ဒီစက်ဘီးဆိုင်လေးက အဲဒီနေရာလေးမှာ အချိန်အကြာကြီး ရှိနေခဲ့တာ။အခုတော့ မရှိတော့ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ရင်ထဲမှာတော့ အဲဒီဆိုင်လေးက ရှိနေဆဲပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက တခြား နေရာတွေကို ရှာဖွေဖို့ ခက်ခဲနေတဲ့အချိန်မှာ အဲဒီဆိုင်လေးကတော့ လမ်းမကြီးဘေးမှာ လူတွေ အများကြီးနဲ့ အတော်လေး စည်ကားတဲ့ ထင်ထင်ရှားရှား နေရာကြီးကို ဖြစ်နေခဲ့တာ။
ကိုယ့်ရဲ့ ဖုန်းဆိုင်နဲ့ အဲဒီ စက်ဘီးဆိုင်လေးက ငါးအိမ်ကျော်ပဲ ဝေးတယ်။ အရင်က တော့ စက်ဘီးအရောင်းဆိုင်လေး မဟုတ် သေးဘူး။ ပျက်လို့ လာပြင်ကြတဲ့ ဆိုင်လေးပဲ ရှိသေးတယ်။ သူ့ဆိုင်လေးက လက်ရာက လည်း တကယ်ကောင်းတော့ အနီးပတ်ဝန်း ကျင်က လူတွေကလာပြီး ပြင်ကြတယ်။ မနက် မိုးလင်းကနေ မိုးချုပ်အထိ ဆိုင်ရှေ့မှာ ပြင်ဖို့ စောင့်နေကြတဲ့ စက်ဘီးတွေက အများကြီးပဲ။ သူကလည်း စိတ်ရှည်ရှည်နဲ့ကို ပြင်ပေးတာ။ အဲဒီအချိန်မှာတုန်းက အနီးအနားမှာက စက် ဘီးပြင်ဆိုင်ဆိုတာ များများစားစား မရှိသေး ဘူး။ အဲဒီတော့ သူ့ဆိုင်လေးက ပြိုင်ဘက် ကင်းကင်းနဲ့ အောင်မြင်နေတာ။ ပြောရရင် စက်ဘီးတစ်စီးမှာ ဘာပဲလို နေနေ သူ့ဆိုင် လေးက ရတယ်။ စျေးကလည်း သင့်တော့ အနီးအနားက လူတွေက သူတို့စက်ဘီးလေး တွေပျက်တိုင်း အဲဒီဆိုင်လေးဆီကိုပဲ သွား ရောက်ကာ ပြင်ခိုင်းကြတယ်။ တဖြည်းဖြည်း နဲ့ အဲဒီဆိုင်လေးက နောက်ပိုင်းမှာ စက်ဘီး အသစ်လေးတွေ မရောင်းတော့ဘူးလားလို့ မေးမြန်းလာကြတယ်။ ဆိုင်ပိုင်ရှင်ကလည်း စက်ဘီးလေးတွေ ပြင်တာကနေ စက်ဘီးအ သစ်လေးတွေ သူ့ဆိုင်မှာတင်ဖို့ ဆန္ဒရှိလာ တယ်။ ဒါပေမယ့် သူ့မှာပိုက်ဆံက မရှိဘူး။ နောက်ဆုံး သူပိုင်တဲ့ ဆိုင်နေရာ မြေကွက် လေးကို ပေါင်ပြီး ရလာတဲ့ ငွေလေးတွေနဲ့ စက်ဘီးအသစ်လေးတွေကို သူ့ဆိုင်မှာ တင် လာခဲ့တယ်။
နောက်ပိုင်း ဆိုင်လေးက စက်ဘီးအသစ် လေးတွေရော ပြုပြင်ကြသူတွေပါ စည်းပါးနေ တယ်။ ဆိုင်မှာ စက်ဘီးပြင်ဆရာတွေရော စက်ဘီးအသစ်ဝယ်သူတွေပါ စည်းကားနေ တယ်။ အပိုပစ္စည်းရောင်းချတဲ့ ကုမဏီက ကားတွွေကလည်း အဲဒီစက်ဘီးဆိုင် လေးဆီ ကိုလာပြီး သူတို့ရဲ့ပစ္စည်းလေးတွေကို ရောင်း ချကြတယ်။ အရင်အချိန်တွေတုန်းက ဆိုရင် အဲဒီဆိုင်လေး အနီးဝန်းကျင်က စက်ဘီး အသစ်ဝယ်ချင်ပြီဆိုရင် မြို့ထဲကိုသွား ဝယ်ကြ ရ တယ်။ အထူးသဖြင့်ကတော့ စော်ဘွားကြီး ကုန်းဆိုတဲ့ နေရာလေးဆီမှာပေါ့။ အခုတော့ အဲဒီနေရာလေးဆီကို သွားစရာ မလိုတော့ ဘူး။ သူ့ဆိုင်လေးမှာ ရောင်းတဲ့ စက်ဘီးတွေ ကတော့ ပုံစံစုံ ဒီဇိုင်းစုံပါပဲ။ ကလေးစီးကော လူကြီးစီးပါ အစုံရတယ်။ ပြီးရင် သူ့ဆီက ဝယ်တဲ့ စက်ဘီးတွေကို ပျက်ရင်လည်း ပစ္စည်း ခပဲယူပြီး လက်ခကိုအခမဲ့ ပြုပြင်ပေးတာ။ အဲဒီ စက်ဘီးဆိုင်လေးနဲ့ မလှမ်းမကမ်းမှာ တခြား စက်ဘီးဆိုင်လေးတွွေဆိုတာလည်း ရှိကြပါရဲ့။ ဒါပေမယ့် အဲဒီဆိုင်လေးလို လူက ပြည့်မနေဘူး။ အဲဒီဆိုင်လေးကတော့ မနက် မိုးလင်းကနေ မိုးချုပ်ဆိုင်ပိတ်တဲ့အချိန်အထိ စက်ဘီးဝယ်သူနဲ့ ပြင်သူတွေက ပြည့်နေတာ။ စက်ဘီးဆိုင်ပိုင်ရှင်ကလည်း ရောင်းအား တက်လာတော့ အရင်ကထက် စက်ဘီးအသစ် တွေကို အရေအတွက် အများကြီး ပိုတင်လာ တယ်။
အဲဒီလိုနဲ့ နှစ်အချို့ ပြောင်းလာချိန်မှာ တော့ စက်ဘီးတွေ နေရာမှာ ဆိုင်ကယ်တွေက တစ်စတစ်စနဲ့ အစားဝင်ရောက်လာတယ်။ လူအများစုက စက်ဘီးတွေအစား ဆိုင်ကယ် လေးတွေကိုပဲ ပြောင်းပြီး စီးလာကြတယ်။ ဆိုင်ကယ်တစ်စီးကို အသစ်က လေးသိန်း ဝန်းကျင် ျနခသညိ စျေးနှုန်းက နှစ်သိန်းပတ် ချာလည်ဆိုတော့ ဆိုင်ကယ်လေးတွေကိုပဲ ပြောင်းကာ စီးလာကြတာ။ ဟုတ်တယ်လေ ဆိုင်ကယ်ဆိုတာက သွားလိုတဲ့ နေရာကို အလျင်အမြန်သွားလို့ရသလို ကယ်ရီဆိုတာ လည်း ဆွဲလို့ရသေးရဲ့။ အဲဒါကြောင့်လည်း လူအများစုက စက်ဘီးလေးတွေ နေရာမှာ ဆိုင်ကယ်လေးတွေကို အစားထိုးကာ ဝယ်ယူ မောင်းနှင်လာကြတယ်၊ အချို့ဆိုင်ကယ်အရောင်းဆိုင်လေးတွေက သူတို့ဆိုင်က ဝယ် ယူတဲ့ ဆိုင်ကယ်လေးတွေကို အရစ်ကျ စနစ် လေး တွေနဲ့ပါ ရောင်းချလာကြတယ်။ ဆိုကြ ပါစို့ ဆိုင်ကယ်တစ်စီးကို ငါးသိန်းဆိုရင် တစ် လကို ငါးသောင်းသွင်းနဲ့ ဆိုင်ကယ်လေးတွေ ရောင်းလာကြတယ်။ ငွေငါးသောင်းဆိုတာ ဆိုင်ကယ်ကယ်ရီလေး မောင်းစားရင်ကို တစ် လအတွင်း ရနိုင်တဲ့ ပမာဏဆိုတော့ လူ အများ စု က အရစ်ကျ စနစ်လေးတွေနဲ့လည်း ဆိုင်ကယ်လေးတွေကို ဝယ်ယူလာကြတယ်။ အဲဒါကြောင့်လည်းအရင်က စက်ဘီးလေး တွေ ပြည့်နေတဲ့ လမ်းမတွေထက်မှာ အခုဆို ရင် ဆိုင်ကယ်လေးတွေက အစားဝင်လာနေ ပြီ။ အဲဒီ စက်ဘီးအရောင်းဆိုင်လေးထဲမှာ တော့ ပြု ပြင်သူအနည်းငယ်သာရှိပြီး စက် ဘီးအသစ်ဝယ်သူက တော့ မရှိသလောက်ကို နည်းပါးသွားတာ။ ဆိုင်လေးထဲမှာတော့ စက် ဘီးအသစ်တွေက အများကြီးမှ တကယ့်ကို အများကြီးရှိနေဆဲပဲ။
နောက်ပိုင်းအချိန်တွေမှာတော့ စက်ဘီး စျေးတွေက ထင်မှတ်မထားလောက်အောင်ကို ထိုးကာ ကျသွားတာ။ သူ့ဆိုင်လေးက စက်ဘီး အသစ်လေးတွေကိုဝယ်တဲ့စျေးထက် ထက် ဝက်လျော့ကာ ရောင်းတာတောင် ဝယ်ယူ သူတွေက မရှိသလောက်ကို ဖြစ်သွားတာ။လာပြင်ကြသူတွေ ဆိုတာကလည်း တဖြည်း ဖြည်း ပါးလျလို့လာတာ။ လုပ်ငန်းလေး ပြောင်းလုပ်ဖို့ မိတ်ဆွေအချို့က သတိပေး ပေမယ့် ဆိုင်ရှင်က ခေါင်းခါတယ်။ သူ မကျွမ်း ကျင်တဲ့ အလုပ်ကို မလုပ်ချင်ဘူးတဲ့။ ပြီးတော့ သူက စက်ဘီးလေးတွေကို ချစ်မြတ်နိုးသူတစ် ယောက်လေ။ သူက ခေါင်းမာပြီး တခြားလုပ် ငန်း မလုပ်ပေမယ့် အတိုးနဲ့ ယူထားတဲ့ ပိုက်ဆံ အတိုးတွေကတော့ တရိပ်ရိပ်ကို တက်နေ တာ။ အဲဒါကြောင့်လည်း နောက်ဆုံး သူနေတဲ့ အိမ်ဝိုင်းကွက်လေးကို ရောင်းကာ တရိပ်ရိပ် တက်လာနေတဲ့ အတိုးလေးတွေကို ဖြေရှင်း လိုက်ရတော့တယ်။
အမြတ်တနိုးနဲ့ သူဝယ်ထားတဲ့ စက်ဘီး လေးတွေကိုလည်း ရသလောက်စျေးလေးနဲ့ ရောင်းပြီး တခြားနေရာတစ်ခုဆီကို ပြောင်း ရွှေ့သွားတော့တယ်။ အခုဆိုရင် အဲဒီနေရာ လေးမှာ နောက်ထပ်ဝယ်ယူသူက ခေတ်မီ သုံးထပ်တိုက်ကြီး တစ်လုံး ရှိနေလေရဲ့။ ဒါပေ မယ့် သူ့ရဲ့ စက်ဘီးဆိုင်လေး ရှိတုန်းကလို အဲဒီ နေရာလေးက စည်စည်ကားကားတော့ မဖြစ်တော့ပါဘူး။ ကိုယ်ကတော့ အဲဒီနေရာ လေးဆီရောက်တိုင်း လှည့်ကြည့်ဖြစ်တယ်။ အခုအချိန်မှာ သူသာ အဲဒီနေရာလေးမှာ ဆက်ရှိနေသေးရင် စက်ဘီးဝယ်သူနဲ့ ပြင်သူ တွေက တရုံးရုံး ဖြစ်နေမှာက သေချာတယ်။ ဟုတ်တယ်လေ တရိပ်ရိပ် တက်နေတဲ့ ဆီစျေး နှုန်းတွေနဲ့အတူ လမ်းမထက်မှာ ဆိုင်ကယ် ေ တွက ပါးလျလို့ သွားပြီ။ အလုပ်သမားလေး တွေကလည်း စက်ဘီးလေးတွေ စီးကြလို့။ ပစ္စည်းပို့ကြသူတွေကလည်း စက်ဘီးလေး တွေနဲ့။ ကျန်းမာရေးလိုက်စားကြသူတွေက လည်း စက်ဘီးလေးတွေစီးကြလို့။ အဲဒါတွေ မြင်ရလေတိုင်း တစ်ချိန်က စက်ဘီးအရောင်း ဆိုင်လေးကို သတိတွေက အခါခါ ရနေမိလေ ရဲ့။
အဲဒီဆိုင်လေး အခုချိန်မှာ ဘယ်နေရာ မှာ ရောက်နေလဲ မသိ။ တစ်ကျော့ပြန်အသုံးပြု လာတဲ့ စက်ဘီးတွေနဲ့အတူ အဲဒီစက်ဘီးဆိုင် လေးကော တခြားတစ်နေရာမှာ ပြန်ဖွင့်နေပြီ လား။ သေချာ မသိနိုင်တဲ့ စက်ဘီးဆိုင်လေး အကြောင်းကို မှန်းဆကာ တွေးနေမိတယ်။သူကတော့ စက်ဘီးဆိုင်လေး ပြန်ဖွင့်ဖို့ ကြိုး စားမှာပါလေ။ စက်ဘီးလေးတွေ အပေါ် သူ ဘယ်လောက် သံယောဇဉ်ရှိတယ်ဆိုတာ လူ တိုင်းသိနေတာပဲ။ ဒါပေမယ့် အခုလိုစက်ဘီး လေးတွေ တစ်ကျော့ပြန် ခေတ်စားမလာချိန် ကြားကာလတွေမှာ ကြုံတွေ့ရတဲ့ အခက် အခဲတွေကြောင့် သူအရမ်းမြတ်နိုးပါတယ် ဆိုတဲ့ စက်ဘီးလေးတွေကို စိတ်နာများသွားပြီ လား။ ဒါမှမဟုတ် အဲဒီကာလတွေမှာ တခြား အလုပ်လေးတွေများ ပြောင်းပြီး လုပ်နေလေ သလား။ ဖြစ်ခဲ့ဖူးတဲ့သံယောဇဉ်ကြောင့် ကိုယ် နဲ့ မပတ်သက်သူတစ်ယောက်ရဲ့ အကြောင်း ကို တွေးနေမိတာ။ အဲဒီသူက စက်ဘီးလေး တွေကို အတော်ကြီးကို သံယောဇဉ်တွယ်တာ။ ဒါပေမယ့် သူ့ရဲ့ ၀ါသနာနဲ့ အလုပ်က အဆင် မပြေနိုင်လို့သာ သူချစ်တဲ့ စက်ဘီးဆိုင်လေးကို ရောင်းသွားရတာ။ သူ့လိုပဲ ၀ါသနာနဲ့ ဆန္ဒ မတူသူတွေ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ရွေးချယ်သွားကြသူတွေ ဘယ်နှယောက် တောင် များနေကြပြီလဲ မသိဘူး။ ပြောမယ့် သာ ပြောတာပါ ကိုယ်ဆိုရင်လည်း ဖုန်းလုပ် ငန်းနဲ့ ပတ်သက်ပြီး ၀ါသနာ အတော်လေး ပါတာ။ အဲဒါကြောင့်လည်း တခြားအလုပ်တွေ က ဝင်ငွေပိုကောင်းတာကို သိပါလျက် မစွန့် လွှတ်နိုင်ဘဲ ဆက်လုပ်နေမိတာ။ တစ်နေ့ နေ့ တစ်ချိန်ချိန်မှာတော့ တောင့်ခံလို့ အဆင် မပြေ နိုင်တဲ့ အချိန်ကာလ တစ်ခုကို ရောက်ပြီ ဆိုရင်တော့ မနိုင်တဲ့ အရာတွေကို လွတ်ကာ ချလိုက်ရတော့မှာပေါ့။ လောလောဆယ်မှာ တော့ ဆန္ဒနဲ့ အလုပ်လေးက အတူရှိနေလို့ ကြည်နူးနေရတယ်။ ထားတော့။
အခုအချိန်မှာ လမ်းမထက်မှာ စက်ဘီး လေးတွေ တွေ့နေရင်ကို တစ်ချိန်က အဲဒီစက် ဘီးဆိုင်လေးကို သတိရနေမိတာ။ စက်ဘီး လေးတွေ ပြန်စီးလာတော့ စက်ဘီးပြင်ဆိုင် လေးတွေဆိုတာလည်း ပြန်ပြီး ပေါ်လာပြန်ပြီ။ ဒါပေမယ့် စက်ဘီးစျေးတွေကတော့ ဟိုး မိုး ထက် မှာ။ အဲဒီနေ့က သူငယ်ချင်းတစ်ယောက် နဲ့အတူ မြို့ထဲက ပြန်လာချိန် လမ်းမကြီး တစ် ခုရဲ့ ဘေးက စက်ဘီးတွေ အများကြီးရပ်ထား တဲ့ ဆိုင်တစ်ဆိုင်ထဲ ဝင်ကာ စပ်စုကြည့်မိ တယ်။ အလိုလေး.. စက်ဘီး စျေးနှုန်းတွေက လုံးဝကို ထင်မှတ်မထားတဲ့ စျေးတွေ။ ကိုယ် တွေ နယ်မှာနေတုန်းက ဆိတ်ငါးကောင်လို စက်ဘီး တစ်စီးကို တစ်သောင်း၊မောင်တိန်း စက်ဘီးတစ်စီးကို နှစ်သောင်းလောက် ပေး ကာ စီးခဲ့ရတယ်။ အခုများကျတော့ စက်ဘီး စျေးတွေက ခေါက်ခိုက်လို့ နေတာ။ အတူ ပါ လာတဲ့ သူငယ်ချင်း သင်္ဘောသားက လွန်လေ ပြီးတဲ့ အနှစ်နှစ်ဆယ်လောက်က ပြည်ပ နိုင်ငံ တစ်ခုမှာ သဘောင်္ာသား တစ်ယောက် အဖြစ် သူရောက်နေချိန်သူကြုံတွေ့ရတဲ့ အတွေ့ အကြုံ တစ်ခုကို ပြောပြတယ်။ နိုင်ငံတစ်နိုင်ငံ မှာ သူတို့ သင်္ဘော ဆိုက်ကပ်တော့ လမ်းဘေး မှာ စက်ဘီးလေးတွေ ကို တွေ့ရတယ်။ ကြိုက် တဲ့ စက်ဘီးကို ယူစီးနိုင်ကြောင်းကိုပါ ပြော လာတော့ ကိုယ့်မှာ မျက်လုံးတွေကို ပြူးရတဲ့ အထိ တအံ့တသြတွေကို ဖြစ်ရလို့။ ဟုတ် တယ်လေ အဲဒီအချိန်တုန်းက ကိုယ့်နိုင်ငံမှာ က မောင်ဗမာလို့ ခေါ်တဲ့ ဘားတန်း စက်ဘီး ကို ဝယ်စီးနိုင်သူက အကောင်ကြီးလေ။ ကိုယ် ဆိုရင်အဲဒီအချိန်က အစ်ကို ဝမ်းကွဲ က သူ့ရဲ့ ဘားတန်းစက်ဘီးကြီးနဲ့ အိမ်ရောက်လာရင် ငှားစီးရတာ အကြိုက်ဆုံးပဲ။ ကိုယ့်မှာလေ အိမ်က မြို့ကျောင်းရောက်ရင် စက်ဘီးလေး ဝယ်ပေးမယ်ဆိုလို့ စာတွေ ဖိကာ ကြိုးစားနေ မိတာ။ ပြောလိုတာက အဲဒီအချိန်က စက်ဘီး ဆိုတာ တော်ရုံသူ မစီးနိုင်ဘူးဆိုတာ ပြောလို တာ။
အခုတလော စက်ဘီး လေးတွေက တစ် ကျော့ပြန်တော့ ခေတ်စားလာပါရဲ့။ဒါပေမယ့် စျေးနှုန်းတွေကလည်း မနည်းလှဘူး။ အရင် ကလို တန်ဖိုးသင့် စျေးနှုန်းတွေ မဟုတ်လေ တော့ စက်ဘီးစီးချင်ကြသူတွေမှာ မြင်သာမြင် မကြင်ရ ဘဝတွေကို ဖြစ်ရလို့။ အချို့ကလည်း ရှိတဲ့ ငွေလေးတွေနဲ့ စက်ဘီးလေးတွေဆိုတာ ဝယ်ပြီး စီးကြလေရဲ့။ သူတို့ရဲ့ တွွက်ကိန်းက တစ်နေ့ တစ်ထောင် ထောင့်ငါးရာ ပေးရမယ့် ကားခကို စက်ဘီးလေး ဝယ်ကာ စီးလိုက်လိုက် ရင် တစ်လကို လေးငါးသောင်းတော့ သက် သာ မယ်ပေါ့။ ပြီးရင် စက်ဘီးလေးနဲ့ ဆိုတော့ လိုရာ ခရီးကိုလည်း အမြန်ရောက်နိုင်တယ် လေ။ အဲဒီအတွေးနဲ့ပဲ စက်ဘီးလေးတွေကို ဝယ်ခဲ့ကြတာဖြစ်မယ်လို့လည်း တွေးဖြစ် တယ်။ ဘာပဲဖြစ်ဖြစ် အခုခေတ်လို အချိန်ကြီး မှာ သွားရေးလာဖို့ အဆင်ပြေဖို့အတွက် တစ် ခုခုတော့ ရှိရမှာပဲလေ။ တန်ဖိုးနည်းခြင်း များ ခြင်းဆိုတာထက် ကိုယ့်အတွက် အသုံးတည့် နေ တယ်ဆိုရင် အဲဒီအရာက ကိုယ့်အတွက် အဖိုးအတန်ဆုံး အရာတစ်ခု ဖြစ်နေမယ် လို့တော့ တွေးမိတာပါပဲ။










