ဘက်ဆစ်တက်အသင်းသည် မန်ယူအသင်း၌ အငှားကစားနေသည့် ဘန်လေတိုက်စစ်မှူး ဗက်ဟော့စ်အား ထပ်မံခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။
ဗက်ဟော့စ်သည် ဘန်လေအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိိုထားသည့်ကစားသမားဖြစ်ပြီး ပြီးခဲ့သည့်နွေရာသီက ဘက်ဆစ်တက်အသင်းသို့ အငှားဖြင့်ပြောင်းရွှေ့ခဲ့ကာ (၁၈)ပွဲတွင် (၉)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။
သို့သော် မန်ယူအသင်း၏ကမ်းလှမ်းမှုကြောင့် ဗက်ဟော့စ်မှာ ဘက်ဆစ်တက်နှင့်စာချုပ်ကို စောစီးစွာ ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
ဗက်ဟော့စ်သည် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၂၁)ပွဲတွင် (၂)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး နောက်ပိုင်းပွဲများ၌ အရန်ခုံသာ ထိုင်နေရသည်။















