■ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်

■ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်
Published 7 October 2024

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာ ၇ ရက် နံနက် လေးနာရီခန့်က မန္တလေးဆေးရုံကြီး ၌ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဆေးရုံကြီးတွင် ကင်ဆာရောဂါ ဝေဒနာကြောင့်  ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

NLD ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာဇော်မြင့်မောင် သည် ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ်ရှိပြီဖြစ်ကြောင်းသိရသည်။

ဒေါက်တာဇော်မြင့်မောင်သည် အဂတိမှုအပါအဝင် အမှုပေါင်း ၁၀ခုဖြင့် ထောင်ဒဏ်၂၉ နှစ်ကျခံလျက်ရှိရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၆-၁၀-၂၀၂၄ ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၁၀၂(၁)/၈/ကောင်စီ (၂ဝ၂၄) ဖြင့် ပြစ်ဒဏ်များအပေါ် လျော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်းနေစဉ်ထဲက ကင်ဆာရောဂါအား ခံစားနေရသူဖြစ်ပြီး ကုသမှုများအား ခံယူနေရသူဖြစ်ကာ ၂၀၂၁ ဖေဖော်ဝါရီ   ၁ ရက် တွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်ရုပ်အလောင်းအား နေအိမ်သို့ပြန်လည်ပို့ဆောင်ထားပြီးဖြစ်ကြောင်းလည်း စုံစမ်းသိရသည်။

 

Most Read

Most Recent