၂၁ ရာစုတွင် ကစားသမားဘဝသွင်းဂိုး ၆၀၀ ပြည့်သည့်တတိယမြောက် ကစားသမားအဖြစ်လီဝန်ဒေါစကီး မှတ်တမ်းဝင်

၂၁ ရာစုတွင် ကစားသမားဘဝသွင်းဂိုး ၆၀၀ ပြည့်သည့်တတိယမြောက် ကစားသမားအဖြစ်လီဝန်ဒေါစကီး မှတ်တမ်းဝင်
Photo: Twitter
Photo: Twitter
Published 22 October 2022

 

ဘာစီလိုနာအသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးသည် ဗီလာရီးယဲလ်အသင်းနှင့်ပွဲတွင် နှစ်ဂိုးသွင်းယူခဲ့ပြီးနောက် ၂၁ ရာစုတွင် ကစားသမားဘဝ သွင်းဂိုး ၆၀၀ ပြည့်သည့် တတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ကြာသပတေးနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားသည့် လာလီဂါပွဲစဉ် (၁၀) တွင် ဘာစီလိုနာအသင်းက ဗီလာရီးယဲလ်အသင်းအား အိမ်ကွင်း၌ (၃-၀) ဂိုးဖြင့် အနိုင်ရပြီး အနိုင်ဂိုးများကို လီဝန်ဒေါစကီးက ၃၁၊ ၃၅ မိနစ်နှင့် အန်ဆူဖာတီက ၃၈ မိနစ်တွင် သွင်းယူပေးခဲ့ သည်။ 

ယခုပွဲတွင် နှစ်ဂိုးသွင်းယူခဲ့သူ လီဝန်ဒေါစကီးသည် ကစားသမားဘဝတစ်လျှောက် သွင်းဂိုးစုစုပေါင်း ၆၀၁ ဂိုးရှိလာပြီး ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း စီရော်နယ်လ်ဒိုနှင့် မက်ဆီ ပြီးလျှင် ဂိုး ၆၀၀ ပြည့်သည့် တတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ 

လီဝန်ဒေါစကီးသည် ယခုနွေရာသီတွင် ဘိုင်ယန်မြူးနစ်မှ ဘာစီလိုနာအသင်း သို့ ပြောင်းရွှေ့လာသူဖြစ်ပြီး လာလီဂါပြိုင်ပွဲ၌ ၁၀ ပွဲကစား ၁၁ ဂိုး၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ လေးပွဲကစား ငါးဂိုးသွင်းယူပေးထားသည်။

Most Read

Most Recent