ပြင်ပဝေဖန်မှုများကြောင့် စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရသည့် မြန်မာ့အထည်ချုပ်လုပ်ငန်းများ

ပြင်ပဝေဖန်မှုများကြောင့် စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရသည့် မြန်မာ့အထည်ချုပ်လုပ်ငန်းများ
Published 26 March 2023

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ပြီးနောက်ပိုင်း အနောက်နိုင်ငံများ ၏ ပိတ်ဆို့အရေးယူမှုများသည် စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေသော် လည်း လုံးလုံးလျား လျား ကျပ်တည်းသွားခြင်းမျိုးကား မရှိ ကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။

နှစ်ခွဖြစ်နေသော စီးပွားရေးစနစ်တွင် သာမန်လူများ၏ အသက်မွေးဝမ်းကျောင်းမှု လမ်းကြောင်းတစ်ရပ်တွင် ကဏ္ဍအချို့မှာ ယို ယွင်းပျက်စီးနေပြီး အထည်ချုပ်လုပ်ငန်းအပါ အဝင် အခြားကဏ္ဍအချို့တွင်မူ ပြန်လည် ဦးမော့လာရန် အဆင့်တစ်ခုသို့ ရွေ့လျားနေ ကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ စက်တင် ဘာအထိ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် အမေ ရိကန်သို့ အထည်ချုပ်ထုတ်ကုန်များ တင်ပို့မှု မှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလျံရှိပြီး ယခင်နှစ် အလားတူကာလထက် ၁ ဒသမ ၆ ဆခန့် စံချိန်တင် မြင့်မားလာခဲ့ ကြောင်း သိရသည်။

အနောက်နိုင်ငံအစိုးရများက တပ်မတော်နှင့် ပတ်သက်သည့် ကုမ္ပဏီများကို ပိတ်ဆို့ အရေးယူမှုများ ချမှတ်ထားသော်လည်း လူအများအပြား အလုပ်လက်မဲ့ ဖြစ်စေမည့် ကြီးမားသော ပိတ်ဆို့အရေးယူမှုများ ချမှတ် ခြင်းကို ရှောင်ကြဉ်ခဲ့ကြသည်။ မြန်မာနိုင်ငံရှိ မိတ်ဖက်ကုမ္ပဏီများနှင့် ဆက်ဆံရာတွင် အနောက်နိုင်ငံကုမ္ပဏီများအတွက် တရားဝင် ကန့်သတ်ချက်များ ထားရှိခြင်း မရှိပါ။ ထို့ ကြောင့် မြန်မာနိုင်ငံရှိ ကန်ထရိုက်တာများထံမှ ကုန်ပစ္စည်းများကို ဆက်လက်မှာယူနိုင်ရန် ံ H & M ,  Adidas နှင့် Uniqlo အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်များအတွက် တံခါးပွင့်နေဆဲဖြစ်သည်။

စီးပွားရေး ပိတ်ဆို့မှုများ၏ စည်းနှောင်မှု မရှိသော သဘောသဘာဝကို အခြားကဏ္ဍများတွင်လည်း တွေ့မြင်နိုင်သည်။ Unilever သည် မြန်မာနိုင်ငံတွင် ဆက်လက်လည်ပတ် နေပြီး Toyorta Motor သည် နိုင်ငံရေးမငြိမ် မသက်မှုများကြောင့် နှောင့်နှေးခဲ့ရပြီးနောက် စက်ရုံသစ်ကို စတင်လည်ပတ်နိုင်ခဲ့သည်။

