ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 17 April 2023

လိဒ်စ် နှင့် လီဗာပူးလ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

လီဗာပူးလ်က လိဒ်စ်အသင်းရဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်တဲ့ ခံစစ်အနေအထားမျိုးမဟုတ်ဘူး။ လိဒ်စ်က တိုက်စစ်ကစားပုံ တော်တော်လေးကောင်းပြီး လီဗာပူးလ်ခံစစ်ကို အခက်တွေ့ စေလိမ့်မယ်။ လီဗာပူးလ် မထင်မှတ်ဘဲ ရလဒ်ဆိုးသွားနိုင်တဲ့ပွဲဖြစ်ပြီး သရေလည်းကျသွားနိုင်တယ်။ 

ဖီအိုရင်တီးနား နှင့် အတ္တလန်တာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ဖီအိုရင်တီးနားရဲ့ ကစားပုံက အိမ်ကွင်းဆို ထိပ်သီးအသင်းတွေကိုတောင် ဒုက္ခပေးနိုင်တာ တွေ့ရတယ်။ အတ္တလန်တာက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားစိုက်နေပေမဲ့ ဖလောရင့်မှာတော့ ထင်သလောက်မလွယ်နိုင်ဘူး။ အိမ်ရှင်ကို ကြိုက်တယ်။

ဆယ်လ်တာဗီဂို နှင့် မာယော့ကာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

ဆယ်လ်တာဗီဂိုက ဥရောပဝင်ခွင့်တစ်နေရာအတွက် မျှော်လင့်ချက်ရှိနေသေးတယ်။ ဒါကြောင့် အခုအိမ်ကွင်းမှာ ပုံစံကောင်းကို အပျက်ခံမှာမဟုတ်ပါဘူး။ မာယော့ကာတို့ အမှတ်ရဖို့ရုန်းကန်လာနိုင်ပေမယ့် ဆယ်လ်တာဗီဂိုပဲရွေးထားမယ်။

Most Read

Most Recent