တစ်ရာသီအတွင်း လီဝန်ဒေါစကီး(၂၅)ဂိုးသွင်းလျှင် ဘိုင်ယန်မြူးနစ်အသင်း ယူရို(၁)သန်းကျော် ထပ်ရမည်

တစ်ရာသီအတွင်း လီဝန်ဒေါစကီး(၂၅)ဂိုးသွင်းလျှင် ဘိုင်ယန်မြူးနစ်အသင်း ယူရို(၁)သန်းကျော် ထပ်ရမည်
Photo: Getty Images
Photo: Getty Images
Published 2 November 2022

 

ဘိုင်ယန်မြူးနစ်အသင်းသည် ဘာစီလိုနာအသင်းတွင် လီဝန်ဒေါစကီး တစ်ရာသီအတွင်း (၂၅)ဂိုး သွင်းယူနိုင်ခဲ့ပါက စာချုပ်ပါသဘောတူညီချက်အရ ယူရို(၁.၂၅)သန်း ထပ်ရမည်ဖြစ်ကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။ 

ဘာစီလိုနာအသင်းသည် လီဝန်ဒေါစကီးကို ပြီးခဲ့သည့်နွေရာသီတွင် ယူရို(၄၅)သန်းဖြင့် ခေါ်ယူခဲ့ပြီး အပိုဆုကြေးများကိုပါထည့်တွက်ပါက ယူရိုသန်း (၅၀)အထိ ရှိမည်ဖြစ်ပြီး ယင်းအနက် (၂၅)ဂိုးသွင်းပါက ယူရို(၁.၂၅)သန်းထပ်ပေးရမည့်အချက် ပါဝင်ခြင်းဖြစ်သည်။ 

လက်ရှိအချိန်တွင် လီဝန်ဒေါစကီးသည် ပြိုင်ပွဲစုံ(၁၇)ပွဲကစားအပြီးမှာပင် (၁၈)ဂိုး သွင်းယူထားပြီဖြစ်သည်။

Most Read

Most Recent