မြစ်ကြီးနားမြို့တွင် မော်တော်ယာဉ်တစ်စီးကို လုံခြုံရေးအဖွဲ့က စစ်ဆေးရာတွင် ရပ်မပေး၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လမ်းဘေးဓာတ်တိုင်ဝင်တိုက်မှုဖြစ်ပွား

မြစ်ကြီးနားမြို့တွင် မော်တော်ယာဉ်တစ်စီးကို လုံခြုံရေးအဖွဲ့က စစ်ဆေးရာတွင် ရပ်မပေး၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လမ်းဘေးဓာတ်တိုင်ဝင်တိုက်မှုဖြစ်ပွား
Published 15 November 2022
ထွန်းလင်းအောင် (မြစ်ကြီးနား)

မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက် တွင် နိုဝင်ဘာ ၁၄ ရက် ည ၇ နာရီခန့်က  လုံ ခြုံရေးအဖွဲ့က စစ်ဆေးရာတွင် မရပ်သဖြင့် အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်ကို  သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ မောင်းပြေးသဖြင့် ယင်းကားမှာ လမ်းဘေး ဓာတ်တိုင် ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သ တင်းရရှိသည်။

မိခင်တစ်ဦးသည် ကလေးငယ်နှင့်အတူ ပညာရေးကောလိပ်ဘက်မှ ပါဂျဲရိုကားကို မောင်းနှင်လာပြီး ဆိမ်ဆလမ်းထိပ်အကွေ့ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက တားမြစ်ခဲ့ကြောင်း၊ ကားမောင်းပြေးရာတွင် သေနတ်ဖြင့် လေးငါးချက်ခန့် အပေါ်ထောင်ဖောက်ရာတွင် ကားမောင်းနှင်လာသူ အမျိုးသမီးမှာ ထိတ်လန့်ကာ  မောင်းနှင်ထွက်ပြေးရာမှ   အနီးရှိ ဓာတ်တိုင်ကို ကားဖြင့် ဝင်ရောက် တိုက် မိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတာဝန်ကျသူ တစ်ဦးက ပြောကြားသည်။

၎င်းက “လုံခြုံရေးအဖွဲ့တွေက တား တော့ အမျိုးသမီးက မောင်းပြေးတာ။ ဒီဘက် ကလည်း လန့်ပြီးပစ်တာပေါ့။ မိုးပေါ်ထောင်ပစ်တာပါ။ ကားက ဓာတ်တိုင်နဲ့ တိုက်တော့ ခေါင်းပိုင်းတော့ ပိန်ထွက်သွားတယ်။ ဒဏ်ရာ တွေတော့ ရကြတာမရှိပါဘူး။ ကျန်တဲ့အပိုင်းလည်း မရှိပါဘူး”ဟု ပြောကြားသည်။

လွန်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက် နံနက် အစောပိုင်းက ကေအိုင်အို အရာရှိ ၁၃ ဦးကို ဖမ်းဆီးမိခဲ့ခြင်း၊ အောက်တိုဘာ ၃၀ ရက်က  ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်း မိုင်းပေါက်ကွဲခြင်း၊ အခြားမြို့တွင်း၊ မြို့ပြင်နေရာများတွင် မိုင်းပေါက်ကွဲခြင်းများ ဖြစ်ပွားခဲ့ပြီးနောက် မြစ်ကြီးနားမြို့တွင် စစ်ဆေးရေးများ တင်း ကျပ်လုပ်ဆောင်နေကြောင်း မြို့ခံများက ဆို သည်။