အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဖြေဆို သူ ၁၇၁၆၅ ပါး/ဦးအနက် ၁၂၉၈ ပါး/ဦး အောင်မြင်၍ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေ ဆိုသူ ၃၈၇၃၃ ပါး/ဦးအနက် ၁၅၆၁၃ ပါး/ ဦး အောင်မြင်ကြောင်း ဇွန် ၂၁ ရက်တွင် သာ သနာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန သာသနာရေးဦးစီးဌာနက ကျင်းပပြီးစီး ခဲ့သော ၁၃၈၄ (၂၀၂၂) ခုနှစ် အစိုးရဓမ္မာ စရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်စာရင်းများကို ဇွန် ၁၆ ရက်နှင့် ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ တွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီ လရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆို ခဲ့ကြရာ ဖြေဆိုသူ ၁၇၁၆၅ ပါး/ဦးအနက် မြန်မာဂုဏ်ထူးအောင် နှစ်ပါး၊ ပါဠိဂုဏ်ထူး အောင်တစ်ပါး၊ သုံးကျမ်းအောင် ၂၆၁ ပါး၊ နှစ်ကျမ်းအောင် ၄၂၄ ပါးနှင့် တစ်ကျမ်းအောင် ၆၁၀၊ စုစုပေါင်း ၁၂၉၈ ပါး/ဦး အောင်မြင်၍ ၇ ဒသမ ၅ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သာသနာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်းဖြေဆိုသူ ၅၃၈၈ ပါး/ဦး အနက် ၁၃၇၁ ပါး/ဦး အောင်မြင်၍ ၂၅ ဒသမ ၄၅ ရာခိုင်နှုန်း၊ ပထမလတ်တန်းတွင် ဖြေဆိုသူ ၆၀၇၆ ပါး/ ဦးအနက် ၂၇၂၆ ပါး/ဦး အောင် မြင်၍ ၄၄ ဒသမ ၈၇ ရာခိုင်နှုန်း၊ ပထမငယ် တန်း၌ ဖြေဆိုသူ ၁၀၈၈၀ အနက် ၂၀၅၁ ပါး /ဦး အောင်မြင်၍ ၁၈ ဒသမ ၈၅ ရာခိုင်နှုန်း၊ အခြေပြုမူလတန်းတွင် ဖြေဆိုသူ ၁၆၃၈၉ ပါး /ဦးအနက် ၉၄၆၅ ပါး/ဦး အောင် မြင်၍ ၅၇ ဒသမ ၇၅ ရာခိုင်နှုန်း၊ အတန်းအသီးသီးသို့ ဝင်ရောက်ဖြေဆိုခဲ့သူ ၃၈၇၃၃ ပါး/ဦးအနက် ၁၅၆၁၃ ပါး/ဦး အောင်မြင်၍ ရာခိုင်နှုန်းအား ဖြင့် ၄၀ ဒသမ ၃၁ ရာခိုင်နှုန်း အောင်မြင်ခဲ့ ကြောင်း သာသနာရေးဦးစီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။















