လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဗာနာသည် အော့စ်ဘတ်အသင်းအား (၃-၂)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် (၂)ဂိုး သွင်းယူပေးပြီးနောက် ကစားသမားဘဝ ဘွန်ဒစ်လီဂါသွင်းဂိုး (၁၀၀)ပြည့်မြောက်ခဲ့ကြောင်း သိရသည်။
ဗာနာသည် ရာပြည့်ဂိုးမှတ်တမ်းရရှိရန် ဘွန်ဒစ်လီဂါပွဲပေါင်း (၂၄၄)ပွဲ ကစားခဲ့ရပြီး ပွဲအစပိုင်း (၃၅)မိနစ်အတွင်း ကစားသမားဘဝ ဒုတိယအကြိမ်မြောက်အဖြစ် (၂)ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဗာနာသည် လိုက်ပ်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၉၂)ပွဲတွင် (၁၁၁)ဂိုး သွင်းယူပေးထားသည်။















