Ballon d'Or ကို ဘန်ဇီမာရသင့်ဟု မာနေ ထောက်ခံ

Ballon d'Or ကို ဘန်ဇီမာရသင့်ဟု မာနေ ထောက်ခံ
Photo: Getty Images
Photo: Getty Images
Published 6 October 2022

ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမား မာနေက ၂၀၂၂ Ballon d'Or  ကို ဘန်ဇီမာ ရသင့်ကြောင်း ထောက်ခံပြောကြားခဲ့သည်။

၂၀၂၂ Ballon d'Or ဆုပေးပွဲကို အောက်တိုဘာ (၁၇) ရက်တွင် ပါရီမြို့၌ ကျင်းပမည်ဖြစ်ပြီး ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာသည် ယင်းဆုအတွက် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

ယခုအခါ မာနေက ယခုနှစ်တွင် Ballon d'Or ဆုနှင့် ဘန်ဇီမာ အထိုက်တန်ဆုံးဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မာနေက ''ဒီနှစ် Ballon d'Or ဆုက ဘန်ဇီမာနဲ့ အထိုက်တန်ဆုံးလို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ရီးယဲလ်အသင်းနဲ့ ကြီးကျယ်ခမ်းနားတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူဟာ ချန်ပီယံလိဂ်ကို ရရှိခဲ့တာကြောင့် ဒီနှစ် ဆုအတွက် အထိုက်တန်ဆုံးလို့ထင်ပါတယ်။ သူ့အတွက် ကျွန်တော် ပျော်ပါတယ်'' ဟု ဆိုခဲ့သည်။

ဘန်ဇီမာသည် ပြီးခဲ့သည့်ရာသီက ရီးယဲလ်အတွက် ပြိုင်ပွဲစုံ (၄၆) ပွဲတွင် (၄၄) ဂိုး သွင်းယူပေးခဲ့သည်။ 

Most Read

Most Recent