စီရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့မိုးလေဝသ

စီရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့မိုးလေဝသ
Photos: Getty Images
Photos: Getty Images
Published 13 July 2022
AK

ယူနိုက်တက်ရဲ့ ပြီးခဲ့တဲ့ စိတ်ပျက်စရာရာသီမှာ စီရော်နယ်လ်ဒိုဟာ ဝေဖန်သံကင်းမဲ့ဇုန်ဖြစ်ခဲ့တယ်။ ယူနိုက်တက်ပရိသတ်တွေ အပြစ်မမြင်တဲ့ တစ်ဦးတည်းသောကစားသမားလို့ဆိုရမယ်။သူက ပြိုင်ပွဲစုံ (၂၄) ဂိုးသွင်းပြီး ယူနိုက်တက်ရဲ့ဂိုးသွင်းအများဆုံး ဖြစ်ခဲ့တယ်။ သူ့နောက်က ဘရူနိုဖာနန်ဒက်စ်ဟာ (၁၀)ဂိုးပဲ သွင်းယူနိုင်ခဲ့တာပါ။ ဒီတော့ စီရော်နယ်လ်ဒိုကြောင့် ယူနိုက်တက်ရဲ့ရှိရင်း စွဲတန်ဖိုးအပေါ် သက်ရောက်မှုရှိတယ်။ အဝတ်လဲခန်းပြိုလဲမှုတွေ ရှိတယ်ဆိုလည်း စီရော်နယ်လ်ဒိုဟာ သူ့ရဲ့ အနှစ်သာရကို ပေးစွမ်းနိုင်ခဲ့တယ်။ သွင်းဂိုးတွေလေ။ စီရော်နယ်လ်ဒိုရဲ့ အနှစ်သာရဟာ သွင်းဂိုးတွေပဲမဟုတ်လား။ အိုးလ်ထရက်ဖို့ဒ်အပြန်လမ်းမှာ ချန်ပီယံလိဂ် (၁၉) ရာသီ ဆက်ကစားရတဲ့ ဂုဏ်ရည်လေး ပြိုကွဲသွားပေမဲ့ စီရော်နယ်လ်ဒိုဟာ ကိုယ်လုပ်ရမယ့်အရာ ကိုယ်အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ အသက် (၄၀) နားကပ်လာတဲ့ ကစားသမားတစ်ဦးဆီကနေ ဘာတွေထပ်မျှော်လင့်နေချင်သေးတာလဲ။ ကစားကွက်ဦးဆောင်မှုလား၊ မြန်နှုန်းမြင့် ပြေးအားတွေလား၊ ဂိုးဖန်တီးမှုတွေလား၊ အဲဒီအရာတွေအားလုံး သူထက်မြက်စွာ သရုပ်ဖော်ခဲ့ပြီးပါပြီ။

 

Most Read

Most Recent