ပရီးမီးယားလိဂ်သို့ပြန်ရန် မော်ရင်ဟိုအသင့်ဖြစ်နေသည်ဟု ရိုးမားတိုက်စစ်မှူးဟောင်း ကာဆာနို ပြောကြား

ပရီးမီးယားလိဂ်သို့ပြန်ရန် မော်ရင်ဟိုအသင့်ဖြစ်နေသည်ဟု ရိုးမားတိုက်စစ်မှူးဟောင်း ကာဆာနို ပြောကြား
Photo: Getty Images
Photo: Getty Images
Published 1 March 2023

 

ရိုးမားအသင်း၏ တိုက်စစ်မှူးဟောင်း ကာဆာနိုက လက်ရှိ ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် ပရီးမီးယားလိဂ်သို့ ပြန်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။

ကာဆာနိုက ပရီးမီးယားလိဂ်မှ အသင်းတစ်သင်းသင်းကသာ ကမ်းလှမ်းခဲ့မည်ဆိုပါက မော်ရင်ဟိုသည် လက်ရှိရိုးမားအသင်းနည်းပြရာထူးကိုကို ကျောခိုင်းသွားလိမ့်မည်ဟုလည်း ဆိုခဲ့သည်။ 

"သေချာတာတစ်ခုကတော့ မော်ရင်ဟို ပရီးမီးယားလိဂ်ကို ပြန်မယ်ဆိုတာပါပဲ။ ထိပ်တန်းအသင်းမဟုတ်ဘဲ သာမန်အသင်းဖြစ်ရင်တောင် သူလက်ခံမှာပါ။ အသင်းဟောင်းထဲမှာ သူ အင်တာကို ပြန်မှာမဟုတ်ပါဘူး။ ချယ်လ်ဆီးတစ်သင်းကိုပဲ ပြန်နိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။

မော်ရင်ဟို၏ ရိုးမားအသင်းသည် မနေ့ကယှဉ်ပြိုင်ကစားခဲ့သည့် စီးရီးအေပွဲစဉ်တွင် ခရီမိုနီဆီအသင်းအား ၂-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။

Most Read

Most Recent