သမိုင်းဝင် သစ္စာအဓိဋ္ဌာန် ရွှေစာရံ စေတီတော် မြတ်ကြီး၏ ဘုရားပွဲတော်ကျင်းပ

သမိုင်းဝင် သစ္စာအဓိဋ္ဌာန် ရွှေစာရံ စေတီတော် မြတ်ကြီး၏ ဘုရားပွဲတော်ကျင်းပ
Published 5 March 2023

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီး သစ္စာအဓိဋ္ဌာန်ရွှေစာရံ စေတီတော်မြတ်ကြီး၏ ၇၅ ကြိမ်မြောက် စိန်ရတု ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို မတ်လ ၅ ရက်(တပေါင်းလပြည့်)နေ့မှ မတ်လ ၁၄ ရက်နေ့အထိ (၁၀) ရက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဘုရားပွဲတော်တွင် ရှေးအစဉ်အလာမပျက် 'ရှမ်းစျေးတန်း' ဖြစ်သည် ရှမ်းပြည်နယ်မှ ကုန်သည်များ၊ ရှမ်းပြည်နယ်ထွက် ကုန်စည်ပစ္စည်းများနှင့် အစားအစာများ၊ မြန်မာ့ရိုးရာပစ္စည်းများဖြစ်သည့် ထန်းရွက်ဖြင့်ပြုလုပ်ထားသော ငါးရုပ်များ၊ ထန်းရွက်ပုတီးများ၊ အဝတ်အထည်များနှင့် မုန့်မျိုးစုံ တို့ကိုလည်း ရောင်းချကြသည်။

ရွှေစာရံပွဲတော်ကာလအတွင်း ဒုဋ္ဌဝတီမြစ်တွင် ဘုရားဖူးလာသူများအနေဖြင့် ဇီဝိတဒါန ကုသိုလ်ပြု ငါးဘေးမဲ့လွှတ်နိုင်ရေးအတွက် ပြုလုပ်ထားကြောင်းနှင့် စျေးဆိုင်ခန်းများအနေဖြင့် ရှမ်းစျေးဆိုင်ခန်း ၂၀၀ ကျော်၊ မြန်မာစျေးဆိုင်ခန်း ၆၀၀ ကျော်၊ စုစုပေါင်းစျေးဆိုင်ခန်း ၈၀၀ ကျော်ရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ရှေးသမိုင်းများအရ ပွဲတော်အခါတွင် လူများသာမက ငထွေ၊ ငရွေး အစရှိသော ငါးကြီးများပါ စေတီတော်ကို လာရောက်ဖူးမျှော်ကြကြောင်း၊ ငါးကြီးများသည် ဒုဋ္ဌဝတီမြစ်ကို ဆန်တက်လာကာ ဘုရားတည်ရာကမ်းတွင် ပေါ်နေတတ်သောကြောင့် ဘုရားပွဲလာသူတို့သည် အစာကျွေးခြင်း၊ ခေါင်းကိုရွှေချခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။

ရွှေစာရံဘုရားသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူ-သီပေါ ဒေသတို့မှ မြစ်ဖျားခံစီးဆင်းလာသည့် ဒုဋ္ဌဝတီမြစ်၏မြောက်ဘက် ကုန်းမြေပေါ်တွင် တည်ထားကိုးကွယ်ထားသည်။

ရွှေစာရံစေတီတော်မြတ်အား တည်ထားကိုးကွယ်ခဲ့သည့် မူလလက်ရင်း ဘုရားဒါယိကာမမှာ ပါရမီရှင် မေတ္တာရှင် သစ္စာရှင် ထူးခြားမြင့်မြတ်သည့် မိုင်းမောဝ်ဧကရီလှဒေဝီ စောမွန်လှ (ရှမ်းပြည်နယ်အခေါ်) စဝ်မွမ်းလ ဖြစ်သည်။

 

Most Read

Most Recent