ဆာလာရဲ့ စွမ်းဆောင်ရည်နဲ့ ထိုက်တန်တဲ့ ရပိုင်ခွင့်

ဆာလာရဲ့ စွမ်းဆောင်ရည်နဲ့ ထိုက်တန်တဲ့ ရပိုင်ခွင့်
Photo : Twitter
Photo : Twitter
Published 14 July 2022
Chan Myae

ဒါဝင်နူနက်ဇ်က လီဗာပူးလ်ရဲ့သမိုင်းမှာ ဒုတိယကြေး အကြီးဆုံးကစားသမားဖြစ်ပြီး ဒီရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာတော့ အခုအချိန်အထိ လီဗာပူးလ်အသင်းရဲ့ဈေးအကြီးဆုံးခေါ်ယူမှုလည်းဖြစ်တယ်။

Saga အကြာကြီး ဖြစ်ပြီးတဲ့နောက်မှာ မိုဟာမက်ဆာလာက လီဗာပူးလ်အသင်းနဲ့ တစ်ပတ် လုပ်ခပေါင် (၃၅၀၀၀၀) တန် (၃)နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တယ်။ ပေါင် (၃၅၀၀၀၀)ဆိုတဲ့ ပမာဏက လီဗာပူးလ်အသင်းရဲ့သမိုင်းတစ်လျှောက် ကစားသမားတစ်ဦးကို လစာအများဆုံး ပေးချေခဲ့ခြင်းဖြစ်ပြီး ကလပ်အသင်းရဲ့ မူဝါဒကို ဖျက်ပြီး ပေးချေခဲ့ရတဲ့ လစာငွေလည်းဖြစ်တယ်။ လီဗာပူးလ်အသင်းဟာ အသက် (၃၀)အရွယ် ကစားသမားတစ်ဦးကို နှစ်ရှည်စာချုပ်ချုပ်ဆိုလေ့ မရှိသလို၊ စံချိန်တင်လစာငွေကိုပါ ပေးချေခဲ့ခြင်းလည်းဖြစ်တယ်။

 

Most Read

Most Recent