■ ဥရောပစူပါလိဂ်ကို ၂၀၂၄-၂၅ ရာသီတွင် အစပြုဖွယ်ရှိဟု CEO အသစ် ပြောကြား

■ ဥရောပစူပါလိဂ်ကို ၂၀၂၄-၂၅ ရာသီတွင် အစပြုဖွယ်ရှိဟု CEO အသစ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 21 October 2022

ဥရောပစူပါလိဂ်ပြိုင်ပွဲ၏ အမှုဆောင်ချုပ်အသစ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် ဘန်းရိုင်းချတ်က ယခုပြိုင်ပွဲကို ၂၀၂၄-၂၅ ရာသီတွင် အစပြုဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ 

ဥရောပထိပ်သီးအသင်းများ ပါဝင်ယှဉ်ပြိုင်မည့် ဥရောပစူပါလိဂ်ပြိုင်ပွဲကို ပုံဖော်တော့မည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်တွင် ကြေ ညာခဲ့ပြီး ထိပ်သီးကလပ်အသင်း(၁၂)သင်း ပါဝင်ခဲ့သော်လည်း ပရိသတ်များ၏ ဆန့်ကျင်ကန့်ကွက်မှုများကြောင့် အသင်း(၉)သင်း ပြန်လည်နုတ်ထွက်သွားခဲ့ပြီး ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်တို့သာ ကျန်ရှိခဲ့သည်။ 

သို့သော် အဆိုပါအသင်း(၃)သင်းက ဥရောပစူပါလိဂ်ပြိုင်ပွဲကို အသက်သွင်းရန် ဆက်လက်ကြိုးပမ်းနေခဲ့ပြီး ယခုအခါ အားကစားနှင့် မီဒီယာလောကတွင် အတွေ့အကြုံရင့်ကျက်သူတစ်ဦးဖြစ်သည့် ဘန်းရိုင်းချတ်ကို အမှုဆောင်ချုပ်အဖြစ် ခန့်အပ်ကာ ခြေလှမ်းသစ် ထပ်လှမ်းလိုက်ခြင်းဖြစ်သည်။ 

ဘန်းရိုင်းချတ်က ဥရောပစူပါလိဂ်ပြိုင်ပွဲကို ၂၀၂၄-၂၅ ရာသီတွင် အစပြုဖွယ်ရှိသည်ဟု ပြောကြားခဲ့သလို၊ အင်္ဂလန်ကလပ်အသင်းများ ပါဝင်ရန်လိုအပ်ကြောင်း၊ အင်္ဂလန်ကလပ်အသင်းများ မပါဝင်ဘဲ မဖြစ်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent