တောင်ငူမြို့ သမိုင်းဝင်မြတ်စောညီနောင်ဘုရားကြီး၏ နောင်တော်စေတီမှ စိန်ဖူးတော်အား ဝင်းခင်းအခမ်းအနားဖြင့် တောင်ငူမြို့တွင် လှည့်လည်အပူဇော်ခံ

တောင်ငူမြို့ သမိုင်းဝင်မြတ်စောညီနောင်ဘုရားကြီး၏ နောင်တော်စေတီမှ စိန်ဖူးတော်အား ဝင်းခင်းအခမ်းအနားဖြင့် တောင်ငူမြို့တွင် လှည့်လည်အပူဇော်ခံ
Published 5 March 2023
ဇော်ဝင်းချစ်(တောင်ငူ)

တောင်ငူမြို့ သမိုင်းဝင်မြတ်စောညီနောင် ဘုရားကြီး၏နောင်တော်စေတီမှ ရတနာစိန်ဖူးတော်နှင့် ရတနာငှက်မြတ်နားတော်တို့အား ပင့်ဆောင်၍ ဝင်းခင်း အခမ်းအနားဖြင့် တောင်ငူမြို့တွင် လမ်းများ၌ လှည့်လည်အပူဇော်ခံနေသည်ကို မတ် ၄ ရက် နံနက်ပိုင်းက တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ သမိုင်း ဝင် မြတ်စောညီနောင်ဘုရားကြီး၏နောင် တော်စေတီမှ ရတနာစိန်ဖူးတော်အား မတ်လ ၄ ရက်နေ့ တပေါင်းလဆန်း ၁၄ရက်၊စနေနေ့ နံနက်ပိုင်းက တောင်ငူမြို့တွင်း လမ်းများတွင် ဝင်းခင်းအခမ်းအနားဖြင့် ပင့်ဆောင်အပူ ဇော်ခံခဲ့ပြီး မြန်မာသံတေးသံရှင်များ၏ တေး ဂီတဖျော်ဖြေရေးများ ထည့်သွင်းကာ လှည့်လည်အပူဇော်ခံခဲ့ကြောင်းသိရသည်။

တောင်ငူမြို့ သမိုင်းဝင် မြတ်စောညီ နောင် ဘုရားကြီး၏ ဘုရားပွဲတော်အားနှစ်စဉ် တပေါင်းလပြည့်နေ့ရောက်တိုင်း ရက်ရှည် ဘုရားပွဲတော်အဖြစ် စည်စည်ကားကား ကျင်းပကြကြောင်း သိရသည်။

 ယခုနှစ်တပေါင်းလပြည့်မတိုင်မီတွင်ဘုရားကြီး၏ နောင်တော်စေတီမှရတနာ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား၊ ရောင်တော်ဖွင့်ခြင်း၊ လုံးတော်ပြည့်ရွှေစင်ရွှေ ပြားကပ်လှူခြင်း၊ရွှေဆေးကပ်လှူခြင်း၊ အ သစ်ပြန်ပြုပြင်ခြင်း၊ အလှူရှင်ဟောင်းများ မှလှူဒါန်းထားသော အလှူရတနာများအား ပြန်လည်အပူဇော်ခံခြင်း၊ အလှူရှင်သစ် များ လှူဒါန်းသော ရတနာများအား ထပ်မံလှူ ဒါန်းပူဇော်ခြင်းတို့ကိုမြို့ခံအလှူရှင်အချို့၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ပြုပြင်ရန်အတွက် ဖေဖော်ဝါရီလ ပထမအပတ်တွင် နောင်တော်စေတီမှ ရတနာစိန်ဖူးတော်နှင့်ရတနာငှက်မြတ်နား တော် တို့အား စေတီမှ ယာယီဖြုတ်ကာ တောင်ငူ မြို့ ေ ရွှဆ ံတေ ာ်စေတီတော်မြတ်ကြီး ကိုခန်း သိမ်တော်ကြီးသို့ရွှေ့ပြောင်း အပူဇော်ခံ၍ မွမ်း မံပြင်ဆင်ခဲ့ကြကြောင်း မွမ်းမံပြင်ဆင်ပြီး နောက် မတ်လ ၄ ရက် တပေါင်းလဆန်း ၁၄ ရက်နေ့တွင် ရတနာစိန်ဖူးတော်နှင့် ရတနာ စီခြယ် ငှက်မြတ်နားတော်ကြီးအား နောင် တော်စေတီတော်သို့ ပြန်လည်ပင့်ဆောင်စဉ် တောင်ငူမြို့တွင်းလမ်းများတွင် လှည့်လည်အပူဇော်ခံခြင်းဖြစ်ကြောင်း သိရသည်။

လှည့်လည်အပူဇော်ခံရာတွင် မင်္ဂ လာစည်တော်အကအဖွဲ့၊ သာသနာ့အလံ ကိုင်များ၊ သာသနာ့တံခွန်လုံးကိုင်များ၊ မင်္ဂ လာဒေါင်းမြီးကိုင် လှပျိုဖြူများ၊ ရွှေလမ်း ငွေ လမ်း ပန်းလမ်းခင်း နတ်သမီးငယ်များ၊ဒေဝါ ဝင်းခင်းအဖွဲ့၊ ရာဇာဝင်းခင်းအဖွဲ့၊ ခရုသင်း အဖွဲ့၊ ရတနာစိန်ဖူးတော် ငှက်မြတ်နားတော် ပင့်ဆောင်ယဉ်၊ ရတနာပုံ ဝန်းခင်းအဖွဲ့၊ အောင် သပြေပန်းကိုင်ဆောင်သမီးငယ်လေး များအဖွဲ့၊ ဘုရား ဂုဏ်တော်ဖွင့် တေးသံများ ဖြင့် တောင်ငူမြို့ ဦးမှန်းလမ်း ၊ ဗိုလ်မှူးဖိုးကွန်း လမ်း တစ်လျှောက် ဝန်းခင်းလမ်းလျှောက်လှည့်လည်ပူဇော်ခံခဲ့ကြကြောင်းသိရသည်။

ထိုသို့လှည့်လည်အပူဇော်ခံရာတွင် မြန် မာသံစဉ် ဂန္တဝင်တေးသံရှင်များ၏ သီဆို ဖျော်ဖြေရေးယာဉ်လည်း ပါဝင်ခဲ့ရာမြန်မာသံအဆိုရှင်များဖြစ်ကြသည့် ဖိုးသောကြာ၊ ရဲထိုက်၊ ဟေမာနေဝင်း၊သဲနုဝါ၊မေသက်ထား ဆွေတို့ကလည်း တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

တောင်ငူမြို့ခံအလှူရှင်များ၏ စုပေါင်း ပါဝင်မှုဖြင့် ရောင်တော်ဖွင့်အသစ်ပြန်လည် မွမ်းမံပြီးသော နောင်တော်စေတီတော်မှ ရတနာစိန်ဖူးတော်နှင့်ရတနာစီခြယ် ငှက် မြတ်နားတော်ကြီးအား မတ်လ ၁၅ ရက် တပေါင်းလပြည့်နေ့ တနင်္ဂနွေနေ့ ၊နံနက် ၉ နာရီအချိန်တွင်၊ ဗုဒ္ဓါ ဘိသေက၊အနေကဇာတင်ခြင်း မဂ်လာဆောင်ရွက်သွားမည်ဖြစ်ပြီး ရတနာစိန်ဖူးတော်နှင့်ရတနာစီခြယ် ငှက် မြတ်နားတော်ကြီးအား စေတီပေါ်သို့ ပြန် လည် ရွှေ့ပြောင်းကာ အပူဇော်ခံသွားမည် ဖြစ် ကြောင်း၊ တောင်ငူမြို့နယ်၊ ဒိုး‌သောင် ကျေးရွာအနီးရှိ သမိုင်းဝင်မြတ်စောညီနောင် ဘုရားကြီးအား သာသနာသက္ကရာဇ်(၂၂၅)ခုနှစ်တွင် ဗုဒ္ဓမြတ်စွာ ဘုရား၏ညာလက်ရိုးဓာတ်တော်ဌာပနာ၍တည်ထားခဲ့ခြင်းဖြစ် ပြီး သက်တမ်းအားဖြင့် သာသနာနှစ် ၂၃၀၀ ကျော်ကြာမြင့်ပြီဖြစ်သော ရှေးဟောင်းသမိုင်းဝင်ဘုရားကြီးဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent