မြန်မာနိုင်ငံနှင့် စားနပ်ရိက္ခာ မလုံခြုံမှုအန္တရာယ်

မြန်မာနိုင်ငံနှင့် စားနပ်ရိက္ခာ မလုံခြုံမှုအန္တရာယ်
Published 26 February 2023

စားနပ်ရိက္ခာ လုံခြုံမှုဆိုသည်မှာ စားနပ် ရိက္ခာများကို ထုတ်လုပ်မှု၊ ဖြန့်ချိမှုနှင့် သိုလှောင်မှုပမာဏအရ  ‘ရယူရန်အဆင်သင့်ရှိနေမှု’(Availability) နှင့် ယင်းစားနပ်ရိက္ခာများကို လူတစ်ဦးချင်းအလိုက် သို့မဟုတ် အိမ်ထောင်စု တစ်ခုချင်းအလိုက် လက်လှမ်း မီဝယ်ယူ သို့မဟုတ် လက်တွေ့ရယူနိုင်မှု (Accessibility) ဆိုင်ရာ စွမ်းရည်များကို တိုင်းထွာသော တိုင်းတာမှုတစ်ရပ်ဖြစ်သည်။

ဒီဇင်ဘာတွင် ကမ္ဘာ့စားနပ်ရိက္ခာစျေး နှုန်းများသည် နဝမမြောက်လအဖြစ် ဆက်လက်ကျဆင်း ခဲ့သည်ဆိုသော်လည်း ၂၀၂၂ ခုနှစ်တွင် တစ်နှစ်ပတ်လုံးအနေဖြင့် စားနပ် ရိက္ခာစျေးများ စံချိန်တင်အမြင့်ဆုံးဖြစ်ခဲ့သည်ဟု မကြာသေးမီက ကုလသမဂ္ဂက ထုတ်ပြန်သောအချက်အလက်များအရ သိရသည်။

စိုက်ပျိုးရေးအင်အားကြီးနိုင်ငံဖြစ်သော ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက် စားနပ်ရိက္ခာစျေးနှုန်းများသည် မတ်လတွင် လအလိုက် စံချိန်တင်မြင့်တက်ခဲ့သည်။

ယူကရိန်းသည် ကမ္ဘာသို့ ဂျုံနှင့်ဟင်း ချက်ဆီ အများဆုံးတင်ပို့နေသော နိုင်ငံဖြစ်သည်။သို့ရာတွင် မတ်လနောက်ပိုင်းတွင် စျေးနှုန်းများ ကျဆင်းခဲ့သည်။ ယူကရန်းကောက်ပဲသီးနှံများကို ရေကြောင်းမှတင်ပို့ခြင်းကို ရုရှား ပိတ်ဆို့မှု ပြန်ဖွင့်ပေးခဲ့သည့် ဇူလိုင်တွင် စျေးနှုန်းများ သက်သာလာခဲ့သည်။

စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့က ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ခဲ့သော ၎င်း၏ကုန် စျေးနှုန်းအညွှန်းကိန်းတွင် စားသောက်ကုန် စည်တစ်ခြင်း၏ နိုင်ငံတကာစျေးနှုန်းများတွင် လအလိုက် အပြောင်းအလဲသည် ဒီဇင်ဘာ တွင် ၁၃၄ ဒသမ ၄ မှတ်သို့ ကျဆင်းသွား ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏  စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာကဏ္ဍ

စိုက်ပျိုးရေးသည် မြန်မာ့စီးပွားရေး၊ သက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝတည်ငြိမ်မှု အတွက် အရေးပါသော ကဏ္ဍတစ်ခုအဖြစ် ဆက်လက်ဖြစ်နေဆဲဖြစ်သည်။ ၂၀၂၀ ပြည့် နှစ်မတိုင်ခင်က စိုက်ပျိုးရေးသည် နိုင်ငံ၏ စုစုပေါင်း ထုတ်ကုန်ပမာဏ(GDP) နှင့် ကုန်သွယ်ပို့ကုန်ပမာဏ၏ ရာခိုင်နှုန်း ၃၀ နီးပါး ရှိခဲ့သည်။ စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံရှိ လုပ် သားဦးရေ၏ ရာခိုင်နှုန်း ၅၀ ခန့်ကို အလုပ် အကိုင်ပေးထားသကဲ့သို့ ကျေးလက်လူဦး ရေ၏ ရာခိုင်နှုန်း ၇၀ ခန့် မှီခိုအားထားရာ အ ဓိကအလုပ်အကိုင်ကဏ္ဍကြီးဖြစ်သည်။ စိုက် ပျိုးရေး၏ ရှေ့ပြေးနှင့်နောက်ခံချိတ်ဆက်နေ မှုများကို ထည့်သွင်းလိုက်ပါက စိိုက်ပျိုးစား နပ်ရိက္ခာစနစ်သည် စုစုပေါင်း GDP ၏ ၄၂ ရာခိုင်နှုန်းနှင့် စုစုပေါင်းအလုပ်အကိုင်အ ရေအတွက်၏ ၅၈ ရာခိုင်နှုန်း ပါဝင်နေသည်။

