ဂျပန် နေသူမဲ့အိမ်များက တရုတ်အတွက် အချက်ပေးခေါင်းလောင်းသံလော

ဂျပန် နေသူမဲ့အိမ်များက တရုတ်အတွက် အချက်ပေးခေါင်းလောင်းသံလော
Published 1 November 2022
ဇင်မျိုး

မကြာသေးမီက ခန့်မှန်းချက်အရ လာမည့်နှစ်တွင် ဂျပန်သည် လူမနေသောအိမ် ၁၁ သန်းခန့်ရှိလာလိမ့်မည်ဟု သိရသည်။ ထိုအရေအတွက်မှာ သြစတြေးလျအိမ်အားလုံးထက်ပင် အနည်းငယ်ပိုများသည်။ ၂၀၃၈ ခုနှစ် လောက်တွင် အလားတူခန့်မှန်းချက်အရ ဖြစ်နိုင်ခြေမှာ ဂျပန်လူနေအိမ် သုံးပုံတစ်ပုံလောက်သည် နေသူမရှိဘဲ လွတ်နေသောအိမ်များ ဖြစ်နေနိုင်သည်ဟူ၏။

လူမနေသလောက်ဖြစ်နေသည့် ကျေးလက်ဒေသရှိ ရွာများပေါများလာသည့် ဂျပန်နိုင်ငံအတွက် စိတ်ဓာတ်ကျစရာကောင်းသော အနာဂတ်ဟောကိန်းဖြစ်နေသည်ဆိုသော်လည်း တရုတ်အတွက်လည်း ပိုမိုကြီးမားသောပြဿနာကို နိမိတ်ဖတ်ပေးနေသလိုရှိသည်။

စီးပွားရေးအများစုအတွက် ‘ဂျပန်စီးပွားရေးပုံစံအတိုင်း လိုက်လံလုပ်ဆောင်ခြင်း’ (Japanification) ဆိုသည်မှာ မရေမရာ စိုးရိမ်စရာဖြစ်လာနိုင်ပြီး ထိုသို့သောစီးပွားရေးပုံစံတွင် အိမ်ခြံမြေပူဖောင်းများသည် အန္တရာယ်ကြီးသည်ဟူသော စိုးရိမ်မှုများရှိနေသည်။ ထို့အပြင်လူဦးရေအကျိုးဆက်နှင့်ပတ်သက်၍လည်း ယခုအခါဂျပန်က တရုတ်အတွက် အချက်ပေးသံဖြစ်နေသည်ဆိုသော သတိပေးမှုရှိနေသည်။

နိုမူရာသုတေသနအဖွဲ့ (NRI) က လုပ်ဆောင်သည့် “Empty Home” ဆိုသော သုတေသနသည် ဂျပန်အိမ်ခြံမြေစျေးကွက်တွင် နောက်ဆုံးလုပ်ဆောင်ထားသောသုတေသန ဖြစ်သည်။ NRI အပါအဝင် အခြားသောအဖွဲ့အစည်းများသည် ဂျပန်အိမ်ခြံမြေစျေးကွက်ကို သုတေသနပြုနေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ (ဂျပန်) စီးပွားရေးအခင်းအကျင်းသည် ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းကာ လများတွင် ဖြစ်ပေါ်ခဲ့သည့် အိမ်ခြံမြေပူဖောင်းပြိုလဲခြင်းမှ အပြည့်အဝပြန်ကောင်းမလာသေးဟု အဆိုပါသုတေသနအဖွဲ့အားလုံးက ဖော်ပြထားကြသည်။

အတွင်းသို့ ပေါက်ကွဲပွင့်ထွက်မှုကြောင့် ဖြစ်ရသည့် စိတ်ဒဏ်ရာ၊ စီးပွားရေးနာလန်ပြန်ထမှုကို အားပေးရန်ရည်ရွယ်သော တည်တည်ငြိမ်ငြိမ်မူဝါဒများနှင့် ဘဏ်များကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ရန် စည်းကမ်းထိန်းသိမ်းသူများ၏ ပျက်ကွက်မှုတို့က နာကျင်မှု၊ သိမ်ငယ်မှုနှင့် ပုံပျက်ပန်းပျက်ဖြစ်မှုတို့ကို ဖြစ်ပေါ်စေသည်။

