဘူး။ အေဂျက်စ်က နောက် ဆုံးကစားခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်ဆီက သရေတစ်မှတ်ရ အောင်ယူနိုင်ခဲ့ပြီး ဘင်ဖီကာကလည်း ဘိုင်ယန်မြူးနစ်ကို အ ကြိတ်အနယ်ကစားခဲ့တဲ့အသင်းပါ။ နှစ်သင်းစလုံးမှာ လူငယ် ကြယ်ပွင့်တွေရှိကြပေမယ့် အေဂျက်စ်က ယုံကြည်မှုပိုမြင့်မား နေနိုင်တယ်။ အေဂျက်စ် ကပ်နိုင်သွားနိုင်တယ်။

ဟော်ဖန်ဟင်မ် နှင့် လိုင်ယွန် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ဟော်ဖန်ဟင်မ်က အထင်ကြီးလောက်စရာ ကစားပုံရှိပေ မယ့် အဖွင့်(၂)ပွဲမှာ တစ်မှတ်ပဲရထားသေးတယ်။ လိုင်ယွန်က လည်း အဝေးကွင်းမှာ မန်စီးတီးကို အနိုင်ကစားခဲ့ပြီးမှ အိမ်ကွင်း မှာ သရေပြန်ကျခဲ့လို့ နောက်တစ်ဆင့်တက်ရေးအတွက် မရေ မရာပါပဲ။ လက်ရှိအချိန်မှာ လိုင်ယွန်က အမှတ်ပေးဇယားထိပ် ဆုံးမှာ ဦးဆောင်နေပေမယ့် ဒီနှစ်သင်းရဲ့ခြေစွမ်းက သိပ်မကွာ ပါဘူး။ လက်ရှိအနေအထားအရ ပြိုင်ပွဲစုံရလဒ်တွေမှာ နှစ်သင်း စလုံး သိပ်မကောင်းပေမယ့် လိုင်ယွန်ထက်စာရင် ဟော်ဖန် ဟင်မ်က ပိုမာကျောပါတယ်။ ဂျာမန်မြေလည်းဖြစ်လို့ ဟော်ဖန် ဟင်မ်ကိုပဲ ကြိုက်တယ်။

ရှက်တာဒိုးနက် နှင့် မန်စီးတီး (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

မန်စီးတီးက ပရီးမီးယားလိဂ်က ခြေစွမ်းနဲ့ ဥရောပပွဲကခြေ စွမ်း ထပ်တူမကျဘူးဖြစ်နေတယ်။ လိုင်ယွန်၊ ဟော်ဖန်ဟင်မ် နှစ်ပွဲ စလုံးမှာ အကောင်းဆုံးပုံစံမပြနိုင်ခဲ့ဘူး။ ရှက်တာဒိုးနက်က အိမ် ကွင်းမာပြီး၊ မနှစ်ကလည်း မန်စီးတီးကို ဒုက္ခပေးခဲ့ဖူးတဲ့အသင်းပါ။ မန်စီးတီး နိုင်ဖို့ခက်လိမ့်မယ်။

ရိုးမား နှင့် CSKA မော်စကို (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ရိုးမားရဲ့ အိမ်ကွင်းရလဒ်တွေက တော်တော်လေးအားရ စရာကောင်းပါတယ်။ နောက်ဆုံးပွဲမှာ SPAL လို အသင်းမျိုးကို ရှုံးခဲ့တာမျိုးက မမျှော်လင့်တဲ့ ဖြစ်တောင့်ဖြစ်ခဲအနေအထားပါ။ CSKA မော်စကိုက ရီးယဲလ်မက်ဒရစ်ကိုအနိုင်ကစားခဲ့တဲ့အ တွက် ရိုးမားအနေနဲ့ ဒီပွဲကို အနိုင်ရဖို့က ပိုအရေးကြီးသွားတယ်။ အဝေးကွင်းမှာပါ ဆက်နိုင်ဖို့ အရေးကြီးနေတယ်။ အမှားခံမှာ မဟုတ်ဘူး။ ရိုးမားပဲ ကြိုက်တယ်။

