ကွန်းဖရန့်လိဂ်သည် ရိုးမားအသင်းအတွက် ချန်ပီယံလိဂ်ကဲ့သို့ ပြိုင်ပွဲမျိုးဖြစ်သည်ဟု နည်းပြ မော်ရင်ဟို မှတ်ချက်ပြု

ကွန်းဖရန့်လိဂ်သည် ရိုးမားအသင်းအတွက် ချန်ပီယံလိဂ်ကဲ့သို့ ပြိုင်ပွဲမျိုးဖြစ်သည်ဟု နည်းပြ မော်ရင်ဟို မှတ်ချက်ပြု
Photo: Twitter
Photo: Twitter
Published 23 May 2022

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက ကွန်းဖရန့်လိဂ် ပြိုင်ပွဲသည် သူ၏အသင်းအတွက် ချန်ပီယံလိဂ်ကဲ့သို့ ပြိုင် ပွဲမျိုးဖြစ်သည်ဟု အီတလီဘာသာဖြင့်တင်ဆက်သည့် UEFA ဝက်ဘ်ဆိုက်နှင့်အင်တာဗျူးတွင် ပြောကြားခဲ့ သည်။ ရိုးမားအသင်းသည် မေလ(၂၅)ရက်တွင် ယခုရာသီ မှ ပထမဆုံးအကြိမ်ကျင်းပသည့် ကွန်းဖရန့်လိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ဒတ်ချ်ကလပ် ဖီယင်နုအသင်းနှင့် အယ်လ် ဘေးနီးယားနိုင်ငံမြို့တော် တီရာနာရှိ Arena Kombetare တွင် ရင်ဆိုင်ကစားရမည်ဖြစ်သည်။

    

''ကျွန်တော်ဟာ ယုံမှားသံသယရှိစရာမလိုတဲ့ သ မိုင်းကြောင်းကို ပိုင်ဆိုင်ထားတဲ့ နည်းပြတစ်ဦးပါ။ ရိုးမား ကလည်း အသင်းကြီးတစ်သင်းဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲ ကြီးတစ်ခုမှာ တာဝန်ယူမှုအပိုင်းက အနည်းငယ်လောက် ပဲရှိတယ်လို့ ကျွန်တော် ခံစားခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေဟာ ဖြစ်နိုင်သလောက်တော့ ရောက် အောင်သွားရမယ်ဆိုတာ တဖြည်းဖြည်းသိနားလည်လာ ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်နှစ်ကျော့မှာ ပရိသတ်(၁၇၀၀၀၀) လောက်ရှေ့ ကစားခဲ့ရတာ ဂုဏ်ယူစရာပါပဲ။ ကွန်းဖရန့် လိဂ်ပြိုင်ပွဲက ကျွန်တော်တို့ရဲ့ချန်ပီယံလိဂ်ပြိုင်ပွဲပါပဲ။ ကျွန်တော်တို့ရှိနေတဲ့ အဆင့်နဲ့ ဒီပြိုင်ပွဲမှာ ကစားရတာဖြစ် ပါတယ်။ ကလပ်အသင်းဟာ ဒီလိုပွဲမျိုး(ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲကို ရည်ညွှန်း)ကို အချိန်ကာလတော်တော်ကြာ မရောက်ရှိခဲ့ပါဘူး'' ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။ 

    

ရိုးမားအသင်းသည် အသင်းသမိုင်းတစ်လျှောက် တွင် ၁၉၈၃-၈၄ ရာသီ ဥရောပဖလား(ချန်ပီယံလိဂ်)နှင့် ၁၉၉၀-၉၁ ရာသီ UEFA Cup ပြိုင်ပွဲများ၌ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သော်လည်း UEFA လက်အောက်ရှိ ပြိုင် ပွဲများ၌ တစ်ကြိမ်မျှ ဗိုလ်စွဲထားဖူးခြင်းမရှိကြောင်း သိရ သည်။ ထို့ပြင် ရိုးမားအနေဖြင့် ဆုဖလားနှင့်ဝေးကွာနေ သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်နေပြီဖြစ်ပြီး ၂၀၀၇-၀၈ ရာသီက အီတလီစူပါဖလားနှင့် ကိုပါအီတာ လီယာချန်ပီယံဆုများ ဆွတ်ခူးပြီးကတည်းက ဖလားလက် မဲ့ရာသီများကို ဆက်တိုက်ဖြတ်သန်းနေရခြင်းလည်း ဖြစ်သည်။ မော်ရင်ဟိုသည် ယခုပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်လျှင် UEFA ပြိုင်ပွဲ(၄)ရပ်စလုံးတွင် ဗိုလ်စွဲဖူးသည့် ပထမဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်နိုင်မည်ဖြစ်ပြီး သူ၏နည်းပြ မှတ်တမ်းတွင် ဗိုလ်လုပွဲ၌ ရှုံးနိမ့်ဖူးခြင်းမရှိသည့်အစဉ်အ လာကိုလည်း ပိုင်ဆိုင်ထားသည်။

Most Read

Most Recent