အဆက်မပြတ်ရင်ဆိုင်ကြုံတွေ့လာရသည့် အကျပ်အတည်းများကြောင့် စိုက်ပျိုး ရိက္ခာထွက်ကုန်ကဏ္ဍ အထူးသဖြင့် ကျေးလက် ဒေသနေ နွမ်းပါးသော ပြည်သူများ ပြင်းထန် စွာ ထိခိုက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင် ခံစာတွင် ဖော်ပြထားသည်။

တစ်ဖက်တွင် လျော့နည်းလာသည့် ဝင် ငွေနှင့် မြင့်တက်လာသည့် ကုန်စျေးနှုန်းများ ကြောင့် စားနပ်ရိက္ခာစျေးနှုန်းများနှင့် ဝယ်ယူ စားသောက်နိုင်စွမ်းကို များစွာထိခိုက်စေ သည်။

အခြားတစ်ဖက်တွင် မြင့်တက်လာသည့် သွင်းကုန်စျေးနှုန်းများ၊ အထူးသဖြင့် ဓာတ်မြေသြဇာနှင့် လောင်စာဆီစျေးနှုန်းများက စိုက်ပျိုးကုန်ထုတ်နိုင်မှုအပေါ် ထိခိုက်စေ ခြင်း၊ လယ်သမားများစွာက အရေးကြီးသည့် သွင်းအားစုများ လျှော့ချသုံးစွဲလာရခြင်း၊ အ ချို့သော အခြေအနေများတွင် စိုက်ပျိုးပမာ ဏ လျှော့ချခြင်းတို့ တွေ့ရှိရသည်။ ခြုံငုံသုံး သပ်ကြည့်ပါက စိုက်ပျိုးရေးကဏ္ဍသည် ၂၀၂၁ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းကျု့ံသွားကြောင်း ကမ္ဘာ့ဘဏ်၏ ၂၀၂၁ ခုနှစ်စစ်တမ်းအရ သိရ သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စပါး စိုက်ပျိုးမြေဧရိယာသည် ပြီးခဲ့သည့် သုံးနှစ် တာကာလနှင့် နှိုင်းယှဉ်လျှင် ၇ ရာခိုင်နှုန်း လျော့ကျသွားသည်ဟု ခန့်မှန်းခဲ့သည်။

၂၀၂၁-၂၀၂၂ ခုနှစ်တွင် ပြည်ပပို့ကုန် သီးနှံဖြစ်သော စပါးကို ဧက ၁၇ ဒသမ ၄ သန်း စိုက်ပျိုးခဲ့ပြီး အထွက်တင်းပေါင်း ၁၃၁၅ သန်း ထုတ်လုပ်နိုင်ခဲ့ကာ အခြားအရေးကြီးသီးနှံ များဖြစ်သည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့်အစေ့  ထုတ်ပြောင်းစသည့်သီးနှံမျိုးစုံတို့ကို နိုင်ငံတစ် ဝန်း စုစုပေါင်းစိုက်ဧက ၄၈ ဒသမ ၄၀ သန်းအ ထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ သီးနှံစုံထွက်ရှိသည့် ပမာဏသည် ယခင်ပုံမှန်ထွက်ရှိမှုထက် သိ သိသာသာလျော့ကျမှုမရှိဘဲ စပါးအစေ့ထုတ် ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာနှင့်ချည်မျှင်ရှည် ၀ါတို့သည်ယခင်နှစ်ထက် ပိုမိုထွက်ရှိခဲ့ကြောင်း ၂၀၂၂ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်း အနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍသည် နိုင်ငံစီးပွားရေးကို အဓိကမောင်းနှင်နေသည့် ကဏ္ဍကြီးဖြစ်ပြီး အခြားနိုင်ငံများနည်းတူ ကို ဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ရင်ဆိုင်ခဲ့ရသော်လည်း ပြည်သူများ၏ စားနပ် ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေးကို အဓိကထားကာ ပြည်တွင်းသီးနှံသားငါး ထုတ် လုပ်မှုများ ကျဆင်းမသွားအောင် နည်းလမ်း မျိုးစုံဖြင့် အဘက်ဘက်မှ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး၏ ၂၃ ဒသမ ၇ ရာခိုင်နှုန်းကို ဖြည့် ဆည်းပေးနိုင်ခဲ့ကြောင်း၊ လယ်ယာသားငါး ကဏ္ဍပို့ကုန်တန်ဖိုးအနေဖြင့် စုစုပေါင်းပို့ကုန် တန်ဖိုး၏ ၃၅ ဒသမ ၁ ရာခိုင် နှုန်းဖြစ်ကြောင်း ၊ ၂၀၂၁-၂၀၂၂ ခုနှစ် ပထမ ခြောက်လတာကာလအတွင်း ပို့ကုန်တန်ဖိုး စုစုပေါင်း၏ ၃၄ ဒသမ ၆ ရာခိုင်နှုန်း တင်ပို့ နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်စပါးစိုက်ဧက ၁၇ ဒသမ ၈ သန်းခန့်စိုက်ပျိုးပြီး အထွက်နှုန်း အနေဖြင့် တစ်နှစ်လျှင် စပါးတန်ချိန် ၂၇ သန်း ဝန်းကျင်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနကို ကိုးကားပြီး ဗဟို စာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဆန်စပါးသည် အဓိက စိုက်ပျိုးထုတ်လုပ်သည့်သီးနှံဖြစ်ပြီး သီးနှံစိုက်ပျိုးဧရိယာအားလုံး၏ ၃၄ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် စုစုပေါင်းစပါးစိုက်ဧက ၁၇ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခု နှစ်တွင် မိုးစပါးစိုက်ဧက ၁၅ သန်းခန့်နှင့် နွေ စပါးစိုက်ဧက ၂ ဒသမ ၄ သန်း၊ စုစုပေါင်းစပါး စိုက်ပျိုးဧက ၁၇ ဒမ ၄ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ သည်။

သို့သော်လည်း စပါးအဓိကစိုက်ပျိုးသည့် မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် နယ်မြေ ဒေသလုံခြုံရေးအခြေအနေများကြောင့် စပါး စိုက်ပျိုးနိုင်မှုမရှိဘဲ စိုက်ဧကလျော့ကျခြင်းနှင့် ပြည်တွင်းဆန်အထွက်လျော့ကျနေခြင်း၊ ကုန်သည်အချို့၏ စျေကစားမှုများကြောင့် ပြည် တွင်းဆန်စျေးကွက်အတွင်း ဆန်စျေးအဆမတန် မြင့်တက်လျက်ရှိသည်။

‘‘အခုဆန်စျေးက မတန်တဆစျေးတွေ ဖြစ်နေတယ်။ ဒါက Exporter တွေ ဆွဲတင် ဆွဲချလုပ်တာရယ်၊ စပါးရှားပါးတာရယ်        ကြော င့်ဖြစ်နေတာပါ။ စပါးအထွက်နှုန်းက မနှစ်က  တစ်ဧကကို တင်း ၈၀ ကျော်ထွက်တာ က ဒီ နှစ်မှာ ၃၀၊ ၄၀ ပဲထွက်တယ်။ အထွက်နှုန်း က  ထက်ဝက်လျော့တယ်’’ဟု သုံးခွမြို့နယ်မှ စပါး ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

 ‘‘ပေါ်ဆန်းအရမ်းစိုက်တဲ့ဒေသတွေမှာ နယ်မြေမအေးချမ်းလို့ တချို့ရွာတွေ စပါးတွေ မစိုက်နိုင်ကြဘူး။ စိုက်တဲ့ရွာကျပြန်တော့ လည်း အထွက်တွေကျလို့ စပါးရှားနေတယ်။  ရွှေဘိုပေါ်ဆန်းဆန်ထွက်တဲ့ နေရာတွေလေ။ ပုံမှန်အတိုင်း စိုက်တဲ့ဒေသတွေကျတော့ လည်း အထွက်ကျပြန်တယ်။ အဲဒီတော့ ဆန် ချောရော၊ ဆန်ကြမ်းရော အကုန်စျေးတက် တာ။ ဆန်စပါးစျေးကွက်က ဘာမှန်းမသိတဲ့ အခြေအနေဆိုတော့ တချို့ဆန်စက်တွေ လုပ် ငန်းမလုပ်ဘဲ ရပ်ထားတာတောင်ရှိတယ်’’ ဟု  ရန်ကုန်မြို့မှ ဆန်လုပ်ငန်းရှင်တစ်ဦးက ပြော ကြားခဲ့သည်။

သို့သော်လည်း  တစ်နိုင်ငံလုံးအတိုင်း အ တာဖြင့် ခြုံငုံသုံးသပ်မည်ဆိုပါက ပြည်တွင်းစား သုံးမှုအတွက်  ဆန်ဖူလုံမှုရှိကြောင်း၊ ဆန်စပါး အတွက် စိုးရိမ်ရန် မလိုအပ်ကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဓိကစားသောက်ကုန် ဆန်စပါး သာမ က အစားအစာအုပ်စု၊ ဆေးလိပ်နှင့် အဖျော် ယမကာအုပ်စု၊ အဝတ် အထည်၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု၊ အိမ်အသုံးအဆောင်ပစ္စည်း နှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၊ ကျန်းမာ ရေးအုပ်စု၊ သယ်ယူပို့ဆောင်ရေးအုပ်စု၊ ဆက် သွယ်ရေးအုပ်စု၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှု အုပ်စု၊ ပညာရေးအုပ်စု၊ ပြင်ပအစားအ သောက်အုပ်စု၊ အထွေထွေကုန်ပစ္စည်းအုပ်စု၊ အစားအစာမဟုတ်သောအုပ်စု စသည်ဖြင့် အထွေထွေကုန်စျေးနှုန်းများ ဆက်တိုက်မြင့် တက်နေခြင်းဖြစ်သည်။

  ■ အိမ်ထောင်စု စားနပ်ရိက္ခာ ဖူလုံမှုအခြေအနေ

ကမ္ဘာပေါ်၌ အစာရေစာလုံလောက်စွာ စားသုံးနိုင်ခြင်းမရှိသူဦးရေသည် မြင့်တက်နေ ဆဲဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စားနပ်ရိက္ခ ာမဖူလုံသူ လူဦးရေ ၈၂၈ သန်းကျော်ရှိကြော င်းနှင့် ပြီးခဲ့သည့်နှစ်နှစ်အတွင်း စားနပ်ရိက္ခာ ချို့တဲ့သူဦးရေ ၁၃၅ သန်းမှ ၁၉၃ သန်းအထိ မြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင်လယ်ယာဝင်ငွေလျော့ ကျလာခြင်း၊ စားနပ်ရိက္ခာရှားပါးလာခြင်းနှင့် စားသောက်ကုန်စျေးနှုန်းများ မြင့်တက်လာ ခြင်းတို့ကြောင့် လယ်သမားအိမ်ထောင်စုများ အကြား စားနပ်ရိက္ခာမဖူလုံမှုများ မြင့်မားလာ ကြောင်း၊ ကမ္ဘာ့ဘဏ်၏ လယ်သမားစစ်တမ်း အရ လယ်သမား အိမ်ထောင်စုများ၏ ၄၉ ရာခိုင်နှုန်းသည် ပျမ်းမျှအားဖြင့် ဝင်ငွေ ၄၃ ရာခိုင်နှုန်းအထိ လျော့ကျလာကြောင်း ဖော် ပြထားသည်။

