ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ် ကမ်း) မြို့နယ်ရှိ တိုက်ခန်းတစ်ခန်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားကာ တစ်ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဇွန် ၂၇ ရက်တွင် သတင်းကြေညာသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ဇွန် ၂၆ ရက်တွင် တိုက်ခန်း တစ်ခန်းအတွင်း လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦး သေ ဆုံးပြီး အမျိုးသားနှစ်ဦးအား ထိခိုက်ဒဏ်ရာများ ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းကြေညာချက် အရ သိရသည်။
ဖြစ်စဉ်မှာဇွန် ၂၆ ရက် ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်၊ အေ(၁၀)လမ်းရှိ တိုက်(၁၆)၊ အခန်း(၄၀၂)၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက စစ် ဆေးရန် သွားရောက်ခဲ့ကြောင်း၊ ထိုသို့ သွား ရောက်စဉ် အေ (၁၀) လမ်းအတိုင်း ထွက်ပြေး လာသည့် ထန်းတပင်မြို့နယ်၊ မြစိမ်းရောင်ရပ် ကွက်နေ ကောင်းသန့်(၁၈)နှစ်ကို ဝဲယာလက် ပေါက်ပြဲဒဏ်ရာများဖြင့် လည်းကောင်း၊ တိုက် (၁၆)၊ အခန်းအမှတ်(၃၀၁)အတွင်းမှ ခုန်ချ ထွက်ပြေးသည့် ဒေါပုံမြို့နယ်၊ နွယ်အေးရပ် ကွက်နေ အောင်အောင် (၂၄)နှစ်ကို မျက်နှာ၊ ရင်ဘတ်၊ ပုခုံး၊ ဝဲဘက်လက်နှင့် ခြေထောက် တို့၌ ထိခိုက်ဒဏ်ရာများဖြင့် လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ဖော်ပြပါရှိသည်။
ထို့နောက် ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့ နှစ်ဦးနှင့်အတူ ကျော်စွာသည် တိုက်(၁၆)၊ အခန်း(၄၀၂)အတွင်း၌ လက်လုပ်မိုင်း တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ကျော်စွာမှာအခန်းအတွင်း၌ သေဆုံးကာ ၎င်း တို့နှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်းသိရှိရသဖြင့် အဆိုပါအခန်းအတွင်းဝင်ရောက် စစ်ဆေးရာကျော်စွာမှာ ခန္ဓာကိုယ် အနှံ့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေ ပြီးအခန်းအတွင်းမှ PVC ပိုက်ဖြင့် ပြုလုပ် ထားပြီးဓာတ်ခဲ နှစ်လုံး၊ Key pad ဖုန်း တစ်လုံးတို့ဖြင့် ချိတ်ဆက်ထားသည့် မပေါက်ကွဲ သေးသည့် လက်လုပ်မိုင်း တစ်လုံးအား ထပ်မံ တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ပါရှိ သည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ နှစ် ဦးအား မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေး ရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ပေးလျက်ရှိပြီး ပူးပေါင်းပါဝင် ပတ်သက်သူများအား ဆက် လက်ဖော်ထုတ်၍ အရေးယူနိုင်ရေးဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြား ရေးဝန်ကြီးဌာန၏ သတင်းကြေညာချက်အရ သည်။















