ကျွန်တော့်နာမည် အိုဇေးလ်

ကျွန်တော့်နာမည် အိုဇေးလ်
Photos: Getty Images
Photos: Getty Images
Published 2 July 2022
Aung Naing Aung

လူ့အသိုင်းအဝန်းတစ်ခုလုံး၊ ကမ္ဘာ့ဘောလုံးအသိုင်းအဝန်းတစ်ခုလုံးက သူ့ရဲ့အောင်မြင်မှုတွေကို ရိုက်ချိုးဖျက်ဆီးခဲ့ပြီး သူ့ဘဝကို နေ့ချင်းညချင်းဆိုသလို ချောက်နက်ကြီးထဲကို တွန်းပို့ခဲ့ကြတယ်။ အိုဇေးလ်က အများညီတိုင်း "ဤ" ကို "ကျွဲ" လို့မခေါ် ခဲ့လို့လား။ အများမိုးခါးရေသောက်တိုင်း လိုက်မသောက်မိလို့လား။ အိုဇေးလ် ဘာများမှားခဲ့လို့လဲ။ လူမဆိုထားနဲ့ တိရိစ္ဆာန်တွေတောင်မှ ချည်တိုင်ကို မမေ့မလျော့ ခင်တွယ်တတ်ကြသေးတာပဲ။ လူသားတိုင်းကလည်း မိမိမွေးရပ်မြေ၊ မိမိဇာတိ၊ မိမိလူမျိုးနဲ့ မိမိဘာသာတရား အပေါ်မှာတော့ ချစ်ခင်တွယ်တာတတ်ကြတာ သဘာဝပါပဲ။ အိုဇေးလ်က သူ့ဇာတိ၊ သူ့လူမျိုး၊ သူ့ ဘာသာတရားအပေါ်မှာ ချစ်ခင်တွယ်တာတာက အမှားဖြစ်သွားလေသလား။ သူ မှန်တယ်ထင်ရာ သူပြောတာ၊ သူ မှန်တယ်ထင်တဲ့ဘက်မှာ သူ ထွက်ရပ်တာ ပြစ်မှုကြီးကျူးလွန်လိုက်တာလား။ သူ့ပြစ်မှုတွေက ဒီလောက်တောင်ပဲ ကြီးခဲ့လေသလား။ အိုဇေးလ် ဘာတွေများမှားခဲ့လေသလဲ။ ကျွန်တော်တို့ သူ့ရဲ့အတိတ်တွေဆီ ခဏသွားကြည့်လိုက်ကြရအောင်လား။

 

Most Read

Most Recent