၂၀၂၂ခုနှစ် မေလအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ ကုန်သေတ္တာတင်သင်္ဘော ၅၄စီး ဝင်ရောက်ရန် လျာထားရာ မေ ၂၃ရက်ထိ ကုန်သေတ္တာတင်သင်္ဘော ၄၂စီး ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၂ခုနှစ်၊ ဇန်နဝါရီမှ မတ်လအထိ သုံးလတာအတွင်း ရန်ကုန် ဆိပ်ကမ်းများ၌ နိုင်ငံတကာ သင်္ဘောလိုင်း များ၏ ကုန်သေတ္တာတင်သင်္ဘော၁၄ရစီး ဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာမှ ထုတ်ပြန်သော သတင်း အချက်များအရ သိရသည်။
၂၀၂၂ခုနှစ်၊ ဇန်နဝါရီမှ မတ်လအထိ သုံးလတာ အတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာ သင်္ဘောလိုင်း များ၏ ကုန်သေတ္တာတင်သင်္ဘော ၁၄ရစီး ဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာမှ ထုတ်ပြန်သော သတင်း အချက်များအရ သိရသည်။
ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များတိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်းများ၌ ၂၀၂၂ ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စီး၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၈ စီး ၊ မတ်လတွင် ကုန်သေတ္တာတင် သင်္ဘော ၅ဝစီး ဝင်ရောက်ခဲ့ ခြင်းဖြစ်သည်။
ပွင့်လင်းရာသီ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန် အတွက်လည်းကောင်း ကုန်သေတ္တာတင် သင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များ ပြန် လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော အချက်အ လက်များအရ သိရသည်။
ရန်ကုန်ဆိပ်ကမ်းများသို့ ၂၀၂၁ခုနှစ် မေလမှစတင်ကာ နိုင်ငံတကာကုန် သေတ္တာ နှင့် အထွေထွေကုန်စည် သင်္ဘောများ ပိုမို ဝင်ရောက်ခဲ့ပြီး ကုန်သေတ္တာ ၁၁ဝဝဝကျော် နှင့် အထွေထွေ ကုန်စည် ၁၁၅၀၀၀ မက်ထ ရစ်တန် ပိုမိုကိုင်တွယ်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။















