လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်က မိမိအနေဖြင့် အင်္ဂလိပ်ဘာသာစကားကို လေ့လာနေဆဲဖြစ်ပြီး အသင်းတွေ့ဆုံမှုများတွင် ကလော့ပ် ၏ပြောစကားများကို နားမလည်သေးကြောင်း ဝန်ခံခဲ့သည်။
ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်သည် ယခုနွေတွင် ဘင်ဖီကာမှ လီဗာပူးလ်သို့ပြောင်းရွှေ့လာပြီး လီဗာပူးလ်တွင် ခြေစွမ်းပြရန် ရုန်းကန်နေရသူဖြစ်သည်။
ဒါဝင်နူးနက်ဇ်က "အသင်းတွေ့ဆုံမှုတွေမှာ ကလော့ပ် ပြောတာတွေကို ကျွန်တော် နားမလည်သေးပါဘူး။ ဒါကြောင့် အသင်းဖော်တွေကို ပြန်မေးရပါတယ်။ သူက ကျွန်တော်တို့ကို ယုံကြည်မှုရှိရှိ ကစားဖို့ တိုက်တွန်းလေ့ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
အသက် (၂၃) နှစ်အရွယ်ရှိ ဒါဝင်နူးနက်ဇ်သည် ယခုရာသီတွင် လီဗာပူးလ်အသင်း၌ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၈) ပွဲတွင် (၂) ဂိုးသာ သွင်းယူထားနိုင်သေးသည်။















