နိုင်ငံတကာအခင်းအကျင်းနှင့် အိန္ဒိယ-ဂျပန်ဆက်ဆံရေး၏ အခန်းကဏ္ဍ

နိုင်ငံတကာအခင်းအကျင်းနှင့် အိန္ဒိယ-ဂျပန်ဆက်ဆံရေး၏ အခန်းကဏ္ဍ
Published 29 March 2023
မေသုတ

အိန္ဒိယသည် လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဒေသ အခင်းအကျင်း (FOIP) အတွက် မရှိမဖြစ်နိုင်ငံဖြစ်သည်ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ကြေညာခဲ့သည်။

ယင်းကြေညာချက်သည် ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျနှင့် အမေရိကန်တို့ ပါဝင်သည့်  SQUAD မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းစေခဲ့သည့် FOIP အတွက် အခြေခံအုတ်မြစ်ဖြစ်လာစေ ခဲ့သည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာ ဘေး၏ အိန္ဒိယပါလီမန်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းကို ပဲ့တင်ထပ်စေခဲ့သည်။

အိန္ဒိယသည် ဒေသတွင်း ဒီမိုကရေစီ ဟန်ချက်ညီရေးအတွက် အဓိကအခန်းကဏ္ဍတွင်ရှိနေသည်ကို အသိအမှတ်ပြုခဲ့ပြီး ဂျပန် ဝန်ကြီးချုပ်အဖြစ် သက်တမ်းနှစ်ကြိမ် တာဝန် ထမ်းဆောင်ခဲ့ချိန်အတွင်း နှစ်နိုင်ငံဆက်ဆံ ရေးများကို ပိုမိုတိုးမြှင့်ခဲ့သည်။

အာဘေးသည် အိန္ဒိယဝန်ကြီးချုပ် နရင် ဒရာမိုဒီနှင့်လည်း ပုဂ္ဂိုလ်ရေးအရ နီးကပ်သည့် ဆက်ဆံရေးတစ်ခုထူထောင်ခဲ့ပြီး FOIP အခင်းအကျင်းကိုယုံကြည်လက်ခံလာစေရန် အိ န္ဒိယကို စည်းရုံးရေးတွင် တက်ကြွစွာဆောင် ရွက်ခဲ့သည်။

၂၀၂၂ ခုနှစ် ဇူလိုင် ၉ ရက်တွင် အိန္ဒိယ သည် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် အာဘေး အတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းအောက် မေ့ဖွယ်နေ့အဖြစ် ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံဆက် ဆံရေးအွက် အာဘေး၏ ကြိုးပမ်းအားထုတ် မှုကို အသိအမှတ်ပြုခဲ့သည်။ အာဘေးသည် ၂၀၂၂ ခုနှစ် ဇူလိုင် ၈ ရက်က ၎င်းင်းပါတီအတွက် မဲဆွယ်စည်းရုံးမှုပြုလုပ်နေစဉ် သေနတ်သမား တစ်ဦး၏ အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ ခြင်းဖြစ်သည်။

လက်ရှိတွင် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါအ နေဖြင့် အိန္ဒိယနှင့် ဆက်ဆံရေးမြှင့်တင်ရန် ကြိုးပမ်းမှုများတွင် အာဘေးကဲ့သို့ ဆက်လက် လုပ်ဆောင်မည်ဟုတ် မဟုတ်ကို စောင့်ကြည့် ရမည်ဖြစ်သည်။

လုံခြုံရေးကဏ္ဍတွင် ဂျပန်၏ တက်ကြွ လှုပ်ရှားမှု

ပြီးခဲ့သည့်သီတင်းပတ်က နယူးဒေလီသို့ သွားရောက်သည့် နှစ်ရက်ကြာခရီးစဉ်အတွင်း ကီရှီဒါသည် အဓိကအချက်လေးချက်အပေါ် အခြေခံသည့် ဒေသတွင်းလုံခြုံရေးနှင့် စီးပွား ရေးပူးပေါင်းဆောင်ရွက်ရေးကို ချဲ့ထွင်မည့် အစီအစဉ်တစ်ခုကို ချပြခဲ့သည်။

ယင်းအဓိက အချက်လေးချက်မှာ လက် ရှိအခြေအနေကို အင်အားသုံးပြီး တဖက်သတ် ပြောင်းလဲမှုကို ဆန့်ကျင်ပြီး တရားဥပဒေစိုးမိုး မှုကို တိုးမြှင့်ရေး၊ အင်ဒို-ပစိဖိတ် အရေးကိစ္စ များအပေါ် စစ်မှန်ပြီး လက်တွေ့ကျသည့် ပူး ပေါင်းဆောင်ရွက်မှုလုပ်ဆောင်ရေး၊ ချိတ် ဆက်မှုရှိရှိနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက် ရေး၊ လုံခြုံရေးအစီအစဉ်များကို အစဉ်အလာ အရ ရေကြောင်းကဏ္ဍမှ လေကြောင်းနယ်ပယ် အထိ ချဲ့ထွင်ရေးတို့ဖြစ်သည်။

၂၀၂၂ ဒီဇင်ဘာလကတွင် ဂျပန်အစိုးရ က ကိုယ်ပိုင်ကာကွယ်နိုင်စွမ်းများကို မြှင့်တင် ရေးအပါအဝင် လာမည့်ဆယ်စုနှစ်အတွင်း ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစိန် ခေါ်မှုများကို ဂျပန်၏ တုံ့ပြန်ဆောင်ရွက်မှုကို အကြမ်းဖျင်း ဖော်ပြခဲ့ပြီး အမျိုးသားလုံခြုံရေး မဟာဗျူဟာ၊ အမျိုးသားကာကွယ်ရေးမဟာ ဗျူဟာနှင့်  ကာကွယ်ရေးအင်အားတည် ဆောက်ရေးအစီအစဉ်ဟူသည့် မဟာဗျူဟာ အသစ်သုံးခုကို အတည်ပြုခဲ့သည်။

ယင်းအစီအစဉ်များသည် လုံခြုံရေး ကဏ္ဍတွင် တည်ငြိမ်စွာနှင့် ဆက်လက်ရွေ့ လျားနေသည့် ဂျပန်၏ တက်ကြွ လှုပ်ရှားသည့် အရွေ့တစ်ခုအပေါ် အခြေခံခဲ့ခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း စစ်တပ်တည်ရှိမှု ကို တရားဝင်အသိအမှတ်မပြုသည့် ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှ သိသာထင်ရှားသည့် အကူးအပြောင်းတစ်ခု ဖြစ်ခဲ့သည်။

အမျိုးသားလုံခြုံရေးမဟာဗျူဟာသစ်တွင် တရုတ်ကို အကြီးမားဆုံး မဟာဗျူဟာမြောက် စိန်ခေါ်မှုအဖြစ် ဖော်ပြခဲ့သည်။ ဂျပန်သည် တရုတ်၏ခြိမ်းခြောက်မှုများကို ဆန့် ကျင်သည့် ကန့်သတ်မှုများပြုလုပ်ခဲ့ပြီး အမေ ရိကန်၏ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုပါ၀ါ ကျ ဆင်းလာချိန်တွင် အိန္ဒိယသည် ယင်းမဟာဗျူ ဟာအတွက် အဓိကကျသည့်နိုင်ငံအဖြစ် ရှု မြင်ခံခဲ့ရသည်။

QUAD အဖွဲ့အတွင်း အိန္ဒိယသည် အမေ ရိကန်၏ မဟာမိတ်မဟုတ်သည့်တိုင် ဂျပန် အတွက်မူ အိန္ဒိယသည် တရုတ်နှင့် နယ်မြေ အငြင်းပွားမှုများ ဆက်လက်ဖြစ်ပွားနေသည့်

တစ်ခုတည်းသော QUAD အဖွဲ့ဝင်နိုင်ငံဖြစ် သည်။ ထို့ကြောင့် အိန္ဒိယသည် တရုတ်၏ မြင့်တက်နေသည့်လှုပ်ရှားမှုများကို ဆန့်ကျင် ပြီး နယ်စပ်လုံခြုံရေးများကို  စိတ်ချသေချာစေ လိုသည့် ဂျပန်၏စိုးရိမ်မှုကို မျှဝေခဲ့သည်။

 

ရုရှားကိုဝေဖန်ရန် တွန့်ဆုတ်နေသည့် အိန္ဒိယ

ဒေသတွင်း လုံခြုံရေးအကြောင်းအရာ များအပြင် FOIP မဟာဗျူဟာကို ပြန်လည်စ တင်ရန် ကီရှီဒါ၏ရွေးချယ်မှုသည် ယူကရိန်း ပဋိပက္ခဖြစ်ပွားနေသည့် အချိန်နှင့် အင်ဒို-ပစိ ဖိတ်နိုင်ငံများသည် COVID-19 ကပ်ရောဂါ၏ လောင်းရိပ်အောက်မှ ရုန်းထွက်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယူကရိန်းအပေါ် ကျူးကျော်ခဲ့သည့် ရု ရှားနိုင်ငံအားဝေဖန်ရန် အိန္ဒိယ၏ တွန့်ဆုတ် နေမှုသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပြဿ နာများနှင့်ပတ်သက်ပြီး QUAD အဖွဲ့၏ စည်း လုံးညီညွတ်မှုကို အလားအလာရှိသည့် အက် ကြောင်းများရှိလာစေမည် ဟုတ် မဟုတ် မေး ခွန်းများ မြင့်တက်စေခဲ့သည်။

ဂျပန်သည် သြစတြေးလျနှင့် အမေရိကန် တို့နည်းတူ ရုရှားကို ပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီး အိန္ဒိယကမူ ရုရှားအပေါ်  ပိတ်ဆို့မှုများပြုလုပ် ခဲ့ခြင်းမရှိဘဲ ရုရှားနှင့် စီးပွားရေးဆက်ဆံရေး များကို တိုးမြှင့်ရန် ဆက်လက်လုပ်ဆောင်ခဲ့ သည်။

ယင်းအချက်က အိန္ဒိယသည် ဒီမိုကရေ စီနှင့် လစ်ဘရယ် ကမ္ဘာ့ရှုထောင့်အပေါ် အ ခြေခံသည့် စံတန်ဖိုးအခြေပြု မိတ်ဖက်ဆံရေး ရေးများထက် ပေါ့ပေါ့ပါးပါးရှိပြီး အရေးကိစ္စ အခြေပြုချဉ်းကပ်မှုဖြင့် ဆက်လက်လုပ် ဆောင်သွားမည့်အချက်ကို ပေါ်လွင်စေခဲ့ သည်။

အိန္ဒိယသည် ဘက်မလိုက်သည့် သမိုင်း ကြောင်းနှင့် ၎င်း၏ မဟာဗျူဟာမြောက်ရည် မှန်းချက်ကိုထိန်းသိမ်းရန် ရည်ရွယ်သည့် နိုင် ငံခြားရေးမူဝါဒကို သတိကြီးစွာ ချမှတ်လုပ် ဆောင်ခဲ့သဖြင့် ယင်းအချက်သည် အံ့သြစရာ ကောင်းလှသည်တော့ မဟုတ်ပေ။

အိန္ဒိယ၏ ချဉ်းကပ်မှုသည် အကျိုးစီးပွား ကိုလိုလားသည့်ပုံစံဖြစ်သဖြင့် ဂျပန်အပါအ ဝင် အခြား QUAD အဖွဲ့ဝင်များသည် အိန္ဒိယ ၏ ချဉ်းကပ်မှုကို ဂရုတစိုက်ကိုင်တွယ်ရမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဂျပန်၊ သြစတြေးလျ၊ အမေရိကန်နှင့် အိန္ဒိယအကြား ဆက်ဆံရေး များသည် ရှင်သန်နေသဖြင့် ယင်းအဖွဲ့သည် အစဉ်အလာအရ လုံခြုံရေးနယ်ပယ်ထက် ကျော်လွန်သည့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုသည်လည်း နက်ရှိုင်းစွာ အမြစ် တွယ်ခဲ့သည်။

 

အိန္ဒိယ-ဂျပန် မိတ်ဖက်ဆက်ဆံမှု၏ အခန်းကဏ္ဍ

ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အကြား သဘာဝပတ်ဝန်းကျင်ပြဿနာ၊ ဆင်း ရဲမွဲတေမှုလျှော့ချရေး၊ အစားအစာနှင့် လောင် စာလုံခြုံရေး၊ ဒစ်ဂျစ်တယ်နည်းပညာများ၏ သက်ရောက်မှု ကပ်ရောဂါ နာလည်ထူရေးတို့ အပါအဝင် အရေးကြီးကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရေးတွင် ခိုင်မာ သည့် အခန်းကဏ္ဍမှ ပါဝင်ရန် အိန္ဒိယနှင့် ဂျပန်အကြား မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးအတွက် လုပ်ဆောင်စရာကိစ္စ များ အများအပြားကျန်ရှိနေဆဲဖြစ်သည်။

အိန္ဒိယနှင့် ဂျပန်သည် စက်မှုထိပ်သီး နိုင်ငံ ၂၀ (ဂျီ ၂၀) နှင့် စက်မှုထိပ်သီး ခုနစ်နိုင်ငံ (ဂျီ ၇) အဖွဲ့များ၏ အလှည့်ကျဥက္ကဋ္ဌနေရာများ ကို ရရှိထားသဖြင့် ယင်းနှစ်နိုင်ငံအကြား စိန် ခေါ်မှုများကိုဖြေရှင်းရန် စုပေါင်းညှိနှိုင်းမှု၏ အကျိုးရလဒ်များကို ဖော်ထုတ်ရန် အခွင့်အ လမ်းတစ်ခုဖြစ်နေသည်။

အိန္ဒိယ၏ ဂျီ ၂၀ ဥက္ကဋ္ဌသက်တမ်းတွင် အဓိကျသည့် ရုပ်ပိုင်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများအတွက် ရန်ပုံငွေ ယန္တရားများ စိတ်ချသေချာစေရန်ကဲ့သို့ ကမ္ဘာ့ တောင်ခြမ်းမှ နိုင်ငံများအတွက် ဘုံစိုးရိမ်မှု များ၏ ပြဿနာများကို ဖြေရှင်းရန် ရည်ရွယ် သည်။

ဂျီ ၇ ကမူ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အ ခြေခံအဆောက်အအုံကဏ္ဍတွင် ရန်ပုံငွေမြှင့် တင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာလုံ ခြုံရေးကိုတိုးမြှင့်ရန် ၎င်းင်း၏ ကတိကဝတ်များ ကို ဖော်ပြခဲ့ပြီး ဂျပန်က ဦးဆောင်ကာ အင်ဒို-ပစိဖိတ်ဒေသအတွက် ဒေါ်လာ ၇၅ ဘီလျံတန် ဖိုးရှိ အခြေခံအဆောက်အအုံနှင့် လုံခြုံရေး အထောက်အပံ့ကို ကြေညာခဲ့သည်။

ကီရှီဒါ၏ အိန္ဒိယခရီးစဉ်အတွင်း မေလ တွင်ပြုလုပ်မည့် ဂျီ ၇ အစည်းအဝေးကို တက် ရောက်ရန် ကီရှီဒါ၏ ဖိတ်ကြားချက်ကို မိုဒီက လက်ခံခဲ့သည်။ ယင်းအစည်းအဝေးတွင် ဂျီ ၂၀ နှင့် ဂျီ ၇ အကြား ညှိနှိုင်းဆောင်ရွက်မှုများ ကို တိုးမြှင့်ဖွယ်ရှိနေသည်။

 

Most Read

Most Recent