ဂျပန်ယန်းငွေတန်ဖိုး အပြောင်းအလဲကြောင့် ဂျပန်ရောက်မြန်မာများအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် ပျောက်ဆုံးဒဏ်ကြေးများအတွက် ကောက်ခံမည့်နှုန်းထားများပြောင်းလဲ

ဂျပန်ယန်းငွေတန်ဖိုး အပြောင်းအလဲကြောင့် ဂျပန်ရောက်မြန်မာများအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် ပျောက်ဆုံးဒဏ်ကြေးများအတွက် ကောက်ခံမည့်နှုန်းထားများပြောင်းလဲ
Published 2 December 2022

ဂျပန်ယန်းငွေတန်ဖိုး အပြောင်းအလဲ ကြောင့် ဂျပန်ရောက်မြန်မာများအတွက် နိုင်ငံ ကူးလက်မှတ်သက်တမ်းတိုးခြင်းနှင့် ပျောက်ဆုံးဒဏ်ကြေးများအတွက် ကောက်ခံမည့်နှုန်း ထားများ ပြောင်းလဲလိုက်ကြောင်း ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၊ တိုကျိုမြို့က  သတင်း ထုတ်ပြန်ခဲ့သည်။

ဂျပန်သို့အကြောင်းအမျိုးမျိုးဖြင့် ရောက် ရှိနေသည့် မြန်မာနိုင်ငံသားများ၏ သာမန်မြန် မာနိုင်ငံကူးလက်မှတ်များသက်တမ်းတိုးရာတွင် ပြောင်းလဲကောက်ခံမည့်နှုန်းထားများနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁ ရက်တွင် အသိ ပေး ကြေညာခဲ့ခြင်းဖြစ်သည်။

နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုး လျှောက်ထားရာတွင် ယန်းငွေတန်ဖိုးအ ပြောင်းအလဲကြောင့် ငွေလဲလှယ်နှုန်းကွာခြား ချက်ရှိလာ၍ စက်ဖြင့်ဖတ်ရှုစစ်ဆေးနိုင်သည့် သာမန်မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို ယခင်က ယန်းငွေ ၃၀၀၀ မှ ယန်း ၄၀၀၀ သို့ ဒီဇင်ဘာ ၁ ရက်မှစတင်၍ ပြောင်း လဲသတ်မှတ်လိုက်သည်ဟု သံရုံးကထုတ်ပြန် သည်။

ပျောက်ဆုံးဒဏ်ကြေးကောက်ခံရာတွင် လည်း ယခင် ယန်း ၁၀၀၀၀ မှ ယန်း ၁၂၀၀၀ သို့ ဒီဇင်ဘာ ၁ ရက်မှစတင်၍ ပြောင်းလဲ ကောက်ခံမည်ဟု မြန်မာသံရုံး၊ တိုကျိုမြို့က အသိပေးကြေညာခဲ့သည်။

မြန်မာနိုင်ငံသားများ၏ သာမန်မြန်မာနိုင်ငံကူးလက်မှတ်များသက်တမ်းတိုး လျှောက် ထားမှုများအတွက် ရုံးဖွင့်ရက်များတွင် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သံရုံးသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားသည့် လျှောက်လွှာများလက်ခံခြင်း၊ နိုင်ငံကူးလက် မှတ်များ ပြန်လည်ထုတ်ပေးခြင်းတို့အပြင် ကောင်စစ်ဆိုင်ရာ အခြားကိစ္စများကိုလည်း မြန်မာသံရုံး၊ တိုကျိုမြို့က ဆောင်ရွက်ပေး လျက်ရှိကြောင်း သံရုံးကဆိုသည်။

အချက်အလက်သိရှိလို၍ ဖုန်းဖြင့်မေး မြန်းမှုများကိုလည်း မွန်းလွဲ  ၁ နာရီမှ ၃ နာရီ အတွင်းဖြေကြားပေးလျက်ရှိပြီး ရုံးချိန်အတွင်း ဖုန်းဖြင့်မေးမြန်းရန်အခက်အခဲရှိသူများ မြန် မာသံရုံး၊ တိုကျိုမြို့ကောင်စီဌာန၏ အီးမေးလ် သို့ စာပေးပို့၍ ဆက်သွယ်စုံစမ်းနိုင်သည်။

ထို့ပြင် မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် စာတိုက်မှတစ်ဆင့်ပေးပို့လျှောက်ထားမှုများ ကိုလည်း လက်ခံဆောင်ရွက်ပေးလျက်ရှိကာ လျှောက်ထားသူများအနေဖြင့် သံရုံးဝက်ဘ် ဆိုက်တွင် ဝင်ရောက်လေ့လာ၍ သတ်မှတ်အ မျိုးအစားအလိုက် လိုအပ်သည့် စာရွက်စာ တမ်း အပြည့်အစုံ ထည့်သွင်းကာ လျှောက် ထားရန်လည်း တိုက်တွန်းကြေညာခဲ့သည်။

Most Read

Most Recent