ဂွန်ဒိုဂန်၊ ဂျွန်စတုန်းစ်နှင့် ဖိုဒန်တို့ မန်စီးတီးအသင်း၏ အမေရိကန်ခြေစမ်းခရီးစဉ်နှင့် လွဲချော်ခဲ့ပြီး ဂွန်ဒိုဂန်မှာ ကိုဗစ်ကာကွယ်ဆေးပြဿနာကြောင့်ဟု သတင်းထွက်

ဂွန်ဒိုဂန်၊ ဂျွန်စတုန်းစ်နှင့် ဖိုဒန်တို့ မန်စီးတီးအသင်း၏ အမေရိကန်ခြေစမ်းခရီးစဉ်နှင့် လွဲချော်ခဲ့ပြီး ဂွန်ဒိုဂန်မှာ ကိုဗစ်ကာကွယ်ဆေးပြဿနာကြောင့်ဟု သတင်းထွက်
Photo: BBC
Photo: BBC
Published 18 July 2022

မန်စီးတီးအသင်း၏ ကစားသမား (၃)ဦးဖြစ်သော ဂွန်ဒိုဂန်၊ ဂျွန်စတုန်းစ် နှင့် ဖိုဒန်တို့သည် အသင်း၏ အမေရိကန်ခြေစမ်းခရီးစဉ်နှင့် လွဲချော်ခဲ့ပြီး မန်စီးတီးယူ-၂၃ အသင်းနှင့်သာ ခရိုအေးရှားနိုင်ငံသို့ လိုက်ပါလေ့ကျင့်ခဲ့ရကြောင်း သိရသည်။

ယင်းကစားသမား(၃)ဦးမှာ အမေရိကန်နိုင်ငံသို့ ဝင်ရောက်ရန် လိုအပ်ချက်များရှိနေသည့်အတွက် ခြေစမ်းခရီးသို့ လိုက်ပါခွင့်မရခြင်းဖြစ်ကြောင်းသာ မန်စီးတီးအသင်းက ဖော်ပြခဲ့ပြီး အသေးစိတ်မဖော်ပြခဲ့ပေ။

သို့ သော် The Athletic က ဂျာမန်ကွင်းလယ်လူ ဂွန်ဒိုဂန် အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့်မရခြင်းမှာ ကိုဗစ်ကာကွယ်ဆေးပြဿနာကြောင့်ဟု ဖော်ပြခဲ့သည်။

ထို့ကြောင့် ကျန်ကစားသမားများမှာလည်း ယင်းအချက်ကြောင့်ပင် ဖြစ်ဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်ခဲ့ကြသည်။

ခရစ္စတယ်ပဲလေ့စ်အသင်းမှ ကစားသမားအချို့မှာလည်း ကိုဗစ်ကာကွယ်ဆေးပြဿနာကြောင့် သြစတြေးလျနိုင်ငံသို့ ဝင်ရောက်ခွင့်မရခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် အမေရိကန်နိုင်ငံတွင် ကလပ်အမေရိက၊ ဘိုင်ယန်မြူးနစ်တို့နှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး လာပေါ့တ်မှာလည်း ကြံ့ခိုင်မှုမပြည့်ဝ၍ လိုက်ပါနိုင်ခြင်းမရှိခဲ့ပေ။

Most Read

Most Recent