သမ္မတရှီကျင်းပင် အားအထားရဆုံး လူယုံတစ်ဦး သို့မဟုတ် တရုတ်ဝန်ကြီးချုပ်သစ် လီချန်

သမ္မတရှီကျင်းပင် အားအထားရဆုံး လူယုံတစ်ဦး သို့မဟုတ် တရုတ်ဝန်ကြီးချုပ်သစ် လီချန်
Photo: AFP
Photo: AFP
Published 14 March 2023
TRANSLATED- ဖြိုးဟိန်းကျော်

ယမန်နှစ် အောက်တိုဘာလတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ထဲသို့ သမ္မတရှီကျင်းပင် ဝင်ရောက်လာစဉ်က ကော်မတီဝင်ခုနစ်ဦးပါ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီ၏ ဒုတိယရာထူးအမြင့်ဆုံးပုဂ္ဂိုလ်အဖြစ် ရှီ၏အနောက်မှ ထပ်ချပ်မကွာ လိုက်ပါလာ စဉ်ကတည်းကပင် လီချန်းသည် တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာမည့်သူအဖြစ် ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့သည်။

သမ္မတရှီ၏ ယုံကြည်အားအထားရဆုံး မဟာမိတ်တစ်ဦးဖြစ်သည့် လီချန်းသည် ရာထူးမှ ထွက်ခွာတော့မည့် ဝန်ကြီးချုပ်လီခဲ့ချန်း ၏ အရိုက်အရာကို ဆက်ခံသူအဖြစ် မတ်လ ၁၁ ရက်တွင် အတည်ပြုရွေးချယ်ခံခဲ့ရသည်။ သုံးကြိမ်မြောက် ရာထူးသက်တမ်းကို ထမ်းဆောင်ရန် သမ္မတရှီကို တစ်ညီတစ်ညွတ်တည်း ရွေးချယ်ခဲ့ပြီး တစ်ရက်အကြာတွင် အသက် ၆၃ နှစ်အရွယ် လီကို နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၌ ကိုယ်စားလှယ် ၂ယ၉၀၀ ကျော်အနက်မှ အားလုံးနီးပါး၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။ 

လီသည် တရုတ်၏ စီးပွားရေးဗဟိုချက်ဖြစ်သော ရှန်ဟိုင်းမြို့တွင် ယမန်နှစ်က နှစ်လတိုင်တိုင် COVID-19 ရောဂါထိန်းချုပ် ရေးအတွက် တင်းတင်းကျပ်ကျပ် လော့ဒေါင်းချမှုကို ၎င်းမြို့၏ ပါတီအကြီးအကဲအဖြစ် ကြီးကြပ်ခဲ့သူလည်းဖြစ်သည်။

သူသည် ဝန်ကြီးချုပ်သစ်အဖြစ် ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံးဖြစ်သော တရုတ်နိုင်ငံ၏စီးပွားရေးကို စီမံခန့်ခွဲသွားမည်ဖြစ် သည်။

တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၊ ဝင်ကျိုးမြို့တွင် မွေးဖွားခဲ့သည့် လီသည် အသက် ၁၇ နှစ် အရွယ်၌ ဆည်မြောင်းဌာန တစ်ခုတွင် စတင်အလုပ်လုပ်ကိုင်ခဲ့သည်။ ယင်းသည် တရုတ်၌ မော်စီတုန်း၏ ယဉ်ကျေးမှု တော်လှန်ရေးကာလ နောက်ဆုံးနှစ်ဖြစ်သည့် ၁၉၇၆ ခုနှစ်တွင်ဖြစ်သည်။

တရုတ်၌ တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်ဝင်ခွင့်ရရှိရန် အပြိုင်အဆိုင်ဖြစ်နေခဲ့သည့် ၁၉၇၈ ခုနှစ်တွင် လီသည် ကျဲ့ကျန်း စိုက်ပျိုးရေးတက္ကသိုလ် တက်ရောက်ခွင့်ရခဲ့သည်။ ထို့နောက်တွင် ပေကျင်းရှိ ဗဟိုပါတီသင်တန်းကျောင်းနှင့် ဟောင် ကောင် Polytechnic တက္ကသိုလ်တို့မှ မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့သည်။

၁၉၈၃ ခုနှစ်တွင် သူသည် ကွန်မြူနစ်လူငယ် အစည်းအရုံး၌ စာရေးစာချီ အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး တစ်နှစ်အတွင်း ဒေ သတွင်း လူငယ်လုပ်ငန်းစဉ်များကို ကြီးကြပ်တာဝန်ယူရသူအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။

သူသည် ခေါင်းဆောင်ပိုင်း ရာထူးများအဆင့်ဆင့်တိုးမြှင့်ခံရပြီးနောက် ၂၀၁၂ ခုနှစ်တွင် ချမ်းသာကြွယ်ဝသော ကျဲ့ကျန်း ပြည်နယ်၏ ထိပ်တန်းရာထူးကို တိုးမြှင့်ခန့်အပ်ခံခဲ့ရသည်။

သူသည် ကျဲ့ကျန်းပြည်နယ်၌ ဒီဂျစ်တယ် စီးပွားရေးထွန်းကားမှုနှင့် အမေရိကန်လျှပ်စစ်ကားကုမ္ပဏီကြီး Tesla ၏ ထုတ်လုပ် ရေးစင်တာ ရှန်ဟိုင်းတွင် ဖွင့်လှစ်မှုကို အားပေးထောက်ခံသူအဖြစ်လည်း ချီးကျူးခံထားရသည်။

တရုတ်၏ အကြီးဆုံးပုဂ္ဂလိက ကုမ္ပဏီအချို့ အခြေစိုက်သည့် ကျဲ့ကျန်းပြည်နယ်သည် လီနှင့်သမ္မတရှီတို့အကြား ပုဂ္ဂိုလ်ရေး ရင်းနှီးမှုတည်ဆောက်နိုင်ခဲ့သည့် နေရာလည်းဖြစ်သည်။

ကျဲ့ကျန်းပြည်နယ်၏ ပါတီအကြီးအကဲအဖြစ် ၂၀၀၄ မှ ၂၀၀၇ ခုနှစ်အထိ ရှီတာဝန် ထမ်းဆောင်ခဲ့စဉ်က လီသည် အယုံကြည်ရ ဆုံးပုဂ္ဂိုလ်များကိုသာ တာဝန်ပေးလေ့ရှိသည့် ဝန်ထမ်းရေးရာအကြီးအကဲရာထူးကို ထမ်းဆောင်ခွင့်ရခဲ့သည်။

ရှီ သမ္မတဖြစ်လာသည့် ၂၀၁၃ ခုနှစ်တွင် လီသည် အဆိုပါပြည်နယ်၏ အကြီးအကဲအဖြစ် ရာထူးတိုးမြှင့်ခံရပြီး နောင်တွင် ၎င်းကို ပိုမိုအဆင့်မြင့်သည့် ရာထူးတာဝန်များ အပ်နှင်းရန် ရှီကလက်သပ်မွေးခဲ့သည့် သဘောလည်း သက်ရောက်သည်။

၂၀၁၅ ခုနှစ်တွင် ထိုစဉ်က အမေရိကန် သမ္မတဖြစ်သည့် ဘားရက်ခ်အိုဘားမားနှင့်တွေ့ဆုံရန် သမ္မတရှီကျင်းပင် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင်လည်း လီ လိုက်ပါသွားခဲ့သည်။ ဆီယက်တဲမြို့သို့ သမ္မတရှီနှင့်အတူ သွားရောက်ခဲ့စဉ်အတွင်း ကျဲ့ကျန်းပြည်နယ်နှင့် အမေရိကန် ကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သွားရန် ၎င်းက ဆော်သြခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး စီမံချက်အရ ကျန်ဆုပြည်နယ်မှ တာဝန်ရှိသူများကို ရာထူးမှဖယ်ရှားခဲ့ပြီး လစ်ဟာနေသော နိုင်ငံရေးရာထူးနေရာများကို ဖြည့်ဆည်းရန်ယုံကြည်အားထားရသူ လိုအပ်နေခြင်းကြောင့် ၂၀၁၆ ခုနှစ်တွင် ၎င်းပြည်နယ်၏ ပါတီအကြီးအကဲအဖြစ် သမ္မတရှီကျင်းပင်က လီကို ခန့်အပ်တာဝန်ပေးခဲ့သည်။ 

 

ထိပ်ပိုင်းရာထူးသို့တက်လှမ်းရန် လှေကားထစ်တစ်ခု

တရုတ်၏ စီးပွားရေးဗဟိုချက်နှင့် လူဦးရေအများဆုံး ရှန်ဟိုင်းမြို့၏ ပါတီအကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်ခဲ့ခြင်းသည် သမ္မတရှီကျင်းပင်ပြီးလျှင် တရုတ်၏ ဒုတိယရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်အဖြစ် တက်လှမ်းရာတွင် ၎င်းအတွက် လှေကားထစ်တစ်ခု ဖြစ်ခဲ့သည်။

လူဦးရေ ၂၅ သန်း နေထိုင်သည့် ရှန်ဟိုင်း၏စီးပွားရေးအပေါ် ကြီးမားသော သက်ရောက်မှုများ ဖြစ်စေခဲ့ကာ မြို့ခံအများ အပြားကို အမျက်ဒေါသထွက်စေခဲ့သည့် လော့ဒေါင်းချမှုအတွင်း လီသည် ဆိုရှယ်မီဒီယာတွင် အကြီးအကျယ် ဝေဖန်ခံခဲ့ရသည်။

ရှန်ဟိုင်းမြို့ကို လော့ဒေါင်းချထားစဉ်အတွင်း အိမ်ရာဝင်းများနှင့် ဆေးရုံများဆီသို့ သွားရောက်စစ်ဆေးနေသည့် လီ၏ပုံရိပ်များ ကို နိုင်ငံပိုင်မီဒီယာတွင် မကြာခဏ မြင်တွေ့ခဲ့ရသည်။

ယင်းသို့လှည့်လည်စစ်ဆေးစဉ်အတွင်း ပါတီခေါင်းဆောင် ရှီကျင်းပင်၏ အရေးကြီးလမ်းညွှန်ချက်များကို ခိုင်ခိုင်မာမာ အကောင် အထည်ဖော်ရန်နှင့် ကိုဗစ်ကင်းစင်ရေးမူဝါဒကို မမှိတ်မသုန် လိုက်နာကျင့်သုံးရန်လည်း လီက ဆော်သြတိုက်တွန်းခဲ့သည်။

ဒေသန္တရ တာဝန်ရှိသူ အတော်များများသည် တရုတ်၏တင်းကျပ်သော ကိုဗစ်ကင်းစင်ရေး မူဝါဒအောက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများကို ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ရာထူးတာဝန်များကို စွန့်လွှတ်ခဲ့ရပြီး ၎င်းတို့သည် လီနှင့် အနေအထားချင်း မတူခဲ့ပေ။  

လီအနေဖြင့် သမ္မတရှီနှင့် နီးကပ်သော ဆက်ဆံရေးရှိခြင်းသည် အားသာချက်နှင့်အားနည်းချက် ဒွန်တွဲနေကာ ၎င်းသည် ရှီ၏ ယုံကြည်မှုကို ရရှိထားသော်လည်း ရှီ၏ကာလရှည် ထောက်ခံအားပေးမှုကို ကျေးဇူးတုံ့ပြန်ရမည့် တာဝန်ရှိနေခြင်းကြောင့် ဖြစ်သည်ဟု အကဲခတ်များက ဆိုသည်။

အတိုင်ပင်ခံ အဖွဲ့အစည်းအဖြစ်သော Trivium၏ ပူးတွဲတည်ထောင်သူ ထရေးမက်အာဗာက လီသည် ၎င်း၏ ယခင် ဝန်ကြီးချုပ်ထက် လုပ်ပိုင်ခွင့်အာဏာ ပိုမိုရရှိလာဖွယ် ရှိသည်ဟု သုံးသပ်ခဲ့သည်။

ရှန်ဟိုင်းလော့ဒေါင်းအစီအမံနှင့် လီ၏ ဗဟိုအစိုးရပိုင်း အတွေ့အကြုံမရှိသည့် အချက်တို့ကြောင့် ၎င်းကို ဝန်ကြီးချုပ်တာဝန် ပေးအပ်ခဲ့ခြင်းသည် ရှီအနေဖြင့် သိသာထင်ရှားသော နိုင်ငံရေးစွန့်စားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လီချန်သည် ရှီ၏လက်သပ်မွေး လူယုံဖြစ်ကြောင်းကို အခြားတာဝန်ရှိ ပုဂ္ဂိုလ်များကလည်း သိရှိထားကြောင်း မက်အာဗာက ပြောကြားခဲ့သည်။

“လီဟာ အလွန်အရည်အချင်းပြည့်ဝသူ ဖြစ်တယ်လို့ ရှီက အခိုင်အမာ ယူဆထားသလို သူ့ကို ယုံကြည်အားထားပြီး သူ့ဆီကနေ အများကြီးမျှော်လင့်ထားလို့ အဲဒီရာထူးကို အပ်နှင်းခဲ့တာပါ”ဟုလည်း ၎င်းက ဆိုသည်။

 

ပုဂ္ဂလိကစီးပွားရေးကို ထောက်ခံအားပေးသူ

လီသည် လက်တွေ့ကျပြီး ထက်မြက်သော ဗျူရိုကရက်အရာရှိတစ်ဦးဖြစ်ကာ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို ထောက်ခံအား ပေးသူဖြစ်ကြောင်း လီနှင့်ထိတွေ့ဆက်ဆံဖူးသူများက ဆိုသည်။

လီသည် ယန်ဇီမြစ်ဝှမ်းဒေသ စီးပွားရေးစီမံကိန်းချဲ့ထွင်ရေးအတွက် တွန်းအားပေးလုပ်ဆောင်ခဲ့သူ အဖြစ်သာမက လက်ရှိတွင် အမေရိကန်ကားကုမ္ပဏီ Tesla စက်ရုံခွဲ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် အဆင့်မြင့် ကုန်ထုတ်လုပ်ငန်းများတည်ရှိရာ ရှန်ဟိုင်းမြို့၏ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ချဲ့ထွင်ရာတွင် စီမံကြီးကြပ်ခဲ့သူအဖြစ်လည်း လူသိများသည်။

ရှန်ဟိုင်းအခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကမူ ၎င်းအကူအညီတောင်းခံထားသော သာမန်စာလေးတစ်စောင်ကို လီက ဂရုတစိုက်တုံ့ပြန်ခဲ့သည့်အတွက် အံ့သြဝမ်းသာမိသည်ဟု ဆိုသည်။

“ကျွန်တော်တို့ကုမ္ပဏီက အသေးစား ပုဂ္ဂလိကကုမ္ပဏီလေးတစ်ခုဖြစ်ပေမဲ့ သူကကျွန်တော်တို့ကို ဂရုတစိုက်နဲ့ အကူအညီပေး ခဲ့ပြီး မလိုအပ်တဲ့ စည်းမျဉ်းကန့်သတ်ချက်တွေကို ဖယ်ရှားပေးခဲ့တယ်”ဟု အမည်မဖော်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ဝင်ကျိုးမြို့၏ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ကိုယ်စားလှယ်ဖြစ်သူ ကျိုးတဝမ်ကလည်း လီသည် သဘော ထားကြီးပြီး လူအများ၏ အမြင်ကို နားထောင်ပေးလိုသူ ဖြစ်သည်ဟု ဆိုသည်။

သို့ရာတွင် သမ္မတရှီက ကွန်မြူနစ်ပါတီအပေါ် ချုပ်ကိုင်မှုကို ဖြည်းဖြည်းချင်း ပိုမိုတင်းကျပ်လာသည့်အတွက် လီ၏လုပ်နိုင် စွမ်းသည် အကန့်အသတ်ရှိလာနိုင်သည်ဟု အကဲခတ်များက သုံးသပ်ထားသည်။

လီသည် ဗဟိုအစိုးရပိုင်း အတွေ့အကြုံနှင့် နိုင်ငံအနောက်ပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံမရှိဘဲ ဝန်ကြီး ချုပ်ဖြစ်လာသူဖြစ်ပြီး ယင်းသည် ဆယ်စုနှစ်သုံးခုအတွင်း ပထမဆုံး ဝန်ကြီးချုပ်လည်း ဖြစ်သည်။

ယခင်ဝန်ကြီးချုပ်များဖြစ်သည့် ကျူးရုန်ကျိ၊ ဝမ်ကျားပေါင်နှင့် လီခဲ့ချန်းတို့သည် အဆိုပါရာထူးကို တိုးမြှင့်မခံရမီက ဒုတိယ ဝန်ကြီးချုပ်များအဖြစ် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

Ref: CNA

Most Read

Most Recent