ငွေကြေးဖောင်းပွမှုများဖြစ်ခဲ့သည့် တိုင် စက်ရုံအလုပ်ရုံ လုပ်သားအများစုအတွက် အကျုံးဝင်သည့် အနည်းဆုံး လုပ်ခလစာသည် ၂၀၁၈ ခုနှစ်မှ စတင်ကာ ယခုအထိ ၄ç၈၀၀ ကျပ် (၁ ဒသမ ၆၈ ဒေါ်လာခန့်) သာ ဖြစ်နေ သေးသော်လည်း စက်ရုံအလုပ်ရုံများကို နေ့ စဉ် ဝင်ငွေရှာဖွေရန်အတွက် တစ်ခုတည်း သော နေရာအဖြစ် အများစုက ရှုမြင်နေကြ ဆဲဖြစ်သည်။

“ကျွန်တော့်ရဲ့ ၁၇ နှစ်အရွယ် သမီးကို အထက်တန်း ကျောင်းကနေ ထွက်ခိုင်းလိုက်ရတယ်”ဟု မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းနှင့် အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့ကို ဖြတ် သန်း ပြေးဆွဲနေသည့် ရထားပေါ်မှ ခရီး သည်တစ်ဦးက ပြောကြားသည်။

အစိုးရအပြောင်းအလဲနှင့် သာမန်ပြည် သူများအကြား သုံးစွဲနိုင်မှုနှုန်း ကျဆင်းသွား မှုတို့ကြောင့် ဘူတာရုံတွင် သရေစာရောင်းချ ရာမှ ရရှိသည့် ဝင်ငွေမှာ တစ်ရက်လျှင် ကျပ် ၁၀,၀၀၀ ဝန်းကျင်မှနေ၍ ကျပ် ၄,၀၀၀ ဝန်း ကျင်သို့ ကျဆင်းသွားကြောင်း ကလေး ၁၀ ဦး၏ ဖခင်ဖြစ်သူက ပြောပြသည်။ ယခုအခါ သူ၏ သမီးအကြီးဆုံးသည် အိမ်သုံးစရိတ်များ အတွက် အထောက်အကူဖြစ်စေရန် အထည် ချုပ်စက်ရုံတစ်ရုံ၌ အလုပ်လုပ်နေရသည်။

 

လုပ်သားအခြေပြု ကုန်ထုတ်လုပ်ငန်း သို့မဟုတ် အထည်ချုပ်ကဏ္ဍ ထုတ်လုပ်နိုင်မှု

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အ တွက် အထည်ချုပ်ကဏ္ဍသည် အဓိကကျ သော ကဏ္ဍမှပါဝင်သည်။၂၀၁၉ ခုနှစ်အတွင်း မြန် မာနိုင်ငံမှ ပြည်ပပို့ကုန်များတွင် အများဆုံးတင်ပို့ထားသည့်ပို့ကုန်ဖြစ်ပြီး လုပ်သားအင်အားအခြေပြုသည့်ကုန်ထုတ်လုပ်ငန်းများ၊ Labour Intensive Industry မှ အလားအ လာအကောင်းဆုံးမှာ အထည်ချုပ်လုပ်ငန်း များဖြစ်သည်။

မြန်မာ့အထည်ချုပ်လုပ်ငန်းများ မှာ   CMP လက်ခစားစနစ်ဖြင့် ချုပ်ထည်များ တင်ပို့ နေခြင်းဖြစ်ရာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာတစ်ဘီလျံ ရရှိရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာသုံးဘီလျံ အထိ ပို့ကုန် တင်ပို့မှုတန်ဖိုးတိုးတက်လာသဖြင့် ငါးနှစ်အ တွင်း ပို့ကုန်သုံးဆတိုးမြှင့်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း- MGMA ၏တရားဝင်အချက် အလက်များအရ ၂၀၁၉ ခုနှစ်အတွင်း  စက် ရုံ  ၆၀၀ နီးပါး၏စက်ရုံအလုပ်ရုံများမှ ခန့်အပ် ထားသည့် အမျိုးသားနှင့် အမျိုးသမီး ဝန်ထမ်း စုစုပေါင်းငါးသိန်းမှ ဒေါ်လာ ၄ ဒသမ ၃၇ ဘီလျံနှင့် ညီမျှသော အထည်အလိပ်များ ကမ္ဘာ တစ်ဝန်းသို့ တင်ပို့ရောင်းချခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင် များအသင်း၏ ၁၀ နှစ်တာမဟာဗျူဟာတွင် အထည်ချုပ်လုပ်ငန်းသည် နိုင်ငံအတွင်းရှိ တ ရားဝင် အလုပ်အကိုင်ဖန်တီးပေးနိုင်မှု အ မြင့်ဆုံးဖြင့် အလျင်မြန်ဆုံး တိုးတက်နေသော စီးပွားရေးကဏ္ဍဖြစ်ပြီး ယင်းကဏ္ဍအနေဖြင့် အလုပ်အကိုင် ဖန်တီးပေးနိုင်မှု ၁ ဒသမ ၅ သန်းခန့်အထိ ဖန်တီးပေးလာနိုင်မည်ဖြစ်ပြီး ဒေါ်လာရှစ်ဘီလျံမှ ၁၀ ဘီလျံခန့် တန်ဖိုးရှိ ထုတ်ကုန်များ တင်ပို့နိုင်မည် ဟု MGMA မှ ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်း ကို အဓိကအားဖြင့်  CMP လက်ခစားစနစ် ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး  ဖိနပ်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်း စသည်တို့အပြင် အခြား သော လုပ်ငန်းများကိုလည်း CMP စနစ်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်သည်။

CMP စနစ်ဆိုသည်မှာ ပြည်ပမှ ကုန် ကြမ်းတင်သွင်းပြီး ပြည်တွင်း၌ ကုန်ချော ထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့ သည့် လုပ်ငန်းဖြစ်သည်။

ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ သည် CMP စနစ်ဖြင့်သာ ဆောင်ရွက်နေရသည့် အ တွက် ပြည်တွင်း၌ ချုပ်လုပ်ပြီး ထွက်ရှိလာ သည့်အဝတ်အထည်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ဝန်းကျင်ကိုသာ ချုပ်ခအနေဖြင့် ရရှိခြင်းဖြစ် သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းအထည်ချုပ် တစ်ခုတည်းကို မှီခိုအားထားနေရသည့်အ လုပ်သမားဦးရေ ငါးသိန်းကျော် ရှိခဲ့ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့အထည် ချုပ်(ချုပ်ပြီးအထည်)တင်ပို့မှုကိုလေ့လာကြည့် ပါက ၂၀၁၀ ပြည့်နှစ်၌ အထည်ချုပ်တင်ပို့မှု တွင် ဒေါ်လာ ၃၃၇ သန်းသာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ် လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှသိရသည်။

မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ် (ချုပ် ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါ က၂၀၁၀ ခုနှစ်တွင် ဒေါ်လာ ၃၃၇ သန်းသာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့် တက်လာခဲ့ပြီး ဒေါ်လာ တစ်ဘီလျံနီးပါးအထိ ရောက်ရှိခဲ့သည်။

၂၀၁၅ ခုနှစ်တွင် အထည်ချုပ် (ချုပ်ပြီး အထည်) တင်ပို့မှုသည် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိ ရှိလာပြီး မြန်မာနိုင်ငံ၏ စုစု ပေါင်း ပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

၂၀၂၂ခုနှစ် ခုနစ်လအတွင်း ပြည်ပသို့ ချုပ်ပြီးအထည် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃၁၉၄ သန်းကျော်ရရှိြ ပီး ဇူလိုင်လတွင် ဒေါ် လာ ၆၅၆ သန်းကျော်ဖြင့် အများဆုံးဖြစ် ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ်အတွင်း လအလိုက် ပြည်ပ သို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဝင်ငွေရရှိမှုအ နေဖြင့် ဇန်နဝါရီတွင် ဒေါ်လာ ၄၁၀ ဒသမ ၃ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၆၀ ဒသမ ၆ သန်း၊ မတ်လတွင် ဒေါ်လာ ၄၀၃ ဒသမ ၈ သန်း၊ ဧပြီတွင် ၂၉၇ ဒသမ ၈ သန်း၊ မေလတွင် ဒေါ်လာ ၄၄၂ ဒသမ ၉ သန်း၊ ဇွန်လတွင် ဒေါ်လာ ၆၂၃ ဒသမ ၂ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၆၅၆ ဒသမ ၂ သန်းဖြစ်ကာ ၂၀၂၂ ခုနှစ် ခုနစ်လအတွင်း ပြည်ပသို့အထည် ချုပ်တင်ပို့မှုမှ ဝင်ငွေဒေါ် လာ ၃၁၉၄ ဒသမ ၈ သန်း ရရှိခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ  မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဝင်အထည်ချုပ်စက်ရုံပေါင်း ၇၉၇ ရုံ ရှိပြီး နိုင်ငံသားပိုင်စက်ရုံ ၆၉ ရုံ၊ တရုတ်စက်ရုံ ၃၀၄ ရုံ၊ ကိုရီးယားစက်ရုံ ၅၄ ရုံ၊  ဂျပန် ၁၈ ရုံ၊  အခြားစက်ရုံ ၂၁ ရုံ၊ ဖက်စပ်စက်ရုံ ၂၈ ရုံ စ သည်ဖြင့်ရှိကာ ယင်းအနက် ၅၄၃ ရုံသာ လက် ရှိတွင် လုပ်ငန်းလုပ်ကိုင်နေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်း ကို CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက် နေခြင်းဖြစ်ပြီး ဂျပန်၊ တရုတ်၊ ကိုရီးယား၊ EU နိုင်ငံတို့မှ CMP စနစ်ဖြင့် အော်ဒါအဓိက မှာယူနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအ ထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိ ရသည်။

 

ပြင်ပဝေဖန်မှုများကြောင့် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသည့် အထည်ချုပ်လုပ်ငန်းများ

ပြင်ပမှ ဝေဖန်မှုများကြောင့် တာဝန်ရှိ သော ထွက်ခွာမှုဟုဆိုကာ မြန်မာ့အထည် ချုပ်လုပ်ငန်းကဏ္ဍမှ Brand စက်ရုံအချို့ ထွက်ခွာရန် ပြင်ဆင်နေကြောင်း မတ်လ ၁၉ ရက်က ကျင်းပသည့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း၏ သတ္တမအကြိမ် မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်း အဝေးမှ သိရသည်။

ယင်းသို့ တာဝန်ရှိသော ထွက်ခွာမှုဟု ဆိုကာ မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍမှ ထွက်ခွာမည့်လုပ်ငန်းများအနေဖြင့် အလုပ်အ ကိုင်ဆုံးရှုံးသွားမည့် လုပ်သားများအတွက် မည်ကဲ့သို့ တာဝန်ယူ မည်နည်းဟု အထည်ချုပ် လုပ်ငန်းရှင်များက  မေးခွန်းထုတ်ခဲ့သည်။

“မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းကို ပြင်ပကနေ ဝေဖန်နေကြပြီးတော့ မှ သူတို့အ နေနဲ့ ဒီကနေ  ဝယ်သူတွေထွက်ခွာဖို့အတွက်ကို တောင်းဆိုနေတာတွေရှိတယ်။  ဒါကြောင့်မို့  သူတို့သုံးတဲ့အသုံးအနှုန်းက Reponsible Exit လို့ပြောတယ်။ တာဝန်ရှိသောထွက်ခွာ မှုလို့ သူတို့ပြောတာရှိပါတယ်။ တာဝန်ရှိ သော ထွက်ခွာမှုလို့ ပြောပြီးတော့မှ Brand နှစ်ခုက သူတို့ထွက်ဖို့ ပြင်နေပါပြီ။ ဒါပေမဲ့ ကျွန်မတို့က မေးခွန်းပြန်ထုတ်တာက တာဝန်ယူသောထွက် ခွာမှုဆိုရင် သူတို့ဘာတွေလုပ်ပေးသလဲ။ အဲဒီ မေးခွန်းတွေ ပြန်မေးဖို့ပါ။ သူတို့ ဘာတာဝန် တွေယူပေးသလဲ။ ဒီမှာ အလုပ်သမားတွေအ လုပ်မရှိတော့ဘူးဆိုရင်  အလုပ်ကိုရှာပေးသ လား နံပါတ်(၁)။  ဒီအလုပ်ပြုတ်သွားမယ့် အ လုပ်သမားတွေကို လျော်ကြေးအတွက် ပိုင်ရှင် တွေကို ပိုက်ဆံပေးသလား၊ကူညီပေးသလား။  နံပါတ်(၂)။ ဒါမှမဟုတ်လည်း သူတို့အနေနဲ့ ဒီအလုပ်သမားတွေ ရှေ့ကိုကြည့်ပြီး တာဝန် ယူချင်တယ်ဆိုရင်  အတူတူ အော်ဒါဆက်ပေး ပြီးတော့မှ အလုပ်ဆက်ပေးဖို့” ဟု မြန်မာနိုင် ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အ ထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

မြန်မာ့အထည်ချုပ်ကဏ္ဍတွင် လက်ရှိ ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများ၊ အလုပ်ရှင် နှင့် အလုပ်သမားများ ရင်ဆိုင်နေရသည့်အ ခြေအနေများကို Survey  ပြုလုပ်ခဲ့ကြောင်း   မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။

“ပြင်ပစိန်ခေါ်မှုတွေနဲ့ပတ်သက်ရင်  Made in Myanmar ၊ ပြီးရင် မြန်မာနိုင်ငံ အ ထည်ချုပ်လုပ်ငန်းစသောလုပ်ငန်းတွေအပေါ် ပြည်ပသဘောထား မကိုက်ညီတဲ့သူတွေရဲ့ တင်ပြပြောဆိုမှုကြောင့် ကျွန်တော်တို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ စျေးကွက် အခြေအနေကို စိန်ခေါ်မှုတွေရှိခဲ့ပါတယ်။ ဒီလိုစိန်ခေါ်မှုတွေ ရှိနေတာကို အသင်းအနေ နဲ့ ကျော်လွှားနိုင်ဖို့ဆိုပြီး ရှိရင်းအမှန်၊ဖြစ်ရင်း အမှန်ကိုသိဖို့ Survey တစ်ခု လုပ်ခဲ့ပါတယ်” ဟု ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။

ယင်းသို့ လေ့လာတွေ့ရှိချက်များအ ပေါ် ပြည်တွင်းလုပ်သားများ၏ လိုအပ်ချက် နှင့် ဆန္ဒသဘောထားများကို နိုင်ငံတကာသို့ အင်္ဂလိပ်ဘာသာဖြင့် ဖြန့်ဝေနိုင်ခဲ့ကြောင်း သိရသည်။

“အဲဒီတွေ့ရှိချက်တွေအပေါ်မှာ လုပ် သားများရဲ့ လိုအပ်ချက်ဆန္ဒသဘောထား တွေအပေါ်မှာ နိုင်ငံတကာကို အင်္ဂလိပ်ဘာ သာနဲ့ ပြုစုဖြန့်ဝေနိုင်ခဲ့တယ်။ ထို့အတူ နိုင်ငံ တကာမိတ်ဖက်ဖြစ်တဲ့ ဂျာမနီနိုင်ငံက အဖွဲ့ အစည်းတစ်ခုနဲ့ အလုပ်ရှင်တွေကို အင်တာ ဗျူး ဆောင်ရွက်ခဲ့ပြီး ဥရောပကော်မရှင်ကို အလုပ်ရှင်တွေရဲ့သဘောထားကို တင်ပြ ပြောဆိုနိုင်ခဲ့တယ်”ဟု ဥက္ကဋ္ဌ ဦးမြင့်စိုးက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံ၏ အထည်အလိပ် လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာ ကြည့်ပါက ထင်သလောက် တိုးတက်မှုမရှိ သေးကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒု တိယဥက္ကဋ္ဌဦးဆန်းလင်းက ပြောကြားခဲ့သည်။

“လက်ရှိမြန်မာနိုင်ငံရဲ့ အထည်အလိပ် လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို လေ့လာ ကြည့်မယ်ဆိုရင် ထင်သလောက် တိုးတက်မှု မရှိသေးတာကို အရိုးသားဆုံး ဝန်ခံတင်ပြလို ပါတယ်။ အခြေခံ အဆောက်အအုံမပြည့်စုံမှု၊ အထည်အလိပ်လုပ်ငန်းမှာ ကျွမ်းကျင်လုပ် သားရှားပါးမှု၊ ကုန်ထုတ်လုပ်မှုစွမ်းအား မြှင့် တင်နိုင်ရန် မီးမပြည့်စုံမှု၊ငွေကြေး အရင်းအနှီး၊ စျေးကွက်ပြိုင်ဆိုင်မှု အလုပ်အကိုင်  နည်းပါးမှု၊ ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်စရိတ်မြင့်မား လာမှု စတဲ့အချက်တွေကြောင့် တိုးတက်မှု တွေ နှေးကွေးလျက်ရှိတာကို တွေ့ရပါတယ်” ဟု ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်းက ဆိုသည်။

အဆိုပါအခက်အခဲများကို ကျော်လွှား နိုင်ရန်အတွက် မြန်မာနိုင်ငံအထည်ချုပ်လုပ် ငန်းရှင်များအသင်း ၊ အလုပ်အမှုဆောင်အဖွဲ့ ဝင်များနှင့်  အသင်းသူအသင်းသားများ ပူး ပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းရှိ CMP အထည်ချုပ်လုပ် ငန်းများသည် လုပ်ငန်းသဘောသဘာဝအရ ပြည်ပစျေးကွက်ကို အားထားတင်ပို့နေရ ခြင်းဖြစ်သဖြင့် အော်ဒါများ အချိန်မီတင်ပို့ နိုင်ရေး၊ အော်ဒါအမှာစာများ ပုံမှန်ရရှိကာ လုပ်ငန်းများ လည်ပတ်နိုင်ရေး လွန်စွာအရေး ကြီးလျက်ရှိသည်။ အကယ်၍ ပြည်ပအမှာစာ ရရှိမှု လျော့ကျခြင်း၊ အကြောင်းတရားများ စွာကြောင့် စက်ရုံပိတ်သိမ်းရခြင်းများရှိလာ ပါက အထည်ချုပ်စက်ရုံများ လက်ရှိရရှိထား သည့် ပြည်ပစျေးကွက်များ ပျောက်ဆုံးနိုင် သည့် စိန်ခေါ်မှုများ ရှိနေသည်။

အထည်ချုပ်လုပ်ငန်းသည် လုပ်သား အင်အားအများအပြားဖြင့် ဆောင်ရွက်ရ သဖြင့် ယင်းလုပ်ငန်းများမှ ပြည်ပအော်ဒါ တင်ပို့နိုင်မှု၊ ပို့ကုန်တန်ဖိုးမြင့်တက်နေခြင်း က တစ်ဖက်တွင် နိုင်ငံစီးပွားရေး တိုးတက် လာသကဲ့သို့ အခြားတစ်ဖက်တွင် သိန်းနှင့် ချီရှိနေသည့် အလုပ်သမားများ၏ စားဝတ် နေရေးကို ဖြေရှင်းပေးနေခြင်းပင်ဖြစ်သည်။

                   ■

 

 

Most Read

Most Recent