တောင်ကိုရီးယားအမျိုးသမီး K-Pop အဖွဲ့ Blackpink အဖွဲ့ဝင်လီဆာ၏ LALISA တေးသီချင်းက အဒဲလ်၏ ခုနစ်နှစ်ကြာကမ္ဘာ့ စံချိန်ကို ချိုးနိုင်ခဲ့သည်ဟု သိရသည်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၉ ရက်က ထုတ်လွှင့်ဖြန့်ချိခဲ့သည့် လီဆာ၏ LALISA သီချင်းသည် ကမ္ဘာတစ်ဝန်းလုံးတွင် လူကြိုက် များခဲ့ပြီး ယင်းသီချင်းသည် Streaming ဝန်ဆောင်မှုများ၏ စာရင်းအားလုံးတွင် K-Pop သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး တစ်ကိုယ်တော်ပွဲဦးထွက်သီချင်းအဖြစ် နိုင်ငံတကာမီဒီယာများတွင် သတ်မှတ်ဖော်ပြခဲ့ကြသည်။
လက်ရှိတွင် LALISA သီချင်းသည် ကာဇက်စတန်နိုင်ငံ၏ iTunes ဇယားတွင် နံပါတ် ၁ နေရာသို့ ရောက်ရှိခဲ့သည်။ ယင်း အောင်မြင်မှုနှင့်အတူ ထိုသီချင်းသည် နိုင်ငံပေါင်း ၁၀၃ နိုင်ငံရှိ iTunes ၏ ဇယားတွင် နံပါတ် ၁ နေရာသို့ရောက်ရှိခဲ့ပြီး စံချိန်တင်ခဲ့သည်။
အဒဲလ်၏ Easy on Me နှင့် Hello သီချင်းများသည် နိုင်ငံပေါင်း ၁၀၂ နိုင်ငံရှိ iTunes ဇယားတွင် ထိပ်ဆုံးရောက်ရှိခဲ့သော ကြောင့် လီဆာသည် အဒဲလ်၏ စံချိန်ကို ချိုးနိုင်ခဲ့ခြင်းဖြစ်သည်။