လီဝန်ဒေါစကီးနေရာတွင် ဟာရီကိန်းကို အစားထိုးခေါ်ယူရန် ဘိုင်ယန်အသင်းကို ဘိုတန် တိုက်တွန်း

လီဝန်ဒေါစကီးနေရာတွင် ဟာရီကိန်းကို အစားထိုးခေါ်ယူရန် ဘိုင်ယန်အသင်းကို ဘိုတန် တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 19 May 2022

လိုင်ယွန်အသင်းတွင် ကစားနေသည့် ဘိုင်ယန်မြူးနစ်နောက်ခံလူဟောင်း ဘိုတန်က အသင်းမှထွက်ခွာမည့် လီဝန်ဒေါစကီး၏နေရာတွင် ဟာရီကိန်းအား အစားထိုးခေါ်ယူရန် အသင်းဟောင်းကို တိုက်တွန်းပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ၂၀၂၃ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် လီဝန်ဒေါစကီးကို ယခုနွေတွင် ရောင်းထုတ်ဖွယ်ရှိနေပြီး ၎င်းနေရာတွင် အစားထိုးရန် တိုက်စစ်မှူး ရှာဖွေလျက်ရှိသည်။

ဘိုတန်က ''ဘိုင်ယန်မြူးနစ်အနေနဲ့ လီဝန်ဒေါစကီးနေရာ အစားထိုးဖို့ ဟာရီကိန်းကို ခေါ်ယူသင့်ပါတယ်။ ဟာရီကိန်းဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးဖြစ်ပြီး ဘိုင်ယန်အတွက် လီဝန်ဒေါစကီးနေရာ အစားထိုးဖို့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent