ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း-ကျောက်ကြီးကားလမ်းပေါ်ရှိ သံကူကွန်ကရစ် တံတားတစ်စင်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရ

ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း-ကျောက်ကြီးကားလမ်းပေါ်ရှိ သံကူကွန်ကရစ် တံတားတစ်စင်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရ
Published 16 January 2023

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် နရွဲပင်ကျေးရွာအနီး ပဲနွယ်ကုန်း-ကျောက်ကြီး ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်း ဇန်နဝါရီ ၁၄ ရက်က ဒေသန္တရလက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ  သိရသည်။

ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်၊ နရွဲပင်ကျေးရွာအနီး ပဲနွယ်ကုန်း-ကျောက်ကြီးကားလမ်းပေါ်တွင် တည်ဆောက်ထားသည့် တံတားအရှည် ၁၅ ပေ၊ အကျယ် ၁၈ ပေခန့်ရှိ တံတားအမှတ် (၁/၅) သံကူကွန်ကရစ်တံတားအား PDF များက ဒေသန္တရလက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ရာ တံတားနှင့် ကတ္တရာလမ်းအစပ်၌ ငါးလက်မခန့် ပေါက်ပြဲပျက်စီးခဲ့ပြီး လူနှင့် မော်တော်ယာဉ်များ ထိခိုက်မှုမရှိကြောင်းနှင့် မော်တော်ယာဉ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။

ထိုသို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent