မန်ယူကစားသမားဘဝ ပြိုင်ပွဲစုံ ပွဲ(၁၀၀)ပြည့်သည့်ပွဲတွင် ပထမဆုံးပရီးမီးယားလိဂ်ဂိုးကို နောက်ခံလူ ဒါလော့ သွင်းယူနိုင်ခဲ့

မန်ယူကစားသမားဘဝ ပြိုင်ပွဲစုံ ပွဲ(၁၀၀)ပြည့်သည့်ပွဲတွင် ပထမဆုံးပရီးမီးယားလိဂ်ဂိုးကို နောက်ခံလူ ဒါလော့ သွင်းယူနိုင်ခဲ့
Photo: Man Utd Twitter
Photo: Man Utd Twitter
Published 17 April 2023

မန်ယူအသင်း၏နောက်ခံလူ ဒါလော့သည် မန်ယူကစားသမားဘဝ ပြိုင်ပွဲစုံပွဲ(၁၀၀)ပြည့်သည့်ပွဲတွင် မှတ်မှတ်ရရအဖြစ် ပထမဆုံးပရီးမီးယားလိဂ်ဂိုးကို သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

ပေါ်တူဂီနောက်ခံလူ ဒါလော့ (၂၄ နှစ်)သည် ၂၀၁၈ နွေရာသီတွင် ပေါ်တိုအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေးပေါင်(၁၉)သန်းဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး လာမည့်ရာသီ၌ မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။ ဒါလော့သည် အေစီမီလန်အသင်းတွင် အငှားသွားရောက်ကစားခဲ့ပြီးနောက်ပိုင်း မန်ယူအသင်း၌ ပွဲကစားခွင့်ပိုရလာခဲ့သူဖြစ်ပြီး လက်ရှိရာသီမှာ ၎င်းအတွက် မန်ယူကစားသမားဘဝတွင် ပွဲအများဆုံး ကစားခွင့်ရသည့်ရာသီလည်း ဖြစ်နေသည်။

ပြိုင်ပွဲစုံ(၃၅)ပွဲအထိ ကစားထားရခြင်းဖြစ်ပြီး ပွဲထွက်ကစားသမားအဖြစ် (၃၂)ပွဲကစားခွင့်ရခဲ့သည်။

ယခုတစ်ပတ် ယှဉ်ပြိုင်ကစားသည့် နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲမှာ ၎င်းအတွက် မန်ယူကစားသမားဘဝ ပြိုင်ပွဲစုံပွဲ(၁၀၀)ပြည့်ပွဲဖြစ်ပြီး ရာပြည့်ပွဲ၌ ပထမဆုံးပရီးမီးယားလိဂ်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဒါလော့သည် ပရီးမီးယားလိဂ် (၆၅)ပွဲ ယှဉ်ပြိုင်ကစားရာတွင် တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲစုံတွင်မူ (၃)ဂိုးသွင်းယူထားပြီး လိဂ်ဖလား၌ တစ်ဂိုး၊ ယူရိုပါလိဂ်၌ တစ်ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent