နိုင်ငံ၏အင်တာနက်နှုန်း မမြန်ဆန်သော်ငြား၊ ဒီဂျစ်တယ်အဆောက်အအုံများ အားရစရာမရှိသော်ငြား ကမ္ဘာ့ဆိုရှယ်မီဒီယာမြို့တော်ဟု သတ်မှတ်ခေါ်ဝေါ်ကြသည့် ဖိလစ်ပိုင်နိုင်ငံသည် တစ်နှစ်ထက်တစ်နှစ် အင်တာနက်နှင့် ဆိုရှယ်မီဒီယာအသုံးပြုသူ အများဆုံးနိုင်ငံဖြစ်လာနေသည်။ ထိုအချက်ကြောင့် ဆိုရှယ်မီဒီယာလွှမ်းမိုးမှုအောက် နိုင်ငံရေးနယ်ပယ်ပါဝင်နေခြင်းက ထူးဆန်းမည်မဟုတ်ပေ။
အနီးစပ်ဆုံးအားဖြင့် မေ ၂၀၂၂ ခုနှစ် ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲကို ပြန်ဆန်းစစ်လျှင်ပင် ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ အရေးပါသည့်အခန်းကဏ္ဍကို မြင်တွေ့နိုင်သည်။ အထူးသဖြင့် ဖာဒီနန်မားကို့စ်ဂျူနီယာနှင့် ဒုတိယသမ္မတဟောင်း လန်နီရော်ဘရီဒိုတို့၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများကို ကြည့်လျှင်သိနိုင်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ကာ လူတစ်ရုံးရုံးဖြင့် မဲဆွယ်ဟောပြောပွဲများ တားမြစ်ထားခြင်းတို့ကြောင့် ဖိလစ်ပိုင်ပြည်သူများ ဆိုရှယ်မီဒီယာတွင်အချိန်ကုန်မှုတိုးလာခဲ့ပြီး ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများနှင့် စည်းရုံးရေးအဖွဲ့များကလည်း ဆိုရှယ်မီဒီယာမားကတ်တင်း ဘက်ကို မဖြစ်မနေမှီခိုလာရတော့သည်။
သို့သော် နိုင်ငံရေးမဲဆွယ်မှုများကို ဒစ်ဂျစ်တယ်စနစ်ဘက်သို့ ကူးပြောင်းလာခြင်း၏အကျိုးဆက်အဖြစ် သတင်းတု၊ သတင်းမှားများလည်း ရှောင်နိုင်လိမ့်မည်မဟုတ်တော့ပေ။
ဆိုရှယ်မီဒီယာရွေးကောက်ပွဲများ
SOCIALMEDIAELECTIONS လစ်ပိုင်နိုင်ငံရေးသမားများသည် ၁၉၉၈ ခုနှစ်ကတည်းက နိုင်ငံရေးကမ်ပိန်းလှုပ်ရှားမှုများအတွက် အင်တာနက်ကို စတင်သုံးလာခဲ့သည်။ များသောအားဖြင့် ကိုယ်စားလှယ်လောင်းများအတွက် ၀က်ဘ်ဆိုဒ်များ ဖန်တီးလာကြသည်။ ထိုကတည်းကစတင်ကာ အင် တာနက်အသုံးပြုမှုတွင် ပိုမိုခေတ်မီလာကြသည်။
ရိုဒရီဂိုဒူတာတေးအနိုင်ရခဲ့သည့် ၂၀၁၆ သမ္မတရွေးကောက်ပွဲသည် ဖိလစ်ပိုင်နိုင်ငံ၏ ပထမဆုံး ဆိုရှယ်မီဒီယာရွေးကောက်ပွဲဟု ဆိုရလိမ့်မည်။ ဒူတာတေးသည် ၎င်းရှေ့တွင် အုပ်ချုပ်ခဲ့သည့် ဘန်နင်နိုအကွီနို (၃)၏ အနုပညာသမားများဝန်းရံသည့် ၂၀၁၀ ရုပ်သံကမ်ပိန်းနှင့်ကွဲထွက်စွာ အွန်လိုင်းဘလော့ဂါများ၏ အားပေးဝန်းရံမှုကို ရခဲ့သည်။
မားကို့စ်မျိုးဆက်သည်လည်း ဆိုရှယ်မီဒီယာပတ်ဝန်းကျင်၌ပင် ရှင်သန်လာခဲ့သည်။ ၂၀၁၆ ဒုသမ္မတရွေးကောက်ပွဲတွင် လန်နီရော်ဘရီဒိုကို ပွတ်ကာသီကာရှုံးနိမ့်ခဲ့ပြီးနောက် မားကို့စ်ဂျူနီယာသည် ၎င်း၏ဆိုရှယ်မီဒီယာအသုံးချမှုကို သိသိသာသာတိုးလိုက်သည်။ အထူးသဖြင့် ဖိလစ်ပိုင်ပြည်သူများအကြား အသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းနှစ်ခုဖြစ်သည့် Facebook နှင့် YouTube ကို ၎င်းက အာရုံစိုက်ခဲ့သည်။
မားကို့စ်ဂျူနီယာ၏ Facebook ပေ့ခ်ျနှင့် YouTube ချန်နယ်တို့တွင် ဖော်လိုဝါသန်းချီရှိပြီး ထိုကဲ့သို့ ဆိုရှယ်မီဒီယာထောက်ခံသူများကို စုဆောင်းခဲ့ခြင်းက ၎င်း၏ ၂၀၂၂ သမ္မတ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုအတွက် သိသိသာသာအသုံးဝင်ခဲ့သည်ကို သက်သေပြခဲ့သည်။
၎င်း၏ YouTube ချန်နယ်က စည်းရုံးရေးအတွက် အဓိကပံ့ပိုးမှုတစ်ခုဖြစ်လာပြီး သမ္မတတာဝန်ယူလိုက်ပြီးနောက်တွင် အနည်းဆုံးတစ်ပတ်လျှင် ဗီဒီယိုတစ်ခုတင်လာခဲ့သည်။
မားကို့စ်ဂျူနီယာ၏ Facebook ပေ့ခ်ျနှင့် YouTube ချန်နယ်တို့တွင်တင်ထားသည့် ပို့စ်များအား Like ၊ Share နှင့် မှတ်ချက်များပေးခြင်းတို့သည် ၎င်း၏မဲဆွယ်စည်းရုံးရေးအတွက် အလွန်အရေးပါခဲ့ပြီး၊ သမရိုးကျ သတင်းမီဒီယာများအား ဝေဖန်တတ်သူ မားကို့စ်သည် သမ္မတဖြစ်လာချိန်မှစတင်ကာ ဆိုရှယ်မီဒီယာဘလော့ဂါများနှင့် အပေးအယူမျှမျှ သဟဇာတဖြစ်သည့်ဆက်ဆံရေးကို ထူထောင်လိုက်သည်။ အပြန်အလှန်အနေဖြင့် ဘလော့ဂါ ၊ အွန်လိုင်း influencer များက မားကို့စ်ဂျူနီယာအတွက် အကျိုးရှိမည့် (၎င်းကိုထောက်ခံသည့်) အကြောင်းအရာများကို ရေးသားမျှဝေခြင်းများဖြင့် ၎င်းတို့အကျိုးကို ဖန်တီးနေကြသည်။
လျှို့ဝှက်နိုင်ငံရေးလက်နက်
ဆိုရှယ်မီဒီယာလောကတွင် နိုင်ငံရေးလက်နက်သဖွယ် နောက်ကွယ်မှ အသုံးချ နေသည့်အရာတစ်ခုလည်းရှိသည်။ ထိုအရာက အခကြေးငွေယူကာ Troll ရသည့်အလုပ်ဖြစ်သည်။ ပရိုဖိုင်အတုများနှင့် ဆင်းမ်ကတ်များစွာကိုအသုံးပြုကာ ဆိုရှယ်မီဒီယာဂရု(ပ်)များအတွင်းသို့ သတင်းလိုက်ဖြန့်ရသည့်၊ တတ်နိုင်သမျှလူများများထံ အလိမ်အညာများဖြန့်ပေးရသည့် အလုပ်ကိုကြေးစားလုပ် ကိုင်ခြင်းဖြစ်သည်။
ဖိလစ်ပိုင်တွင် ထိုအလုပ်လုပ်ကိုင်သူများစွာရှိသည်။ ၎င်းင်းတို့ကို နိုင်ငံရေးသမားများက ပြည်သူများ၏အတွေးအမြင်များကို စိုးမိုးခြယ်လှယ်နိုင်ရန် အသုံးချကြသည်။
ဖိလစ်ပိုင်တွင် ထိုအလုပ်လုပ်ကိုင်သူတစ်ဦးက တစ်လလျှင် ပီဆိုသုံးသောင်းမှ တစ်သိန်းကြားရသည်ဟု ပြည်တွင်းသတင်းများက ဖော်ပြသည်။ သာမန်အလုပ်မှရသည့် တစ်လစာနှင့်ယှဉ်လျှင် Troll လုပ်ရခြင်းက ပိုအကျိုးအမြတ်များသည်။ သို့သော် ငွေရမှု၌ပင် Troll လုပ်ရသူများက အနိမ့်ဆုံးအဆင့်သာ ရှိသေးသည်။ အလုပ်တစ်ခု၏ ၇၅ သို့မဟုတ် ၈၀ ရာခိုင်နှုန်းနီးပါးရသူများက ကွန်ရက်တစ်ခုအဖွဲ့တစ်ခုကို နောက်ကွယ်မှညွှန် ကြားနေသူ Architect ဟုခေါ်သူများပင်ဖြစ်သည်။ ထိုသို့ညွှန်ကြားသူများက များသောအားဖြင့် PR သမားများဖြစ်ကာ အချို့က ဂျာနယ်လစ်ဟောင်းများဖြစ်သည်။
Troll သူ လုပ်ရသူ၏တာဝန်က မိမိအလုပ်ရှင်(ဥပမာ ကိုယ်စားလှယ်လောင်းတစ်ဦး)၏ နာမည်တက်အောင် ဗီဒီယိုများဖန်တီးပြီး၊ တစ်ဖက်ပြိုင်ဖက်၏နာမည်ထိခိုက်အောင် လုပ်ဆောင်ရခြင်းမျိုးလည်းဖြစ်သည်။ မ ကောင်းသည့်အလုပ်မှန်းသိသော်လည်း ကပ်ရောဂါကာလအတွင်း လူအားလုံးကျပ်တည်းနေချိန် ထိုအလုပ်ကိုလုပ်သူမှာ မိမိတစ်ဦးတည်းမဟုတ်ဆိုသည့်အတွေးဖြင့် မိသားစုကိုထည့်တွက်ကာ ထိုအလုပ်ကို ရွေးချယ်သူများလည်း ရှိသည်။
လာမည့်နှစ်များအတွင်း ဖိလစ်ပိုင်ပြည်သူများအကြား ဆိုရှယ်မီဒီယာသုံးစွဲမှု ဆက် လက်မြင့်တက်လာဦးမည်ဟုယူဆရပြီး၊ ဆိုရှယ်မီဒီယာကို သတင်းအရင်းအမြစ်နေရာ တစ်ခုအဖြစ် သဘောထားသည့်ဖိလစ်ပိုင်တွင် အနာဂါတ်မဲဆွယ်စည်းရုံးမှုများ၌လည်း အွန်လိုင်း Influencer များ၏ အခန်းကဏ္ဍ ပိုမိုကြီးမားလာမည်ဖြစ်သည်။
MORE THAN WHAT POLITICIANS BARGAINED FOR အချို့လည်း လက်တွဲ ဖြုတ်ကြ
ရွေးကောက်ပွဲအပြီး အချို့သောဝိရောဓိဖြစ်မှုများလည်း ရှိလာခဲ့သည်။ အချင်းချင်း သဘောထားကွဲလွဲမှုများ၏ ရလဒ်ဖြစ်ပြီး အချို့ဘလော့ဂါများက မားကို့စ်ကိုထောက်ခံအားပေးသည့် အရေးအသားများ ၎င်းတို့၏ပေ့ခ်ျများတွင် ဆက်လက်ရေးသားကြသော်လည်း အချို့ဘလော့ဂါများက လက်တွဲဖြုတ်ကာ မားကို့စ်အစိုးရသစ်ကို ဝေဖန်ဆန့်ကျင်သူများလည်း ဖြစ်သွားသည်။
ထောက်ခံသူများအကြား ထိုသို့ လမ်းခွဲသွားမှုများသည် မားကို့စ်ဂျူနီယာ၏ မူလမဲ ဆွယ်စည်းရုံးမှုတွင်ပေးခဲ့သည့်မက်ဆေ့ဖြစ်သည့် စည်းလုံးခြင်းဆိုသည့် ရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ၂၀၁၆ ခုနှစ် ကမြင်ခဲ့ရသည့် ဆိုရှယ်မီဒီယာ၏စွမ်းအားက နောက်ပိုင်းနိုင်ငံရေးသမားများ ၎င်းတို့ ထင်မှတ်မျှော်လင့်ထားသည်ထက် ပိုနေသည်ကို သိလာကြလိမ့်မည်။