၃၄ ရာခိုင်နှုန်းခန့်သော မိသားစုများက အစားအစာ ဖူလုံစွာ ရရှိနိုင်ရေးအတွက် စိုးရိမ် ပူပန်နေရကြောင်း ပြောဆိုခဲ့ကြသည်။ လယ် သမားအိမ်ထောင်စုများက ရိက္ခာသို လှောင် ထားနိုင်မှုနည်းပါးလာခြင်း၊ ငွေကြေး လည် ပတ်မှုခက်ခဲလာခြင်းနှင့် အစားအစာ စျေးနှုန်း များ မြင့်တက်လာခြင်း၊ အထူးသဖြင့် နို့နှင့်နို့ ထွက်ပစ္စည်း၊ အသီးအနှံနှင့် စားသုံးဆီ စျေး နှုန်းများ မြင့်တက်လာခြင်းစသည့်အခက် အခဲ များကို တင်ပြခဲ့ကြသည်ဟု ဆိုသည်။

ပြီးခဲ့့သည့် ၁၂ လတာကာလအတွင်း လယ်သမားအိမ်ထောင်စုငါးစုလျှင် တစ်စု သည် အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ကြ ရသည်။ အဆိုပါအကျပ်အတည်းများကို ရင် ဆိုင်နိုင်ရန် အိမ်ထောင်စုများသည် ငွေချေး ငှားခြင်း၊ ပိုင်ဆိုင်ပစ္စည်းများကို ရောင်းချခြင်း၊ အစားအစာ လျှော့စားခြင်းစသည့် နည်းလမ်း များကို အသုံးပြုခဲ့ကြသည်။ စားနပ် ရိက္ခာ မပြည့်စုံမှုသည် ဒေသအလိုက် ကွာခြား မှု ရှိသော်လည်း ပဋိပက္ခဖြစ်ပွားနေသည့် နယ် မြေဒေသများနှင့် ယခင်ကပင် စားနပ်ရိက္ခာ ဖူလုံမှုနည်းပါးသည့် ပြည်နယ်နှင့် တိုင်းများ တွင် ပိုမိုဆိုးရွားခဲ့ကြောင်း၊၂၀၂၁ ခုနှစ် နှစ် ကုန်ပိုင်းတွင် အစားအစာစျေးနှုန်းများ ယေ ဘုယျအားဖြင့် တည် ငြိမ်သွားသော်လည်း ယခင်နှစ်ကထက် ကြီးမြင့်နေဆဲဖြစ်ကြောင်း  ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံစီးပွားရေး အကျပ်အတည်းများရှိခဲ့  ကြောင်း၊ သို့သော် ကုန်စျေးနှုန်းကြီးမြင့်မှုမှလွဲ၍ စားသောက်ကုန်များ ပြတ်လပ်မှုမရှိခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုး တက်စေရေး အားပေးဆောင်ရွက်ခဲ့ရာ ယခု အခါ နိုင်ငံ၏စီးပွားရေးမှာ ထိုက်သင့်သလော က် ပြန်လည်တိုးတက်ကောင်းမွန်လာပြီဖြစ် သဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေးဏ္ဍမှာ ပြန် လည်ဦးမော့လာပြီဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/ ၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထား သည်။

ပြည်တွင်းမှ ထုတ်လုပ်သည့်ထုတ်ကုန် များကို အရည်အသွေးပြည့်မီရန်နှင့် အရေအတွက် ပြည့်မီအောင် ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ကုန်စျေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် စျေးကွက်တွင်လိုအပ်သည့် ကုန်ပစ္စည်း များကို ဖြည့်တင်းပေးနိုင်ရန်လိုကြောင်း၊ ကုန် ထုတ်လုပ်မှုအတွက် လိုအပ်သည့်ကုန်ကြမ်း များနှင့် သွင်းအားစုများကို စျေးနှုန်းသက်သာ စွာဖြင့် ရရှိရန်နှင့် လူသားအရင်းအမြစ်များကို လည်း လုံလောက်စွာရရှိအောင် ဆောင်ရွက် ပေးရန်လိုကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် များကို လျှော့ချပေးနိုင်မည်ဆိုပါက ကုန်စျေး နှုန်း ကျဆင်းလာမည်ဖြစ်ကြောင်း ၎င်းင်းက ဆို သည်။

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ ဒေသများအလိုက် စားနပ်ရိက္ခာများ လုံလောက်အောင် ဆောင်ရွက်မည်ဆိုပါက စျေးနှုန်းသက်သာစွာဖြင့် ပြည်သူများ နေထိုင် စားသောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စား နပ်ရိက္ခာများ ဖူလုံစေရေး ဆောင်ရွက်ကြရန်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင် စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။