သက်ကြီးများနှင့် လူဦးရေလျော့ကျလာမှု

အဆိုပါပြဿနာများထဲမှ ကြီးမားသောပြဿနာတစ်ခုမှာ လူဦးရေကြောင့် ပေါ်ပေါက်ရသော ပြဿနာဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးဖြင့် အနည်းငယ်ခုနှိမ်ထားခြင်းနှင့်အတူ သက်ကြီးဦးရေနှင့် လျော့နည်းလာသော လူဦးရေသည် အိမ်ရာပိုလျှံမှုအတွက် အခြေခံကျကျ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ဖိအားကို ဖန်တီးပေးနေသည်။

လူဦးရေကျဆင်းမှုကိုမျက်ကွယ်ပြုထားကာ မလိုအပ်သော သို့မဟုတ် အသုံးမဝင်သော အိမ်များကို ဖယ်ရှားရန် ပျက်ကွက်ပြီး ပြည်တွင်းအသားတင်ထုတ်ကုန် (ဂျီဒီပီ)အား ထိန်းထားရန် ဆောက်လုပ်ရေးလုပ်ငန်းကို အားပေးခဲ့သည့် ဆယ်စုနှစ်ချီအိမ်ရာမူဝါဒက လူဦးရေပြဿနာကိုပိုမိုကြီးမားစေပါသည်။

(လူမနေသည့် တစ်ပတ်ရစ်အိမ်များ၊ ငှားရန် သို့မဟုတ် ရောင်းရန်အတွက် လူမနေသော အိမ်များပါဝင်သည့်) NRI ခန့်မှန်းချက်တစ်ခု၌ ၂၀၂၃ နှင့် ၂၀၃၈ ခုနှစ်အကြားတွင် လူမနေသော အိမ်အရေအတွက်သည် နှစ်ဆတိုးလာမည်ဆိုလျှင်ပင် ဆောက်လုပ်ရေးလုပ်ငန်းကနောက်ထပ် အိမ်အသစ်ရှစ်သန်းကျော်ကို ဖြည့်စွက်မည်ဟုဖော်ပြထားသည်။

၂၀၂၃ ခုနှစ်မှစတင်၍ လူဦးရေနှင့် လူမှုဖူလုံရေးသုတေသနဆိုင်ရာ အမျိုးသားအင်စတီကျုမှကိန်းဂဏန်းများသည် အကျိုးအကြောင်းရှင်းပြရန် ပိုခက်လာတော့မည်ဟု ဖော်ပြထားသည်။

ဂျပန်လူဦးရေသည် လျော့နည်းလာသည်မှာ ဆယ်စုနှစ်တစ်ခုကြာရှိပြီဖြစ်သော်လည်း (တစ်ဦးတည်းနေသူ တိုးလာခြင်း၊ အသက်ပိုရှည်လာခြင်းတို့ကြောင့်) အိမ်ထောင်စု စုစုပေါင်းအရေအတွက် ဆက်လက်တိုးလာနေခြင်းနှင့် လာမည့်နှစ်တွင်သာလျှင် အမြင့်ဆုံး (၅၄ ဒသမ ၁၉ သန်း) ဖြစ်လာမည်ဖြစ်သောကြောင့် အိမ်ရာပိုလျှံမှုအပေါ်သက်ရောက်မှုသည် အခိုက်အတန့်အားဖြင့် လျော့ပါးနေသည်။ ထို့နောက်တွင် အိမ်ရာပိုလျှံမှု အလွန်မြင့်တက်လာမည်ဖြစ်ပြီး အိမ်စျေးအပေါ် သက်ရောက်သောအကျဘက်ဖိအား (Downward Pressur) သည် အားကောင်းလာမည်ဖြစ်သည်။

ဂျပန်ပုံစံအိမ်ရာအကျပ်အတည်းကို တရုတ် ရှောင်နိုင်မည်လော

တရုတ်အတွက် အကြီးမားဆုံးလူဦးရေဆိုင်ရာ ပြဿနာမှာ ယခုအခါ ဂျပန်ပုံစံအိမ်ရာအကျပ်အတည်းကို ရှောင်ရှားနည်းဖြစ်လာနိုင်သည်ဟု Jefferies က မကြာမီက ထုတ်ပြန်ခဲ့သော သုတေသနစာတမ်းတွင် မဟာဗျူဟာမြောက်စဉ်းစားတွေးခေါ်တတ်သူ ဆိုင်မွန်ပါဝဲလ်က ဖော်ပြထားသည်။ လူဦးရေခန့်မှန်းချက်များအပေါ် အခြေခံလျက် တရုတ်သည် နောင်လိုအပ်ချက်များကို ဖြည့်ဆည်းရန် အိမ်အလုံအလောက်ရှိထားနိုင်သည်ဟု ၎င်းက ပြောကြားသည်။

စီးပွားရေးတစ်ခုအနေဖြင့် အိမ်ဆောက်ခြင်းကိုမကြုံစဖူး အားပြုနေသည့် တရုတ်သည် လူဦးရေအနေအထားကို အလေးမထားဘဲ အိမ်သစ်များ ဆက်လက်တည်ဆောက်နေခြင်းဖြင့် ဂျပန်လို အမှားမျိုးတစ်ထပ်တည်း လုပ်မည့်အန္တရာယ်ရှိနေသည်။

ထို့နောက် အဆိုပါအန္တရာယ်က အိမ်စျေးများ သိသိသာသာပြိုလဲမှုကိုဖြစ်လာစေမည်ဖြစ်ပြီး ဂျပန် လုံးပန်းနေရဆဲ အမှားပြင်ဆင်ချက်မျိုးဖြစ်လိမ့်မည်ဖြစ်သည်။

“၁၉၉၀ တုန်းကဂျပန်နဲ့ ယနေ့တရုတ်ပြည်တို့အကြားမှာသိသိသာသာဆင်တူနေတာရှိပါတယ်။ တိုးတက်မှုအချို့ဟာ မျဉ်းဆုံးရောက်သွားပြီဆိုတာမျိုးပါ” ဟု ပါဝဲလ်က ပြောကြားသည်။ တရုတ်၏ အလုပ်လုပ်နိုင်သောအရွယ်ရှိလူဦးရေသည် စတင်ကျဆင်းလာခဲ့သည်ဟု ၎င်းက ပြောသည်။ နှစ်နိုင်ငံစလုံးမှာ ရင်းနှီးမြှုပ်နှံမှုအဆင့်ကို အမြင့်ဆုံးထားပြီး ရုပ်ပိုင်းဆိုင်ရာပစ္စည်းများ (လုပ်ငန်းသုံးအဆောက်အအုံ၊ စက်ရုံ၊ ယာဉ်စသည့်ပစ္စည်းများ) စုပုံထားခြင်းတို့ကိုအခြေခံသော ဖွွံ့ဖြိုးတိုးတက်မှုပုံစံကိုအားပြုခဲ့ကြသည်။

ပါဝဲလ်ပြောသည့် စကားတွင် ပင်မဒေါက်တိုင်နှစ်ခုရှိနေသည်။ ပထမဒေါက်တိုင်မှာ လူဦးရေပြောင်းလဲမှုနှင့် အိမ်စျေးများအကြား အလွန်အချိုးအစားမညီသည့် ဆက်စပ်မှုရှိနေခြင်းကို ဂျပန်အတွေ့အကြုံက ညွှန်းဆိုနေဆိုသောအချက်ဖြစ်သည်။

