နွေရာသီတွင် တစ်စုံတစ်ခုလုပ်ရတော့မည်ဖြစ်ပြီး လက်ရှိအခြေအနေကို ကျော်ဖြတ်သွားနိုင်ရန်လိုကြောင်း လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် ပြောကြား

နွေရာသီတွင် တစ်စုံတစ်ခုလုပ်ရတော့မည်ဖြစ်ပြီး လက်ရှိအခြေအနေကို ကျော်ဖြတ်သွားနိုင်ရန်လိုကြောင်း လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 1 March 2023

 

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မိမိတို့အနေဖြင့် အသင်းတွင်ဖြစ်ပေါ်နေသည့် လက်ရှိအခြေအနေကို ကျော်ဖြတ်သွားနိုင်ရန်လိုအပ်ပြီး နွေရာသီတွင် တစ်စုံတစ်ခုလုပ်ရတော့မည် ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားသည့် ပြိုင်ပွဲစုံ ၁၁ ပွဲအနက် သုံးပွဲသာ အနိုင်ရပြီး သုံးပွဲသရေ၊ ငါးပွဲရှုံးနိမ့်ထားရာ ယာဂန်ကလော့ပ်က နွေရာသီတွင် အပြောင်းအလဲလုပ်ရတော့မည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်။ ကြည့်လိုက်ပါ။ ခင်ဗျားမျက်လုံးထဲမှာရော ကစားသမားတွေရဲ့ မျက်လုံးထဲကိုပါ ကျွန်တော် သေချာမြင်နေရတယ်။ အဲဒီပုံစံက ကျွန်တော်တို့ ရှုံးပွဲကြုံတွေ့ခဲ့သလိုမျိုးပဲ။ ရှုံးနိမ့်တာမဟုတ်ပေမဲ့ အဲဒီလိုဖြစ်နေတယ်။ ကျွန် တော်တို့အနေနဲ့ အဲဒီလို နာကျင်ခံစားနေလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့သမိုင်းအစဉ်အလာကြောင့်ပါ။ အဲဒီလိုသာဆိုရင် တကယ်ကို ရယ်စရာဖြစ်နေလိမ့်မယ်။ ဒါက သမိုင်းမှတ်တမ်းထဲမှာ လူတွေထပ်ခါတလဲလဲပြန်ကြည့်ချင်တဲ့ ရာသီမဟုတ်ပါဘူး။ ဒီအကြောင်းက ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာလည်း ပါမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဒါကိုကျော်ဖြတ်ရမှာပါ။ ။ နွေရာသီမှာ တစ်ခုခုလုပ်ရမယ်ဆိုတာတော့ သေချာပါတယ်။ အခုလောလောဆယ်တော့ ဒါကိုကျော်ဖြတ်ဖို့ လိုပါတယ်" ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ရုန်းကန်နေရသလို FA ဖလားနှင့် လိဂ်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီ ဖြစ်ပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင်လည်း ဂိုးပြတ်ရှုံးနိမ့်ထားသည်။

Most Read

Most Recent