စေပိုင်ကုမ္ပဏီပိုင်ရှင် ဦး​မောင်ဝိတ်ထံမှ ​ဒေါ်လာ ငါးသိန်းခွဲ လာဘ်​ယူခဲ့သည်ဟုဆိုကာ ​ဒေါ်​အောင်ဆန်းစုကြည်အား အဂတိဖြင့် တရားစွဲထားသည့် အမှုအတွက် ​တရားလိုပြသက်​သေတစ်ဦး စစ်​ဆေး

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦး​မောင်ဝိတ်ထံမှ ​ဒေါ်လာ ငါးသိန်းခွဲ လာဘ်​ယူခဲ့သည်ဟုဆိုကာ ​ဒေါ်​အောင်ဆန်းစုကြည်အား အဂတိဖြင့် တရားစွဲထားသည့် အမှုအတွက် ​တရားလိုပြသက်​သေတစ်ဦး စစ်​ဆေး
Published 7 June 2022

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ မေရိကန်ဒေါ်လာ ငါးသိန်းခွဲ လာဘ်ယူခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှု နှစ်မှုအနက် ရာဇသတ်ကြီးအမှုအမှတ် ၃/၂၀၂၂ အတွက် တရားလိုပြသက်သေ တစ်ဦးကို စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

​​ဇွန် ၇ ရက်က ​​နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇမ္ဗူသီရိအထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

နေ့ ရုံးချိန်းတွင် စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ လာဘ်ယူခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နှင် ၄/၂၀၂၂ တို့အနက် ​​ရာဇသတ်ကြီး အမှုအမှတ် ၃/၂၀၂၂ အတွက် တရားလိုပြသက်သေ တစ်ဦးအား စစ်ဆေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဦးမောင်ဝိတ်က အလှူငွေများ ပေးအပ်စဉ် ၎င်းရှိနေသည်ဟု ထည့်သွင်းထွက်ဆိုသွားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

၂၀၁၄ ခုနှစ်တွင် စေပိုင် ဆောက်လုပ်ရေးကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပြီး လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်များကို ငွေကြေးကူညီခြင်း၊ လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် အလုပ်လုပ်နေသည့် ဒေါ်ခင်ခင်ဦးနှင့် ရင်းနှီးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် မေလခန့်တွင် ဒေါ်ခင်ခင်ဦး၏ အကူအညီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ကန်တော့ခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းကို စက္ကူလက်ဆောင်အိတ်အနက်ထဲသို့ ထည့်သွင်း၍ ဦးကျောက်ဆန်းနှင့် ဦးလှမျိုးတို့ရှေ့၌ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း ထွက်ဆိုထားသည့် ဦးမောင်ဝိတ်၏ ရုပ်သံဖိုင်အား ၂၀၂၁ ခုနှစ် မတ် ၁၇ ရက် ည ၈ နာရီတွင် MWD ရုပ်သံက သတင်းကြေညာထားသည်။

MWD ရုပ်သံက သတင်းကြေညာထားသည့် ရုပ်သံဖိုင်တွင် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကို စက္ကူလက်ဆောင်အိတ်အနက်ထဲသို့ ထည့်၍ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း အမေရိကန်ဒေါ်လာ ငါးသောင်းကို  ဒေါ်အောင်ဆန်းစုကြည်အိမ်၌ ထပ်မံပေးအပ်ခဲ့ကြောင်း၊ ဧပြီလတွင်လည်း အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲကို ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်းနှင့် ယင်းသို့ ပေးအပ်ချိန်တွင် အနားတွင် မည်သူမျှမရှိကြောင်းလည်း ဦးမောင်ဝိတ်က ထည့်သွင်း ထွက်ဆိုထားသည်။

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်၏ ထွက်ဆိုချက်များအရ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂ တို့အား ဇွန် ၁၄ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့် အဂတိအမှုများအနက် ရွှေနှင့် ဒေါ်လာများ လာဘ်ငွေအဖြစ် ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်​​ရေးဥပ​​ဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီး အမှုအမှတ်(၂)နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ငါးနှစ်ချမှတ်ထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

Most Read

Most Recent