မန်ယူအသင်း၏ ပစ္စည်းများကို ရောင်းချနေသည့် ဆိုင်ကြီးများတွင် စီရော်နယ်လ်ဒိုအမည်ပါ မန်ယူဂျာစီများမှာ ပြတ်လတ်သည်အထိ ရောင်းချနေရကြောင်း Manchester Evening News က ဖော်ပြခဲ့သည်။
ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒို (၃၇ နှစ်)သည် ယခုနွေရာသီတွင် မန်ယူအသင်းမှထွက်ခွာရန် စီစဉ်နေသော်လည်း မန်ယူပရိသတ်များသည် ၎င်း၏အမည်နှင့် ကျောနံပါတ် (၇) ပါ ဂျာစီသစ်ကို ဝယ်ယူမှု မြင့်တက်နေခြင်းဖြစ်သည်။
မန်ယူအသင်း၏ ရာသီကြိုအာရှခရီးစဉ်ကို မိသားစုကိစ္စရှိသည်ဟုဆိုကာ အကြောင်းပြပြီး လိုက်ပါခြင်းမရှိသည့် စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်အင်္ဂါနေ့က အသင်းနှင့်အတူ ရာသီသစ်အတွက် ပထမဆုံးအကြိမ် လေ့ကျင့်ခန်းပြန်ဆင်းခဲ့ကြောင်း သိရှိရသည်။
သို့သော် စီရော်နယ်လ်ဒိုသည် မန်ယူအသင်း၏အနာဂတ်နှင့်ပတ်သက်ပြီး ဇူလိုင် (၂၇)ရက်အထိ နှုတ်ဆိတ်နေဆဲဖြစ်ပြီး ဗြိတိန်မီဒီယာများက အသင်းမှထွက်ခွာလိုနေဆဲဖြစ်ကြောင်း ဖော်ပြနေကြသည်။
သို့သော် စီရော်နယ်လ်ဒိုအမည်ပါ ဂျာစီမှာ ပစ္စည်းပြတ်လပ်သည့်အထိ ရောင်းကောင်းနေပြီး မန်ယူအသင်းနည်းပြ တန်ဟက်ဂ်ကလည်း စီရော်နယ်လ်ဒိုကို ရောင်းထုတ်မည်မဟုတ်ဟု ပြောကြားထားသည်။















