ချယ်လ်ဆီးအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ ပြင်သစ်နောက်ခံလူ ပါဗာကိုခေါ်ယူရန် စိတ်ဝင်စားနေဆဲဖြစ်ကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ပါဗာကို ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း သက်တမ်းတိုးရန် ကမ်းလှမ်းမှုအဆင်မပြေခဲ့ပါက ရောင်းထုတ်ရန်ပြင်ဆင်နေသည်။
ယင်းအခြေအနေအပေါ် ပါဗာက "ကျွန်တော် ဘိုင်ယန်မြူးနစ်အသင်းမှာ နောက်တစ်နှစ်မက ဆက်နေရမှာပါ။ ဒါပေမဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ မသိနိုင်ပါဘူး"ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ကူလီဘလီ၊ ဖိုဖာနာနှင့် ကူကူရာယ်လာတို့ကို ခေါ်ယူခဲ့သော်လည်း အသက်အရွယ်ရလာသည့် သီယာဂိုဆေးလ်ဗားနေရာတွင် အစားထိုးရန် ပါဗာကို မျက်စီကျနေခြင်း ဖြစ်သည်။















