၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့စားသောက် ကုန်စျေးနှုန်းများ စံချိန်တင်မြင့်တက်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့က ထုတ်ပြန်လိုက် သည်။
ဒီဇင်ဘာတွင် ကမ္ဘာ့စားနပ်ရိက္ခာစျေး နှုန်းများသည် နဝမမြောက်လအဖြစ် ဆက် တိုက်ကျဆင်းခဲ့သည်ဆိုသော်လည်း ၂၀၂၂ ခုနှစ်တွင် တစ်နှစ်ပတ်လုံးအနေဖြင့် စားနပ် ရိက္ခာစျေးများ စံချိန်တင်အမြင့်ဆုံးဖြစ်ခဲ့ သည်ဟု မကြာသေးမီက ကုလသမဂ္ဂက ထုတ် ပြန်သောအချက်အလက်များအရ သိရသည်။
စိုက်ပျိုးရေးအင်အားကြီးနိုင်ငံဖြစ်သော ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက် စားနပ်ရိက္ခာစျေးနှုန်းများသည် မတ်လတွင် လအလိုက် စံချိန်တင်မြင့်တက်ခဲ့သည်။
ယူကရိန်းသည် ကမ္ဘာသို့ ဂျုံနှင့်ဟင်း ချက်ဆီအများဆုံးတင်ပို့နေသောနိုင်ငံဖြစ် သည်။ သို့ရာတွင် မတ်လနောက်ပိုင်းတွင် စျေး နှုန်းများ ကျဆင်းခဲ့သည်။ ယူကရိန်းကောက် ပဲသီးနှံများကို ရေကြောင်းမှတင်ပို့ခြင်းအား ရုရှားပိတ်ဆို့မှု ပြန်ဖွင့်ပေးခဲ့သည့်ဇူလိုင်တွင် စျေးနှုန်းများ သက်သာလာခဲ့သည်။
စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့သော ၎င်း၏ ကုန်စျေးနငန်းအညွှန်းကိန်းတွင် စားသောက်ကုန်စည်တစ်ခြင်း၏ နိုင်ငံတကာစျေးနှုန်းများ တွင် လအလိုက် အပြောင်းအလဲသည် ဒီဇင် ဘာတွင် ၁၃၄ ဒသမ ၄ မှတ်သို့ ကျဆင်းသွား ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စားသုံးနေသည့် စား သောက်ကုန်အများစုမှာ ပြည်ပမှတင်သွင်း နေခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်း ခန့်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၄၀၀၀ ကျော်အထိ မြင့်တက်ခဲ့ချိန်တွင် စား သောက် ကုန်အများစု စျေးနှုန်းလိုက်ပါ မြင့် တက်ခဲ့သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံခြားငွေလဲနှုန်း ဒေါ်လာစျေး ကျ ဆင်း လာခဲ့သော်လည်း အထွေထွေစားသောက် ကုန်အပါအဝင် ကုန်စျေးနှုန်းမှာ သိသိသာသာ ကျဆင်းမှု မရှိသေးဘဲ အတက်စျေးတွင်သာ ရှိခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြား ငွေလဲနှုန်းတစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ် မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်တွင် တစ်ဒေါ်လာ လျှင် ၂၈၆၅ ကျပ် ဝန်းကျင်ရှိသည်။
