ပုသိမ်ကြီးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

ပုသိမ်ကြီးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ
Published 17 October 2022

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရမှု အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ကျေးရွာ၊ မန္တလေး-ရေတံခွန်တောင်သွားကားလမ်းမဘေးရှိ ဘီယာဆိုင်တစ်ခုတွင် ထိုင်နေသည့် ရေကြည်ကျေးရွာအုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ အမည်မသိ လူနှစ်ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းအား အသင့်ပါလာသည့် သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့်  ဦးဆန်းဝင်း၏ ညာဘက်ဂျိုစောင်း ဖောက်ဝင်ဒါဏ်ရာ၊ ဝမ်းဗိုက်ဖောက်ဝင်ဒါဏ်ရာတို့ဖြင့်ရရှိခဲ့ရာ ဆေးရုံပို့ဆောင်ကုသခဲ့သော်လည်း သေဆုံးသွားခဲ့သည်ဟု သိရသည်။

Most Read

Most Recent