အိမ်စျေးမြင့်တက်မှုအနေအထားကို ပြောသည့်အခါ လူဦးရေတစ်ရာခိုင်နှုန်းတိုးတိုင်း အိမ်စျေးနှုန်းငါးရာခိုင်နှုန်းတိုးခြင်းနှင့် ဆက်စပ်နေသည်ဟု သုတေသနတစ်ခုက ဖော်ပြသည်။ အပြန်အလှန်အားဖြင့် လူဦးရေတစ်ရာခိုင်နှုန်း ကျဆင်းခြင်းသည် အိမ်စျေးများကို အတော်များများ ကျဆင်းစေသည်ဟု ဆိုသည်။

ဒုတိယဒေါက်တိုင်မှာ တရုတ်တွင် အိမ်ထောင်ပြုသည့်အကြောင်းနှင့် သက်ဆိုင်သည်။ တရုတ်တွင် အိမ်ထောင်ပြုခြင်းသည် ၂၀၁၃ ခုနှစ်တွင် ၁၃ ဒသမ ၅ သန်းရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင်  ၇ ဒသမ ၆ သန်းအထိ ကျဆင်းသွားသည်။ လက်မထပ်သည့် စုံတွဲများက မွေးသည့် ကလေးအချိုးရာခိုင်နှုန်း ၆၀ ခန့်အထိ မြင့်တက်နေနိုင်သော OECD (စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအဖွဲ့) နိုင်ငံများမှာကဲ့သို့ မဟုတ်ဘဲ တရုတ်သည် ဂျပန်အဆင့်၏ သုံးရာခိုင်နှုန်းအောက်နီးနီးသာရှိနိုင်သည်။

ဂျပန်တွင်ကဲ့သို့ လက်ထပ်ထိမ်းမြားမှု ပိုနည်းပါးခြင်းက အိမ်ထောင်စုဖြစ်ပေါ်မှုတွင် ရေတိုမြင့်တက်မှုကို ဖြစ်စေသည်ဆိုသော်လည်း အိမ်ထောင်ပြုမှုနည်းပါးခြင်းက ကလေးမွေးဖွားနှုန်း ဆက်တိုက်ကျဆင်းစေရန် ပိုမိုသေချာစေပါသည်။

တရုတ်လုပ်ဆောင်နိုင်သည့် အစီအမံများရှိနေပါသည်။ တရုတ်၏ ဂျပန်အတွေ့အကြုံပုံတူပွားမှုကို သိသိသာသာနှောင့်နှေးစေနိုင်သည့် အချက်များ ရှိနေပါသည်။ နှစ်နိုင်ငံစီးပွားရေး၌ သိသာသော ခြားနားမှုများ ရှိနေပါသည်။ တရုတ်၏ အိမ်ရာပူဖောင်းမှ ထွက်လာသည့် ရှူးရှူးရှဲရှဲမြည်သံသည် ပိုကျယ်လောင်သည်ဟုဆိုလျှင်ပင် အလားတူအိမ်ရာ အကျပ်အတည်းကြုံသည့်အနေအထား၌ ဂျပန် လုပ်ဆောင်ခဲ့သည်ထက် တရုတ်က ပိုမိုသာလွန်သောစီးပွားရေးတိုးတက်မှုကို ထိန်းထားသည်။

ထိုအရာက ၁၉၉၀ ပြည့်နှစ်အစောပိုင်း တွင် ဂျပန်မူဝါဒဖော်ဆောင်သူများ ကြုံခဲ့သည့်အမှားဆိုသည်ထက် တရုတ်ကို အမှားအတွက် ပိုမိုကြီးမားသောအကျိုးအမြတ်ဖြစ်စေနိုင်သည်ဟု ပါဝဲလ်က ပြောသည်။ ထိုအကျိုးအမြတ်ကို ဖြုန်းတီးမပစ်သင့်ဟု ဆိုသည်။

Ref:Financial Times

Most Read

Most Recent