ဒေါ်လာစျေး မြင့်တက်မှုကြောင့် သွင်း ကုန်စျေးနှုန်းများ၊ အထူးသဖြင့် စျေးကွက် အတွင်း သုံးစွဲမှုများပြားသော စက်သုံးဆီ၊ ဆက်သွယ်ရေးပစ္စည်း၊ ဆေးဝါး၊ အစားအစာ ကဲ့သို့ ကုန်စည်များကို စျေးနှုန်းမြင့်တက်စေပြီး ကုန်စျေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို မြင့်တက်စေမည်ဖြစ် သည်။
နိုင်ငံခြားငွေလဲနှုန်းများ ဆက်တိုက်မြင့် တက်ခဲ့သဖြင့် ပြည်တွင်း၌ ဆေးဝါး၊ပြည်ပမှ တင်သွင်းရသည့်ကုန်စည်အချို့ စျေးနှုန်းမြင့် တက်ခဲ့သည်။
“ပြည်တွင်းကထုတ်တဲ့ကုန်ပစ္စည်းတွေ ဖြစ်တဲ့ဆန်၊ဆီ၊ဆား၊ငရုတ်၊ ကြက်သွန် ဖြူ နီ၊အာလူးတို့လည်း စျေးတက်ခဲ့တာပဲ။ တချို့ဟာတွေ ဒီရက်ထဲ စျေးနဲနဲချတာတော့ ရှိပါတယ်။ သင်္ကြန်ပရိုမိုးရှင်းဆိုပြီး တချို့ဆီ တွေ စျေးနဲနဲချပေးတာရှိတယ်။အများစုက တော့ မကျပါပေါ့။ အထူးသဖြင့် ပြည်ပကနေ သွင်းရတဲ့ ကုန်ပစ္စည်းတွေတော့ စျေးတက် တယ်။ ထိုင်းကလာတဲ့ မီးဖိုချောင်သုံး ကုန် ပစ္စည်း တွေကတော့စျေးတက်တယ်။ မြန်မာ ငွေတန် ဖိုးကျလို့လားတော့ မပြောတတ်ဘူး လေ။ ကျွန်တော်တို့ကတော့ ဒိုင်ကဝယ်တဲ့ စျေးထက်တော့ စျေးနည်းနည်းတင်ပြီး ရောင်းတယ်။ ဒါမှလည်း အမြတ်ငွေကျန်မှာကိုး”ဟု တာမွေမြို့နယ်၊ ကုန်စုံဆိုင်တစ်ခု ၏ဆိုင်ပိုင်ရှင်ဖြစ်သူကပြောကြားသည်။
လက်ရှိအခြေအနေအရ ကုန်ကြမ်းများ ကို ပြည်ပမှ စျေးနှုန်းမြင့်မားစွာ ဝယ်ယူနေရ သဖြင့် ပြည်တွင်း၌ ထုတ်လုပ်ကာ စျေးကွက် အတွင်း ဖြန့်ချိရောင်းချနေသည့်စားသောက် ကုန်အချို့ စျေးထပ်မံမြင့်တက်မည်ဖြစ်ကြော င်း အသိပေးမှုများရှိလာကြောင်း ကုန်စုံဆိုင် လုပ်ငန်းရှင်များထံမှ သိရသည်။
“သူတို့ပြောတာတော့ ကုန်ကြမ်းတွေ ကို စျေးကြီးကြီးပေးဝယ်နေရတော့ အခုသူ တို့ရောင်းတဲ့စျေးနဲ့မကိုက်တော့လို့ သင်္ကြန် ကျော်ရင် စျေးထပ်တက်မယ်လို့ ပြောလာ တယ်။ Pucci ဆိုရင်Dpecial Dry Cake တွေ ၃၇၀၀ ကနေ ၅၀၀၀ အထိစျေးတက်မယ်တဲ့ ။ Chicken Roll Slice တွေ ၅၀၀ ကနေ ၆၀၀ ၊ Mixed Fruit Bread တွေ ၉၅၀ ကနေ ၁၆၀၀ တဲ့။ တခြားဟာတွေလည်း ပါသေးတယ်။ အဲ လိုစျေးတက်မယ်လို့ ကျွန်မတို့ကို ပြောသွား တယ်”ဟု မုန့်မျိုးစုံအရောင်းဆိုင်တစ်ခုမှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိကာလသည် သင်္ကြန်ကာလ ရောက်ရှိရင် ရက်ပိုင်းခန့်သာ လိုတော့သဖြင့် သင်္ကြန်ကာလအတွက် စားသောက်ကုန်အချို့ ဝယ်ယူစုဆောင်းမှုများရှိကြသည်။ တချို့မှာ အလှူဒါနပြုလုပ်ရန် အခြေခံစားသောက်ကုန် ဝယ်ယူစုဆောင်းသူအချို့လည်းရှိကြသည်။ ယင်းသို့ ဝယ်ယူမှု မြင့်တက်နေချိန်တွင် စျေး နှုန်းမှာလည်း လိုက်ပါမြင့်တက်လေ့ရှိသည်။
“စျေးတက်တာတော့ အကုန်လုံးလိုလို ပဲ။ အအေးမျိုးစုံ။ အရောင်းသွက်တာတွေက တော့ ကော်ဖီ၊ ဆပ်ပြာ၊ခေါင်းလျှော်ရည်၊မုန့် အခြောက်မျိုးစုံပေါ့။ အရင်က သင်္ကြန်အတွက် ကြိုဝယ်ကြ၊စုကြတယ်၊ အခုကတော့ တချို့ လည်း စုတယ်၊တချို့လည်း မစုကြပါဘူး။ အ ရင်က သင်္ကြန်နားနီးလေ စျေးတက်လေ။ အခု ကတော့ အကျမရှိဘဲ တစ်လထက်တစ်လ စျေးတက်နေတာ။ ဒီတခေါက်မှာ ဒီစျေးနဲ့ ဝယ်လို့ရပေမဲ့ ဒါတွေရောင်းလို့ကုန်လို့ နောက် တစ်ခေါက်ထပ်မှာရင် နောက်စျေးတစ်မျိုးပဲ၊ ” ဟု ကုန်မျိုးစုံရောင်းချနေသူတစ်ဦးက ဆို သည်။
ဆန်စျေးအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သည့် ဆန်အဟောင်း စျေးနှုန်းများအနေဖြင့် ရွှေဘိုပေါ်ဆန်း (ဆန် ဟောင်း)ရွှေဘိုထိပ်စ တစ်အိတ်လျှင် ကျပ်တစ် သိန်း၊ တောင်ပျံထူး ထူးရှယ်တစ်အိတ်လျှင် ကျပ် ၇၈၀၀၀၊ တောင် ပျံ(ရှယ်)တစ်အိတ်လျှင် ကျပ် ၆၃၀၀၀၊ ပေါ် ကျွဲတစ်အိတ်လျှင် ကျပ် ၅၄၀၀၀၊ ရက် ၉၀ (ဆင်းသွယ်)တစ်အိတ်လျှင် ကျပ် ၅၄ဝဝဝရှိခဲ့သည်။ ဆန်သစ်စျေးနှုန်း များအနေဖြင့် ရွှေဘိုထိပ်စတစ်အိတ်လျှင် ကျပ် ၇၄၀၀၀၊ တောင်ပျံထူးထူးရှယ်တစ်အိတ် လျှင် ကျပ် ၆၆၀၀၀၊တောင်ပျံတစ်အိတ်လျှင် ကျပ် ၅၉၀၀၀ စသည်ဖြင့် ပေါက်စျေးရှိခဲ့သည်။
မတ်လပထမပတ်အတွင်း ဆန်အဟောင် းစျေးနှုန်းများအနေဖြင့် ရွှေဘိုထိပ်စတစ်အိတ် လျှင် ကျပ် ၁၀၈၀၀၀၊တောင်ပျံထူးထူးရှယ် တစ်အိတ်လျှင် ကျပ်၉၀၀၀၀၊ တောင်ပျံရှယ် တစ်အိတ်လျှင် ကျပ်ရ၆၀၀၀၊ရက် ၉၀(ဆင်း သွယ်)တစ်အိတ်လျှင် ကျပ်၆၂ဝဝဝရှိခဲ့သည်။ ဆန်သစ်စျေးနှုန်းများအနေဖြင့် ရွှေဘိုထူး ရှယ်သစ်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊မြော င်းမြထူးထူးရှယ်တစ်အိတ်လျှင် ကျပ် ၈၂၀၀၀ ၊ ကြားပျံရှယ်သစ်တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ၊ ရက် ၉၀(နွေသစ်)တစ်အိတ်လျှင် ကျပ် ၆၁၀၀၀ ရှိခဲ့သည်။
“ဆန်ထဲမှာ ရွှေဘိုပေါ်ဆန်းဆိုရင် အခု တစ်ပြည်ကို ၅၇၀၀ ဖြစ်သွားပြီ။ရွှေဘိုထူးထူး ရှယ်ပေါ့နော်။ သူ့ထက် နဲနဲနိမ့်တာက တစ်ပြ ည်ကို ၄၆၀၀၊ ၄ရဝဝရှိတယ်။ အရင်က ၄၆၀၀ နဲ့အမြင့်ဆုံးစျေးရှိခဲ့တဲ့ဆန်တွေက အခု ၅၇၀၀ ဖြစ်ကုန်တာ။ ရွှေဘိုအသစ်ဆိုရင်ကို တစ် ပြည် ၄၆၀၀၊ ၄၇၀၀၊ ၄၈၀၀ လောက်ရှိနေပြီ” ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်း၊ ဆန်အရော င်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။
“ကုန်စျေးနှုန်းလို့ပြောရင် အကုန်ပါမယ် ထင်တယ်။ စျေးမတက်တဲ့ ကုန်ကို မရှိတာ။ ကော်ဖီမစ်၊ ဆပ်ပြာ၊ အာလူး။ မုန့်၊အအေး၊ အရင်က ကော်ဖီမစ်တစ်ထုပ် ၂၀၀၊ အခု ၂၅၀ ။ ကြက်ဥဘဲဥဆိုရင် အရင်က ၂၂၀၊ ၂၅၀ ၊ ဘဲဥဆိုရင် ၂၅၀ ပေါ့၊အခုဆိုရင် ဘဲဥတစ်လုံး ၃၇၀ အထိရှိတယ်။ အလုံးသေးရင်တော့ ၃၀၀ ၊ ၃၅၀ နဲ့ရတယ်။ အီကြာကွေးတစ်ချောင်းကို မနှစ်က ၂၀၀၊ အခု ၄၀၀၊၄၅၀၊ လက်ဖက်ရည် တစ်ခွက်ကို ၁၀၀၀၊ မုန့်ဟင်းခါးအကြော်နဲ့ ဆို ရပ်ကွက်ထဲမှာ ၁၀၀၀၊ ၁၁၀၀၊ လက်ဖက် ရည်ဆိုင်တွေမှာ ၁၂၀၀၊ ကဲ ဘာလုပ်စားကြ မလဲ၊ အကုန်စျေးတက်တယ်၊ ဝင်ငွေပဲ တက်မလာတာ”ဟု ရန်ကုန်မြို့မှ အိမ်ရှင်မတစ်ဦးက ပြော ကြားခဲ့သည်။
IMF ၏ အစီရင်ခံစာတွင်”ကုန်စျေး နှုန်းမြင့်တက်မှု ဂယက်တွေဟာ တစ်ကမ္ဘာ လုံးကို ရိုက် ခတ်မှာဖြစ်ပြီး အ ထူးသဖြင့် အစား အစာနဲ့ လောင်စာအတွက် ငွေအများဆုံးသုံး နေရတဲ့ ဆင်းရဲတဲ့ မိသားစုတွေကို ထိခိုက် စေပါလိမ့် မယ်”ဟု ဖော်ပြခဲ့သည်။
လက်ရှိဖြစ်ပေါ်နေသည့်နိုင်ငံခြားငွေလဲနှုန်း မတည်မငြိမ်ဖြစ်နေခြင်းက ပြည်သူ အများစုအပေါ် သက်ရောက်နေသည်။ မြန်မာနိုင်ငံသည် အများအားဖြင့် သွင်းကုန်များ အပေါ်တွင်သာ အားထားသုံးစွဲနေရသဖြင့် ဒေါ်လာစျေးမြင့်တက်မှုနှင့် စက်သုံးဆီစျေး မြင့်တက်မှုများက ပြည်သူလူထုအပေါ် အ ကြီးအကျယ်ရိုက်ခတ်လျက်ရှိသည်။
မြန်မာ့စီးပွားရေးလုပ်ကိုင်ရ ခက်ခဲနေ သဖြင့် ပြည်သူများ၏ ဝယ်ယူစားသုံးနိုင်စွမ်း ကျဆင်းနေချိန်တွင် မြွေပူရာကင်းမှောင့်သကဲ့သို့ ဒေါ်လာစျေး၊ စက်သုံးဆီစျေးနှင့် ကုန် စျေး နှုန်းမြင့်တက်မှုများက အကျပ်အတည်း ကြား မှ ပြည်သူများအပေါ် ထပ်ဆင့်ထိုးနှက် လျက်ရှိနေကြောင်း လုပ်ငန်းရှင်များက သုံး သပ်ခဲ့ကြသည်။