ရီးယဲလ်မက်ဒရစ် နှင့် ဗစ်တိုးရီးယားပါလ်ဇန် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်ရဲ့နောက်ဆုံး (၅)ပွဲရလဒ်က တန်းဆင်း ဇုန်ထဲက အသင်းတစ်သင်းရဲ့ ရလဒ်မျိုးဖြစ်နေတာ အံ့သြစရာ ပါ။ ဒီလိုအနေအထားမျိုးမှာ ရီးယဲလ်မက်ဒရစ်ဆီက အများကြီး မျှော်လင့်ထားလို့တော့မရဘူး။ ရီးယဲလ်မက်ဒရစ်အတွက် လို အပ်နေတာကလည်း ဂိုးတွေအများကြီးသွင်းဖို့ထက် နိုင်ပွဲက သာ အဓိကဖြစ်နေတယ်။ ဒါကြောင့် ရီးယဲလ် ဂိုးတွေအများကြီး သွင်းမယ်လို့ မမျှော်လင့်သင့်ဘူး။

မန်ယူ နှင့် ဂျူဗင်တပ်စ်(ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

မန်ယူအသင်းက ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်တွေမှာ ပုံစံကောင်းမပြနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ ယန်း ဘွိုင်းစ်ကိုနိုင်ပြီး အဖွင့်လှခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ ဗလင်စီယာကို သရေပဲကစားခဲ့တာက စိတ်ပျက်စရာရလဒ်ပါ။ ဂျူဗင် တပ်စ်အသင်းနဲ့ နှစ်ပွဲဆက်ကစားရမယ့်အချိန်မှာ (၃)မှတ်ကနေ (၆)မှတ်ကြားမယူနိုင်ခဲ့ဘဲ ဗလင်စီယာက ယန်းဘွိုင်းစ်ဆီက (၆)မှတ်ယူသွားခဲ့ရင် နောက်တစ်ဆင့်တက်ရေးအတွက် အခက်အခဲဖြစ်လာလိမ့်မယ်။ မန်ယူအတွက် အရေးအကြီးဆုံးက တော့ ဒီပွဲပါပဲ။ ဒီပွဲပြီးရင် လက်ကျန်(၃)ပွဲက ဂျူဗင်တပ်စ်ကွင်းနဲ့ ဗလင်စီယာကွင်းမှာ သွားကစားရမယ့်ပွဲစဉ်တွေဖြစ်သွားပြီး အများကြီးမျှော်လင့်လို့မရတဲ့အခြေအနေဖြစ်သွားမယ်။ ဂျူဗင်တပ်စ်က ချန်ပီယံလိဂ်ဖလားနဲ့ လက်တစ်ကမ်းအလိုကနေ လှည့်ပြန်နေရတဲ့အသင်းဖြစ်ပြီး အခုတော့ ချန်ပီယံလိဂ်လူသားလို့ပြောရမယ့် စီရော်နယ်လ်ဒိုကို ခေါ်ယူအားဖြည့်ထားတယ်။ ဂျူဗင်တပ်စ်ရဲ့ ချန်ပီယံဖြစ်နိုင်ခြေကို အားလုံးက မျှော်လင့်ချက်ကြီးကြီးထားနေကြပြီး၊ လက်ရှိအချိန်မှာလည်း ဗလင်စီယာ ကွင်းမှာ ရော်နယ်လ်ဒိုအထုတ်ခံရပြီးနိုင်ခဲ့တာ၊ ယန်းဘွိုင်းစ်ကို ဒီဘားလားရဲ့ဟက်ထရစ်နဲ့ လွယ်လွယ်ကူကူ ဂိုးပြတ်နိုင်ခဲ့တာ တွေက ဂျူဗင်တပ်စ်ကို ပိုမိုအထင်ကြီးစရာဖြစ်နေတယ်။ ဒီပွဲက ဂျူဗင်တပ်စ်အတွက် အစမ်းသပ်ခံရမယ့်ပွဲပါ။ မန်ယူမှာ တောင့် တင်းတဲ့ လူစာရင်းရှိနေဆဲဖြစ်ပေမယ့် ဂျူဗင်တပ်စ်က ပိုကောင်းနေတာ ငြင်းလို့မရပါဘူး။ ချယ်လ်ဆီးနဲ့ပွဲ ဒုတိယပိုင်းလိုခြေစွမ်း မျိုးကို ဒီပွဲအထိသယ်လာနိုင်ရင်တော့ အိမ်ကွင်းမှာ မန်ယူ မျှော်လင့်ခွင့်ရှိပါတယ်။ ဖြစ်နိုင်တာကတော့ သရေပွဲပါပဲ။