ကျုံဒိုးမြို့ အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

ကျုံဒိုးမြို့ အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ
Published 16 January 2023

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုအမျိုးသားတစ်ဦး ဇန်နဝါရီ ၁၄ ရက်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၄ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ကျုံဒိုးမြို့ (၄)ရပ်ကွက် တောင်ပေါ်ကျောင်းသွားလမ်း၌ အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျုံဒိုးမြို့၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်အောင် (၆၄ နှစ်)သည် သေနတ်ဖြင့် ပစ်ခတ်ခံထားရပြီး ၎င်းစီးနင်းလာသည့် MITSUBISH မော်တော်ယာဉ်ပေါ်၌ ယာရင်အုံ၊ ဝဲနံဘေးတို့၌ ကျည်ထိမှန်ဒဏ်ရာနှစ်ချက်ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် အလောင်းအား‌ ကော့ကရိတ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Most Read

Most Recent