လစာ (၂၅) ရာခိုင်နှုန်းတိုးပေးရန် ဂျော်ဂျင်ဟို တောင်းဆို

လစာ (၂၅) ရာခိုင်နှုန်းတိုးပေးရန် ဂျော်ဂျင်ဟို တောင်းဆို
Photo: Getty Images
Photo: Getty Images
Published 20 October 2022

ချယ်လ်ဆီးကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုသည် အသင်း၏စာချုပ်သစ်အတွက် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး လစာ (၂၅) ရာခိုင်နှုန်းတိုးပေးရန် တောင်းဆိုခဲ့ကြောင်း The Evening Standard သတင်းစာက ဖော်ပြခဲ့သည်။

အီတလီကွင်းလယ်လူ ဂျော်ဂျင်ဟို (၃၀ နှစ်)သည် ယခုရာသီကုန်တွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းတွင် ဆက်ရှိနေလိုကြောင်း ပြောကြားထားသည်။

သို့သော် ၎င်းသည် လက်ရှိ ချယ်လ်ဆီးအသင်းတွင် ရရှိနေသည့် တစ်ပတ်လစာ ပေါင် (၁၂၀၀၀၀)ကို (၂၅) ရာခိုင်နှုန်း တိုးမြှင့်ပေးစေလိုကြောင်း သိရသည်။

ဂျော်ဂျင်ဟိုသည် ချယ်လ်ဆီးတွင် နောက်ခံလူ အက်ဇ်ပီလီကွယ်တာကဲ့သို့ တစ်ပတ်လစာ ပေါင် (၁၅၀၀၀၀) ရရှိနေလိုခြင်းဖြစ်သည်။ 

Most Read

Most Recent